2 3 4 5 6 7 8 9 10

Tuesday, October 18, 2011

မှော်


“ မှော် ”

ကိုယ့်အတွေးထဲမှာ
မင်းပုံရိပ်
မြတ်နိုးစွာ
ရေးခြယ်ခဲ့ဖူးတယ် ၊

ကိုယ့်အိပ်မက်ထဲမှာ
မင်းစကားသံ
ချိုမြိန်စွာ
ကြားခဲ့ဖူးတယ် ၊

ကိုယ့်စိတ်ကူးထဲမှာ
မင်းရဲ့ ကိုယ်ငွေ့
နွေးထွေးစွာ
ရခဲ့ဖူးတယ် ၊

မမြင် မကြား မထိတွေ့ဘဲ
ကိုယ့်ရင်မှာ လွမ်းရအောင်
ဘယ်အစွမ်းနဲ့များ
မင်းပြုစားသလဲကွယ် ။

A.T

Posted by chitlay on July 7, 2010 at 11:26am 

No comments:

Recent Posts

လစဉ်အလိုက် တင်ခဲ့သော ပိုစ့်များ

Popular Posts

မြန်မာ့မြေ

erer-outer'>