2 3 4 5 6 7 8 9 10

Tuesday, October 18, 2011

ကမ္ဘာသစ်အတွက် အမှတ်တရ..


ဇွန်လ (၆) ရက်နေ့အတွက် Blog Post များရေးသားထားပါရန်ဆိုသည့် စာကိုတွေ့တော့ ကျွန်မ ဘာရေးပေးလျှင်ကောင်းမလဲစဉ်းစားရင်း ခေါင်းစားရတော့သည်။ စာဖတ်တာကိုဝါသနာပါပေမယ့် စာရေးရမှာတော့ကြောက်သည်။ ဒါပေမယ့် သူငယ်ချင်းအတွက် ၊ ကမ္ဘာသစ်အတွက် တစ်ခုခုတော့ အမှတ်တရရေးပေးချင်နေမိပြန်သည်။

ကျွန်မစာကဖတ်လို့ကောင်းချင်မှကောင်းပါလိမ့်မည်။ နှစ်ပတ်လည်အတွက် အမှတ်တရတော့ ဖြစ်စေချင်မိသည်။ ဒီဆန္ဒ တစ်ခုဖြင့် ဒီ Post ကိုတင်ဖြစ်တာဖြစ်သည့်အတွက် အမှားပါလျှင် စာဖတ်သူများကို ခွင့်လွှတ်ဖို့ကြိုတင်တောင်းပန်အပ်ပါသည်။

လွန်ခဲ့သည့် တနှစ်ကျော်က ကျွန်မ သူ့ကို သူငယ်ချင်းတစ်ယောက်မိတ်ဆက်ပေးမှုကြောင့် စတင် သိခွင့်ရခဲ့ခြင်း ဖြစ်သည်။ သူငယ်ချင်းမှတဆင့် သူ့ကို ရင်းနှီးခဲ့ခြင်းဖြစ်ပြီး ကျွန်မနှင့်မိတ်ဆက်ပေးလာခြင်းဖြစ်သည်။ နောက်မှ အကြောင်းဆက်မိလို့  သိရတာက ကျွန်မအဘိုးဖြစ်သူနှင့် သူ၏ အဖေနှင့်အစ်ကိုတို့ နှင့်က မိတ်ဆွေရင်းများ ဖြစ်နေကြသည် ။သူ့ ကို စတွေ့စကတော့ သာမာန် သူလိုငါလို သူငယ်ချင်းတစ်ယောက်ထပ်ရသည် ဆိုတဲ့ အနေအထားရင်းနှီးမှုမျိုးထက်မပိုခဲ့။

တွေ့တွေ့ချင်း သတိထားမိခဲ့တာတွေတော့ရှိသည်။ ကော်ဖီဆိုင်မထိုင်ဖူးသော ၊ မထိုင်တတ်သောသူ။ စကားတွေသိပ်များများ မပြောချင် ၊ မပြောတတ်သောသူ။ စာဂျပိုးတစ်ယောက်နှင့် တူသောသူဟု။

ဒုတိယတကြိမ်ထပ်မံတွေတော့မှ သူသည် Online သရဲတစ်ယောက် ၊ စာတွေအများကြီးဖတ်ပြီး စာအုပ်ကောင်းတွေစုဆောင်းတတ်သူ တစ်ယောက် ၊ သူများကို အသိပညာတွေအများကြီးပေးချင်နေသူတစ်ယောက်မှန်းပိုသိလာရပြန်သည်။

ဒီနှစ်ကြိမ်သာသူနှင့် အပြင်မှာဆုံဖူးပြီး ယခုချိန်ထိ သူနှင့် ထပ်မဆုံဖြစ်တော့ပါ။ ဒါပေမယ့် ခုချိန်မှာ သူ့ကို အကြိမ်များစွာဆုံတွေ့ဖူးသည့် သူငယ်ချင်းများနည်းတူ နှစ်လိုစွာခင်မင်မိခဲ့ပြီ။ ဘာကြောင့်ဆို သာမာန်မိတ်ဆွေထက် ပိုသော စာပေမိတ်ဆွေအဖြစ် ထပ်မံရင်းနှီးခွင့် ရခဲ့ခြင်းကြောင့်ပင်။ သူကတော့ ကျွန်မတို့ရဲ့ ကမ္ဘာသစ်ကို အသက် သွင်းခဲ့သူ တစ်ယောက်ဖြစ်တဲ့ နန္ဒ ..

သူ ဆိုသည်က နန္ဒ ဆိုလျှင် သူ၏ နှလုံးသားကရော ။ . . . . .

ကမ္ဘာသစ် ကို သူ၏နှလုံးသား ဟု ကျွန်မကတော့တင်စားချင်ပါသည်။

သြဂုတ်လ ထဲမှာ Gmail မှာ Mail စစ်နေရင်း Come Join me on ကမ္ဘာသစ် ဟု တွေ့လိုက်ရသည်။ ထိုအချိန်ထိ ကျွန်မ Blog ဆိုတာကို မရင်းနှီးသေး ၊ နားမလည်သေး ၊ စိတ်လည်းမ၀င်စားသေး။ ဒီလိုမေးလ်းပေါင်းများစွာထပ်ဝင်လာသည့်တိုင်အောင် ကျွန်မစိတ်ကို မစွဲဆောင် နိုင်သေးပါ။

တစ်ရက် - ကျွန်မမသိသေးသည့် Blog တွေအကြောင်းကို ကျွန်မညီမထံမှ တစွန်းတစကြား လိုက်ရသည်။ ဒီတော့လည်း သိထားတာထက်ပိုသိချင်သည့်ကျွန်မ Mail ထဲကတွေ့ခဲ့ရသည့် ကမ္ဘာသစ်ကို နည်းနည်းစူးစမ်းချင်လာပြီး အောက်တိုဘာ (၂၇) ရက်နေ့မှာတော့ ကမ္ဘာသစ်ကို အလည်ရောက်ခဲ့ရပါသည်။

ကမ္ဘာသစ်ကို အလည်ရောက်ခဲ့တဲ့ကျွန်မ ကမ္ဘာသစ်ရဲ့ယုံကြည်မှုတွေအောက်မှာ အတူစီးမျောမိခဲ့ပြီ။စာပေ၀ါသနာပါသော သူငယ်ချင်းများကြောင့် အတွေးအမြင် အသိတွေ မျှဝေဖလှယ်ခွင့်ရခဲ့သည်.
ကျွန်မတို့ အတွက် တစ်ကယ့်နေရာမှန်ပါပဲ ။ အရေးအသားနှင့်အတွေးအခေါ်ကောင်းသော သူများ၏ စာများအကြောင်းအရာများကိုသာ ဖော်ပြပေးတဲ့အတွက် ကမ္ဘာသစ်မှာ စာတွေအားလုံး ဖတ်လို့ ကောင်းသည်ချည်းသာ.။ ဘယ်အကြောင်းအရာကိုဖတ်ဖတ် စာဖတ်သူများအတွက် အကျိုးကျေးဇူးရှိစေတဲ့ ..
ကမ္ဘာသစ် .. ´´ စေတနာ အသိဥာဏ်နဲ့ မေတ္တာပြည့်ဝရင် အနာဂတ်ဟာ လှပမယ် ..ဘာသာ ၊ သာသနာ ၊ စာပေ ၊ ယဉ်ကျေးမှု ၊ အနုပညာ ၊ အသိပညာ ကို တန်ဘိုးထားလေးစား တတ်သော သူငယ်ချင်းများစုဝေးရာ ´´ ဆိုသည့် ကမ္ဘာသစ်ရဲ့ ယုံကြည်မှုအတွက် နန္ဒ ပေးဆပ်ရတဲ့အခက်အခဲတွေက မသေးပေ။

Blog တွေအများကြီးကြားထဲမှာ အုတ်အရောရောကျောက်အရောရောနဲ့ ထူးမခြားနားဖြစ်မှာကိုကြောက်တဲ့သူ။ အဆိပ်အတောက်ဖြစ်စေမယ့်စာ ၊ အဖျက်အမှောင့်ဖြစ်စေမယ့်စာတွေ ၊စာဖတ်သူတွေအတွက် အကျိုးကျေးဇူးမဲ့စေမယ့် စာတွေ ပါမှာကို ကြောက်တဲ့သူ ..ဒါတွေကြောင့် Blog ရဲ့ Admin ကို သူတစ်ဦးတည်းသာစီစစ်လေတဲ့နန္ဒ ကမ္ဘာသစ်အတွက် ကိုယ်ပိုင်အချိန်တွေကို ပေးခဲ့ရတာ မနည်းလှပါ။

Blog ကိုသူများတွေထက်ထူးထူးခြားခြားဖြစ်စေချင် ၊ ကာတွန်း Post တွေတင်ပေးချင်တတ်တဲ့သူ့ရဲ့စေတနာနဲ့ ၀ါသနာကြောင့် Online သုံးစွဲခနဲ့ Scan ဖိုးတွေကလည်းမနည်းမနော။

ဒီကြားထဲ Ning ဆိုက်တွေတည်ထောင်သူများ ning.com သို့  အခကြေးငွေမပေးသွင်းရင်တည်ထောင်ထားခဲ့တဲ့ ဆိုက်တွေအားလုံး အဖျက်ခံရမယ်ဆိုသည့်သတင်းကလည်း သူ့ကို ဘယ်လိုလဲဟု စိန်ခေါ်နေသည့်နှယ်ပင်။

အချိန်အကုန်ခံ ၊ မုန့်ဖိုးပင်မကျန်အောင်ငွေကုန်ခံ ၊ လူပင်ပန်းတွေခံကာ သူကြိုးစားထားသည့် - စေတနာ ၊ ၀ါသနာ ၊ အနစ်နာတွေဖြင့် သူမြတ်နိုးလွန်းစွာ ၊ သူဖြစ်ချင်လွန်းစွာ ဖြစ်အောင်လုပ်လာခဲ့သည့် သူ့ရဲ့ နှလုံးသားအတွက် ကျွန်မကတော့ ပိုလို့တောင် ကမ္ဘာသစ်ကို တည့်တံ့စေချင်မိလာသည်။ တစ်နှစ်သားမှသည် နောင်နှစ်ပေါင်းများစွာတိုင်ရှိနေစေချင်မိသည်။

ဒါကြောင့် ကမ္ဘာသစ်ရဲ့အဖွဲ့ဝင်များအားလုံးကို ဒီ Post ကနေတစ်ခုပြောပြချင်မိသည် - သူနှင့် မခင်မင် ၊ မဆုံဖူးသည့်တိုင် သူ့နှလုံးသားနှင့် ရင်းနှီးခဲ့သူအဖွဲ့ဝင်များအနေဖြင့် ကမ္ဘာသစ်ကို တည့်တံ့အောင် ကြိုးစားပေးစေချင်ပါသည်။

ခင်မင်လျက်
K Kay

Posted by K Kay on June 6, 2010 at 10:01am 

ကမ္ဘာသစ် စာစုများကို facebook တွင် မိတ်ဆွေ သူငယ်ချင်းများအား မျှဝေလိုပါလျှင် အောက်တွင် ပါရှိသော facebook like icon အား Click နှိပ်၍ အလွယ်တကူ Share လုပ်နိုင်ပါသည်။  

No comments:

Recent Posts

လစဉ်အလိုက် တင်ခဲ့သော ပိုစ့်များ

Popular Posts

မြန်မာ့မြေ

erer-outer'>