2 3 4 5 6 7 8 9 10

Tuesday, October 18, 2011

ပုံပမာ

* တိမ်လွှာကိုမြင် ချစ်သူထင်မိ...
ရင်တွင်လှိုင်းထခဲ့ပါသည်။
* နေလကိုမြင် ချစ်သူထင်မိ...
ရင်တွင်တုန်လှုပ်ခဲ့ပါသည်။

* မိုးတိမ်လွှာသည်...
ရွေ့ကာလှုပ်ရှား မတည်ငြားမို့
ချစ်သူ့ စိတ်နှင့်တူပြန်သည်။

* ရေပြင်သည်လည်း ၀ဲဂယက်ကြောင့်...
အမြဲလှုပ်ရှား လှိုင်းထွေပြားနှင့်
ချစ်သူ့စိတ်နှင့်တူပြန်သည်။

* နေခြည်သည်လည်း ထွန်းတောက်ကျဲလျက်...
ရင်ထဲပူပင် သောက၀င်အောင်...
တွင်တွင်ပြုငြား ရက်စက်အားသည်
ချစ်သူ့စိတ်နှင့်တူပြန်သည်။

* လရောင်မြင်လျှင် စိတ်ကြည်လင်မိ...
ရင်တွင်အေးမြ ငြိမ်းချမ်းလှလည်း...
မိုးလေပြင်းတွင် ဂုဏ်ထွေအင်နှင့်
ပြင်မြင်စိမ်းလွန်းပြန်တကား။
* အော်.......ချစ်သူသည်....
ရေပြင် တိမ်လွှာ နေ စန္ဓာနှင့်
ပုံပမာတူနိုင်လွန်းလှပါသည်။

( 10.7.2010 )
ခင်စိုးထွဋ်
 
 
ကမ္ဘာသစ် စာစုများကို facebook တွင် မိတ်ဆွေ သူငယ်ချင်းများအား မျှဝေလိုပါလျှင် အောက်တွင် ပါရှိသော facebook like icon အား Click နှိပ်၍ အလွယ်တကူ Share လုပ်နိုင်ပါသည်။  
 

No comments:

Recent Posts

လစဉ်အလိုက် တင်ခဲ့သော ပိုစ့်များ

Popular Posts

မြန်မာ့မြေ

erer-outer'>