2 3 4 5 6 7 8 9 10

Sunday, October 16, 2011

အရာရာမှာ ခိုင်



ဆရာတော် အရှင် ဆန္ဒာဓိက ၏ ခိုင် မှ ခိုင် တရားစာအုပ်မှ ခေါင်းစဉ် အချို့ပါ။ ထိုစာအုပ် ၏ ခေါင်းစဉ် တစ်ခု နှင့် တရားတော်ကို
ရရှိသည့် မိမိ၏ အားလပ်သောအချိန်အနည်းငယ်မှ ရေးသားပေးပို့ရ၍ အနည်းငယ်မျှသာ မျှဝေလိုက်ပါတယ်။
သို့သော် ဆရာတော်၏
ဟောကြားသော တရားတော်၏ အနှစ်ချူပ်ဖြစ်၍ အားလုံး အတွက် အသုံးဝင် တန်ဖိုးရှိမည်ဟု ဆန္ဒပြုလျက်.....






ု့ဒါနမှန်သမျှ ဘာဒါနပဲပြုပြု ခိုင်မြဲတဲ့ စိတ်ထားနဲ့ပြု ၊ သီလမှန်သမျှ ဘာသီလဲ့စောင့်စောင့် ခိုင်မြဲတဲ့ စိတ်ထားနဲ့

စောင့်။ဘာဝနာ မှန်သမျှ ဘာ ဘာဝနာပဲပွားပွား ခိုင်မြဲတဲ့စိတ်ထားနဲ့ ပွား ။ ဝေယျာဝေစ္စ မှန်သမျှ

ဘာဝေယျာဝေစ္စပဲ လုပ်လုပ်၊ ခိုင်မြဲတဲ့ စိတ်ထားနဲ့လုပ်။
တရားနာတဲ့ ဓမ္မသာဝန ၊ တရားဟောတဲ့ ဓမ္မဒေသနာ၊တရားဟောတဲ့ ဓမ္မဒေသနာ၊..........စသည်အားဖြင့် ဘာကုသိုလ်ကောင်းမှုပဲ ပြုပြု၊ ခိုင်မြဲတဲ့ စိတ်ထားနဲ့သာ အမြန်ဆုံးဖြစ်အောင် ပြုမယ်၊အကောင်းဆုံးဖြစ်အောင်
ပြုမယ်ဆိုရင် ကိုယ်ပြုလိုက်သမျှ ကုသိုလ်ကောင်းမှု တိုင်းဟာ အကျိုးပေးခိုင်မြဲစေတဲ့ ကုသိုလ်ကောင်းမှုတွေ
၊ခိုင်သထက် ခိုင်စေနိုင်တဲ့ ကုသိုလ်ကောင်းမှုတွေချည်း ဖြစ်သွားတာပဲ။

ပစ္စည်းဥစ္စာ အကျိုးပေးခိုင်ဖို့အတွက်ရော ၊ရုပ်ကိုယ်ခန္ဒာ အကျိုးပေးခိုင်ဖို့အတွက်ပါ မရှိမဖြစ်အရေးကြီးတဲ့
ကုသိုလ်တစ်ခုက သီလကုသိုလ်ပါပဲ။ကိုယ်ကျင့်တရား ပေါ့နော်။ တွဲပြောရင် ကိုယ်ကျုင့်သီလပေါ့
။ ကိုယ်ကျုင့်သီလပေါ့ ။ ကိုယ်ကျင့်သီလ စောင့်ထိန်းတဲ့ နေရာမှာ ခိုင်မြဲတဲ့ စိတ်ထားရှိမှ
၊တနည်းအားဖြင့် .....ကိုယ်ကျင်သီလကို ခိုင်မြဲတဲ့ စိတ်ထားနဲ့ စောင့်ထိန်းခဲ့မှ ပစ္စည်းဥစ္စာရော
၊ရုပ်ကိုယ်ခန္ဒာပါ အကျိုးပေးခိုင်မြဲပါတယ်။

ပစ္စည်းဥစ္စာ ခိုင်မြဲဖို့အတွက် အဓိက အကျဆုံးသီလက အဒိန္နာဒါန ရှောင်ကြဉ်တဲ့ သီလ၊ မခိုးမ၀ှက်တဲ့
သီလ၊မမှန်မကန် အကြံအဖန် နည်းတွေနဲ့ စီပွားမရှာတဲ့သီလပါပဲ။ပစ္စည်းဥစ္စာ ချမ်းသာဖို့ဆိုတာက
လှူနေရုံနဲ့ မပြီးသေးပါဘူး။ မခိုးဖို့လည်း လိုပါသေး
တယ်။

မချမ်းသာရင်နေပါစေ ၊ငါဘယ်တော့မှ မခိုးဘူး ၊ မလှူနိုင်ရင်နေပါစေ ၊ငါဘယ်တော့မှ မဟုတ်တာ
မလုပ်ဘူး ဆိုတဲ့ စိတ်ထား ခိုင်
ခိုင်မာမာ နဲ့ အဒိန္နဒါန စက်ကွင်းမလွတ်တဲ့ အလုပ်မှန်သမျှကို ရှောင်ကြဉ်နိုင်ရင် ရှိသမျှ
ပစ္စည်းဥစ္စာလည်း ခိုင်မြဲသလို မရှိသေးတဲ့
ပစ္စည်းဥစ္စာတွေလဲ အများကြီး ရှိလာနိုင်ပါတယ်။

သတ်ဖြတ်ခြင်းမှန်သမျှ ညှင်းပန်းနှိပ်စက်ခြင်း မှန်သမျှ ၊ အနိုင်ကျုင့် ဗိုလ်ကျခြင်းမှန်သမျှ၊
ဖိနှိပ်ချုပ်ချယ်ခြင်းမှန်သမျှ ကို ခိုင်မာတဲ့
စိတ်ထားနဲ့ ရှောင်ရှားဖယ်ကြဉ်နိုင်ရမယ်။ မသတ်မဖြတ်၊ မညှင်းမပန်း၊ မဖိမနှိပ် ၊ မချုပ်မချယ်တဲ့
နေရာမှာ ခိုင်စိတ်ထားရှိရင် ကျန်း
မာရေးခိုင်ပါပြီ။ ရုပ်ကိုယ်ခန္ဒာ ခိုင်ပါပြီ။

ပစ္စည်းဥစ္စာ ခိုင်ရုံ ၊ရုပ်ကိုယ်ခန္ဒာ ခိုင်ရုံနဲ့လည်း ......မပြီးသေးပါဘူး။ အချစ်ရေး
ခိုင်ဖို့ ၊ အိမ်ထောင်ရေး ခိုင်ဖို့လဲလိုအပ်ပါသေးတယ်။ တစ်နည်းပြောရင် ချစ်ခြင်းမေတ္တာ
ခိုင်ဖို့ပေါ့။ ချစ်သူ၊ ခင်သူ၊ မြတ်နိုးသူ တွေနဲ့ ခွဲခွာ ကွေကွင်းရတဲ့
အဖြစ်မျိုး ၊အိမ်ထောင်ရေး ပြိုကွဲရတဲ့ အဖြစ်မျိုးတွေနဲ့ မကြုံတွေ့ရဘူးဆိုတာ ချစ်ခြင်းမေတ္တာ
ခိုင်တာပါပဲ။

ချစ်ခြင်းမေတ္တာ ခိုင်ဖို့အတွက် အဓိကအကျဆုံး သီလကတော့ ကာမေသုမေစ္ဆာစာရ ရှောင်ကြဉ်တဲ့
သီလ ၊ကာမဂုဏ် မမှားယွင်းတဲ့
သီလ ၊အချစ်ရေး မဖောက်ပြန်တဲ့ သီလ ၊ အိမ်ထောင်ရေး သစ္စာမမဲ့တဲ့ သီလပါပဲ ။

အချစ်ရေး ၊အိမ်ထောင်ရေး ၊ ကာမဂုဏ်ခံစားရေး တွေနဲ့ ပတ်သတ်ပြီး မမှားမယွင်း ၊မဖောက်မပြန်
၊ မလွန်မကဲ ၊မတိမ်းမစောင်းတဲ့
နေရာမှာ ခိုင်စိတ်ထားရှိရင် အချစ်ရေး၊ အိမ်ထောင်ရေး ခိုင်ပါတယ်။ကာမဂုဏ် မလွန်မကဲ ၊မတိမ်းမစောင်းတဲ့နေရာမှာ
ခိုင်စိတ်ထား ရှိရင် အချစ်ရေး ၊အိမ်ထောင်ရေး ခိုင်ပါတယ်။ ကာမဂုဏ် ကိစ္စ မှန်သမျှမှာ
စိတ်အလိုမလိုက် ၊စိတ်အကြိုက်မဆောင်
တဲ့ ခိုင်စိတ်ထား ရှိရင် ချစ်ခြင်းမေတ္တာခိုင်ပါတယ်။

ပစ္စည်းဥစ္စာခိုင်ရုံ၊ ရုပ်ကိုယ်ခန္ဒာခိုင်ရုံ ၊ ချစ်ခြင်းမေတ္တာခိုင်ရုံနဲ့လည်း မပြီးသေးပါဘူး။ နှုတ်ထွက်စကား ခိုင်ဖို့ ၊နှုတ်ထွက်သြဇာ ခိုင်ဖို့

လည်း လိုအပ်ပါသေးတယ်။ကိုယ်ပြောတဲ့ စကားကို သူတစ်ဖက်သားက လေးစားတာ၊ အလေးအနက်ထားတာ၊ အသိအမှတ်ပြုတာ၊ ကိုယ့်စကားအတိုင်းလိုက်နာ
ပြုကျင့်တာ၊ကိုယ်ပြောတဲ့
အတိုင်း တစ်သဝေ မတိမ်း လိုက်လုပ်တာတွေဟာ

နှုတ်ထွက်စကားခိုင်ဖို့ ၊နှုတ်ထွက်သြဇာ ခိုင်ဖို့လည်း လိုအပ်ပါသေးတယ်။ ကိုယ်ပြောတဲ့ စကားကို သူတစ်ဖက်သားက လေးစားတာ

အလေးအနက်ထားတာ၊ အသိအမှတ်ပြုတာ၊ ကိုယ်စကား အတိုင်းလိုက်နာပြုကျင့်တာ ၊ကိုယ်ပြောတဲ့ အတိုင်း တစ်သဝေမတိမ်း

လိုက်လုပ်တာတွေဟာ နှုတ်ထွက်စကား ခိုင်တာ နှုတ်ထွက်သြဇာ ခိုင်တာပါပဲ။ အလွယ်ပြောရရင် သြဇာညောင်းတာပေါ့။

နှုတ်ထွက်သြဇာခိုင်ဖို့အတွက် အဓိကအကျဆုံးသီလကတော့ မုသာဝါဒ ရှောင်ကြဉ်တဲ့ သီလ၊ လိမ်ညာမပြောတဲ့သီလ၊မဟုတ်မမှန်

လုပ်ကြီစွပ်စွဲခြင်းကင်းတဲ့ သီလပါပဲ။

ပစ္စည်းဥစ္စာခိုင်ရုံ ၊ရုပ်ကိုယ်ခန္ဒာခိုင်ရုံ ၊ချစ်ခြင်းမေတ္တာခိုင်ရုံ ၊စကားသြဇာ ခိုင်ရုံနဲ့လည်း မပြီးသေးပါဘူး။ အသိဥာဏ်ခိုင်ဖို့လည်း လို

အပ်ပါသေးတယ်။အရာရာကို သိလွယ်၊မြင်လွယ်၊နားလည်သဘောပေါက်လွယ်တာ။ မှတ်ဥာဏ်ကောင်းတာ ၊ အတွေးအခေါ်ထက်

မြက်တာ၊ ဘယ်သဘောတရားကိုမဆို ဘက်စုံထောင့်စုံကနေ နက်နက်နဲနဲထိုးထွင်းသိမြင်နိုင်တာဟာ အသိဥာဏ်ခိုင်တာပါပဲ။

အသိဥာဏ်ခိုင်ဖို့အတွက် အဓိကအကျဆုံး သီလကတော့ သူရာမေရယ ရှောင်ကြဉ်တဲ့သီလ ၊သေရည်သေရက်မသောက်တဲ့သီလ

မူးယစ်ထုံထိုင်းစေတဲ့ ဆေးဝါးတွေ မသုံးစွဲတဲ့ မသုံးစွဲတဲ့ သီလပါပဲ။

အရက်သေစာ ၊ဘီယာ၊ဆေးလိပ်၊ဘိန်းဖြူ ၊ စိတ်ကြွဆေးစတဲ့ မူးယစ်ထုံထိုင်းစေတတ်တဲ့ သောက်ဖွယ်မှန်သမျှ၊ မေ့လျောတွေသေစေတတ်တဲ့ ရုဖွယ်မှန်သမျှကို
မသောက်မရုတဲ့ နေရာမှာ
ခိုင်စိတ်ထား ရှိရင် စိတ်မမှန်ခြင်း ၊ ဥာဏ်ထိုင်းခြင်း

ကင်းပြီ အသိဥာဏ်ခိုင်ပါတယ်။

အသောက်အစားကင်း ၊အရှူအမိန်းရှင်းတဲ့ ခိုင်စိတ်ထားရှိရင် အသိဥာဏ်ခိုင်ပါတယ်။

ဝေယျာဝေစ္စကုသိုလ်မှာ ခိုင်စိတ်ထားရှိမှ ကူညီစောင့်ရှောက်မဲ့သူတွေ ခိုင်နိုင်ပါတယ်။ တရားနာတရားဟော ကုသိုလ်မှာ ခိုင်စိတ်ထားရှိမှ အကြားအမြင်ဗဟုသုတတွေ
ခိုင်နိုင်ပါတယ်။ သမထကုသိုလ်မှာ ခိုင်စိတ်ထားမှ
စိတ်ဓါတ်ရင့်ကျက်အေးချမ်းမှုတွေ

ခိုင်နိုင်ပါတယ်။ဝိပဿနာ ကုသိုလ်မှာ ခိုင်စိတ်ထားရှိမှ အသိဥာဏ်ပညာတွေ ခိုင်ပါတယ်။

နိဗ္ဖာန်ညွတ်တွား ၊ မထိပါးနှင့်

ခိုင်ငြားကုသိုလ် ၊ ခိုင်ဆုဆို၍

ခိုင်လိုတရား ၊ ခိုင်စိတ်ထားသည်

ခြောက်ပါး ခိုင်ထက် ခိုင်ရန်တည်း။ ။

အိုခြင်း၊နာခြင်း သေခြင်းအစရှိတဲ့ ဆင်းရဲဒုက္ခတွေနဲ့ လုံးဝမပတ်သတ် မဆက်ဆံတဲ့ ၊အစဉ်ထာဝရ ခိုင်မြဲတဲ့ နိဗ္ဖာန်ချမ်းသာကြီးကို

ဦးတည်ပြီးတော့ ဘာကုသိုလ်ကောင်းမှုကို မဆို ခိုင်မြဲတဲ့ စိတ်ထားနဲ့ တက်တက်ကြွကြွ တက်တက်သန်သန် ကြိုးစားအားထုတ်

နိုင်ကြပါစေ။

ကြိုးစားအားထုတ်နိုင်ကြတဲ့ အတိုင်းလည်းပဲ ၀ိပဿနာဥာဏ်တွေ အဆင့်ဆင့်ထက် ။ မဂ်ဥာဏ် ဖိုလ်ဥာဏ်တွေ အဆင့်ဆင့်တက်ပြီးတော့ အခိုင်ဆုံးဖြစ်တဲ့ နိဗ္ဖာန်ချမ်းသာကြီးကို
အမြန်ဆုံး မျက်မှောက်ပြုနိုင်ကြပါစေ လို့ဆုမွန်ကောင်းတောင်းရင်းနဲ့
ဦးဇင်းတို့ရဲ့
ခိုင်သထက်ခိုင် တရားကို ဒီနေရာမှာပဲ နိဂုံးချူပ်ပါတော့မယ်။


ဘယ်ကုသိုလ်ကောင်းမှုကိုမဆို

ခိုင်စိတ်ထားနဲ့

မြန်မြန်သွက်သွက်ပြုဖို့

ခိုင်စိတ်ထားနဲ့

ပြည့်ပြည့်စုံစုံပြုဖို့

ခိုင်စိတ်ထားနဲ့

အကွက်စေ့ထောင့်စေ့အောင်ပြူဖို့

သိပ်အရေးကြီးပါတယ်။

ဒါမှလည်း..........

အကျိုးပေးတွေမြန်သွက်၊



အကျိုးပေးတွေ ပြည့်စုံ

အကျိုးပေးတွေ

အကွက်စေ့ထောင့်စေ့ပြီး

ခိုင်သွားမှာပါ။

ခိုင်တဲ့ အလုပ်တွေကို

ခိုင်တဲ့ စိတ်ထားနဲ့

ခိုင်အောင်လုပ်ရင်

ခိုင်တဲ့ အကျိုးတွေ

ခိုင်အောင်ရပါတယ်။

ဆရာတော် အရှင်ဆန္ဒာဓီက၏( ခိုင် မှ ခိုင်) တရားစာအုပ်မှ မျှဝေလိုက်ပါတယ်။
မေတ္တာဖြင့်
ခိုင်ဆု
(မြတ်ချမ်းသာ ခိုင်ဆုကို ရည်မှန်းလျက်)
 
 
ကမ္ဘာသစ် စာစုများကို facebook တွင် မိတ်ဆွေ သူငယ်ချင်းများအား မျှဝေလိုပါလျှင် အောက်တွင် ပါရှိသော facebook like icon အား Click နှိပ်၍ အလွယ်တကူ Share လုပ်နိုင်ပါသည်။  
 

No comments:

Recent Posts

လစဉ်အလိုက် တင်ခဲ့သော ပိုစ့်များ

Popular Posts

မြန်မာ့မြေ

erer-outer'>