* အနာဂတ်မဲ့၊နေ့ရက်များစွာ
နာကျဉ်အေးစက်၊ခံစားချက်မဲ့ဘ၀တစ်ခု
နွေးထွေးမှု အင်အားတစ်စု၊
ပေးအပ်ခဲ့သူ.......
* ဝေးကွာသော်လည်း၊စိတ်ဝယ်စွဲမိ
လေ၀ယ်ပျံလွင့်၊အမြဲကြားမိ
လွမ်းဖွယ်သံဇဉ်၊ ချိုကြည်မက်ဖွယ်
ဆွဲမက်စေသူ..........
* မျက်ဝန်းမှိတ်စဉ်၊အရိပ်ရယ်ထင်
မေ့ဖျောက်မရ၊ပုံရိပ်များစွာ
သိမ်းဆည်းထားလျက်၊တိတ်ဆိတ်မြိုသိပ်
ဖြေသိမ့်ရသည်မှာ၊ထာဝရမို့သာ........
ကြွေကွဲလွမ်းဆွတ်လျက်ပါ။
Posted by khin soe htut on February 17, 2010 at 7:30am
ကမ္ဘာသစ် စာစုများကို facebook တွင် မိတ်ဆွေ သူငယ်ချင်းများအား မျှဝေလိုပါလျှင် အောက်တွင် ပါရှိသော facebook like icon အား Click နှိပ်၍ အလွယ်တကူ Share လုပ်နိုင်ပါသည်။
No comments:
Post a Comment