တရားခံတောင် သက်သေမရှိရင်
သံသယအကျိုးကို ခံစားခွင့်ရှိပါတယ် ။
တရားခံမဟုတ်ကြောင်း သက်သေရှိရက်နဲ့
တရားစီရင်ခြင်း ခံခဲ့ရပါတယ် ။
ရက်စက်ခြင်းရုံးတော် မာယာတရားသူကြီးရှေ့မှောက်မှာပါ ။
စွဲချက်က ၁၅၀၀ကို
မတောင်းပဲ ပေးခဲ့မိလို့တဲ့ ။
သစ္စာရှေ့နေ့က ခုခံချေပခဲ့ပေမယ့်
အမှုရှုံးနိမ့်သွားခဲ့ပါတယ် ။
ပြစ်ဒဏ်က ဝေဒနာထောင်ထဲမှာ
ရက်အကန့်အသတ်မရှိပါ ။
ထောင်ထဲမှာ ကျွန်တော်တစ်ယောက်တည်းမဟုတ် ပါဘူး
ခံစားချက်အဖော်တွေနဲ့ပါ ။
တခါတလေ ခံစားချက်အဖော်တွေက
ဝိုင်းပြီးထိုးကြိတ်လို့ ၀မ်းနည်းခြင်းမျက်ရည်ကျရတဲ့ အထိပါပဲ ။
ကျွန်တော်ထွက်ပြေးဖို့နည်းလ မ်း စဉ်းစားပေမဲ့
ဒဏ်ရာအစောင့်တွေက အများကြီးပါ ။
တစ်ညတော့ ဒဏ်ရာအစောင့်တွေအိပ်ပျော်နေ တုန်း
လူတစ်ယောက် အချုပ်ခန်းတံခါးလာဖွင့်ပေးတ ယ် ။
ကယ်တင်ရှင်နာမည်က ကိုသတိတဲ့ ။
ကျွန်တော့်ကို အချုပ်ခန်းတံခါးဖွင့်ပေးပြီး
ဒဏ်ရာအစောင့်တွေ မနိုးခင်ပြေးတော့လို့
ကိုသတိက ပြောလိုက်ပါတယ် ။
ကျွန်တော်ပြေးထွက်လာခဲ့တယ်
တောအုပ်တစ်ခုကို တွေ့တယ်
တောအုပ်နာမည်က အတိတ်ဆိုးတဲ့ ။
ဒဏ်ရာအစောင့်တွေ လက်ကလွတ်အောင်
ဒီအတိတ်ဆိုးတောအုပ်ကို ကျွန်တော်ဖြတ်ရတော့မယ် ။
မှောင်နေတော့ ပြေးရင်းလွှားရင်း
အတိတ်ဆိုးတောအုပ်ထဲမှာ အလဲလဲအပြိုပြိုပါပဲ ။
ရောင်နီလာတော့ လွတ်မြောက်ခြင်းနယ်မြေကို
ကျွန်တော်ခြေချမိပြီ ။
အမှန်တရားနေမင်းက မနက်ခင်းကိုသယ်ဆောင်လာတယ်
အိပ်ပျော်နေတဲ့ ပျော်ရွှင်ခြင်းပန်းတွေလဲ
စတင်နိုးထလာကြတယ် ။
ရှေ့နားမှာ အနာဂတ်လမ်းကလေးကို
လှမ်းမြင်နေရပါတယ် ။
မလျှောက်ခင် အားအင်သစ်စမ်းရေတွေကို
ကျွန်တော်သောက်လိုက်တယ် ။
အနာဂတ်လမ်းကလေးပေါ် ခြေအချမှာ
လူတစ်ယောက် လှမ်းခေါ်သံကြားလိုက်ရတယ် ။
ဒီလူက သူ့ကိုယ်သူမိတ်ဆက်ပါတယ်
နာမည်က ကိုမျှော်လင့်ချက်ပါ ။
သူနဲ့အတူတူ အနာဂတ်လမ်းပေါ်မှာခရီးဆက်ရင်း
ရုတ်တရက် မေတ္တာမိုးတွေရွာလာတယ် ။
ကိုမျှော်လင့်ချက်က တိုးတိုးလေးကပ်ပြောလိုက်တယ်
ရှေ့နားမှာ လူတစ်ယောက်စောင့်နေလိမ့်မယ် တဲ့ ။
ဘယ်သူလဲဆိုတာ ကျွန်တော်သိခွင့်ရှိမလားမေး လိုက်ပါတယ်
နားလည်မှုဝတ်ရုံ ဆင်မြန်းထားတဲ့
ဖူးစာရှင်မိန်းကလေး မေတ္တာမိုးထဲမှာ
အကြင်နာထီးကိုင်ပြီး ကျွန်တော့်ကိုစောင့်နေလိမ့် မယ်တဲ့ ။ ။
( သန်းထွန်းလင်း )
ကမ
္ဘာသစ် စာစုများကို facebook တွင် မိတ်ဆွေ သူငယ်ချင်းများအား
မျှဝေလိုပါလျှင် အောက်တွင် ပါရှိသော facebook like icon အား Click နှိပ်၍
အလွယ်တကူ Share လုပ်နိုင်ပါသည်။
No comments:
Post a Comment