2 3 4 5 6 7 8 9 10

Monday, October 17, 2011

ငယ်သူငယ်ချင်း


ဘ၀ရဲ့ မိုးတိမ်တွေက
အသွင်အမျိုးမျိုး ပြောင်းခဲ့ပေါ့ ။
ငါတို့ နှစ်ယောက်ရဲ့  ငယ်ဘ၀ အိပ်မက်တွေလည်း
ဖမ်းဆုပ်လို့ မရအောင်
လွင့်ပြယ်ပျောက်ကွယ်ခဲ့ပြီကွယ် ။


ဒါပေမယ့် …
ငါ့ နှလုံးသားရဲ့ ထောင့်ချိုးတစ်နေရာမှာတော့
နင်နဲ့ ပတ်သတ်သမျှ
ပဲ့တင်ထပ်နေတုန်းပါပဲ ။


နင့် မျက်ရည်တွေက ငါ့ မျက်ဝန်းက ကျပြီး
ငါ့ မျက်ရည်တွေက နင့်မျက်ဝန်းက ကျခဲ့တယ်
ငါ့ နှလုံးသားနဲ့  နင်ရယ်မောပြီး
နင့်နှလုံးသားနဲ့  ငါရယ်မောခဲ့ရတယ် ။


တစ်ခါတစ်ခါ
နင့်ကို အရမ်းသတိရတာပဲ ။
နင်ရော ….


လွမ်းစရာတွေ ကျန်နေသေးလား ။
လှမ်းနေတာတွေ အဆင်ပြေရဲ့ လား ….။


နေလင်းဦး ( ပုသိမ် )
 

No comments:

Recent Posts

လစဉ်အလိုက် တင်ခဲ့သော ပိုစ့်များ

Popular Posts

မြန်မာ့မြေ

erer-outer'>