နေခဲ့ ပါတယ်..
တကယ်တော့ကျွန်မဟာနယ်ကနေရန်ကုန်မှာကျောင်းလာတက်ရာကနေပြီးရန်ကုန်မှာအနေကြာလာခဲ့ပါတယ်.
ကျောင်းတက်တုန်းကလဲနယ်ကိုခဏတဖြုတ်လောက်ပဲပြန်ဖြစ်ပါတယ်..ကျောင်းပိတ်ချိန်လောက်ပဲပေါ့..
အိမ်ပြန်ရောက်ပြီးသိပ်မကြာခင်ရန်ကုန်ပြန်သွားရတာပါပဲ..
ကျောင်းပြီးတော့လဲရန်ကုန်မှာပဲအလုပ်လုပ်ဖြစ်တော့ကျွန်မတစ်ယောက်ရန်ကုန်မှာပဲနေသားကျခဲ့ ပါတယ်..
တခါတလေအိမ်ပြန်ရင်တောင်ကိုယ့်ကိုကိုယ်ဧည့်သည်လိုလိုဘာလိုလိုဖြစ်နေခဲ့ပါတယ်..
အိမ်နဲ့ အနေဝေးခဲ့ ရတာကြာလာတော့တွေ့ ဆုံရတဲ့ သူငယ်ချင်းတွေလုပ်ဖော်ကိုင်ဖက်တွေကိုပဲမိသားစု
ဝင်လိုခင်မင်တွယ်တာတတ်လာခဲ့ ပါတယ်..ခံစားလွယ်တဲ့ ကျွန်မဟာအလွယ်တကူလည်းယုံကြည်တတ်တယ်ထင်ပါရဲ့ ..
ဘာလို့ လဲဆိုတော့ကျွန်မရဲ့ သူငယ်ချင်းတွေကိုရောလုပ်ဖော်ကိုင်ဖက်တွေကိုပါယုံကြည်စွာခင်မင်
တတ်တာကိုး..ဒါပေမဲ့ကျွန်မရဲ့ ကံကလည်းကောင်းနေသေးတယ်ထင်ပါရဲ
့.သူငယ်ချင်းတွေကလည်းကျွန်မအထင်အေးအေးနေတတ်သူတွေများပါတယ်..ကျောင်းတက်တုန်းကခင်မင်ခဲ
့ရတဲ့သူငယ်ချင်းတွေရော..လုပ်ငန်းခွင်ကလုပ်ဖော်ကိုင်
ဖက်တွေတော်တော်များများနဲ့ ပါအဆင်ပြေပါတယ်..
ကျွန်မတို
့အလုပ်က၀န်ထမ်းတွေအတွက်နေစရာပေးပါတယ်..အားလုံးကလဲအရွယ်တွေကသိပ်မကွာကြတော့တော်တော်လေးပျော်ဖို
့ကောင်းပါတယ်..ပြောလိုက်ဆိုလိုက်..ချက်ပြုတ်စားလိုက်နဲ
့နေလာကြရင်းသံယောဇဉ်တွေ
ဖြစ်လာခဲ့ ကြတယ်..အတူနေလာတာကြာလာတော့ညီအစ်မတွေလိုဖြစ်လာကြပါတယ်..အချင်းချင်းသူငယ်ချင်းလိုခင်ကြသလို
ညီအစ်မတွေလိုလဲရိုသေသင့်သူကိုရိုသေကြပါတယ်..
ကျွန်မရဲ့ ဆိုးရွားလှတဲ့ အကျင့်ဆိုးကတော့အိပ်ရေးမ၀ရင်အရမ်းဒေါသထွက်တတ်တာပါပဲ..အိပ်နေချိန်မှာများ
လာနိုးရင်စိတ်ဆိုးလို
့မပြီးတော့ပါဘူး.ပိုပြီးဆိုးတာကကျွန်မအရမ်းအအိပ်ဆတ်တာပါပဲ..ဘာသံပဲကြားကြားကျွန်မအိပ်ရာကနိုးတတ်ပါတယ်..ဘယ်လောက်များဆိုးလဲဆိုရင်မီးပျက်သွားချိန်မှာများအိပ်ပျော်သွာ
းရင်မီးခလုတ်မပိတ်မိတတ်ဘူးလေ..အဲ..မီးပြန်လာတဲ
့အချိန်မှာဖြတ်ခနဲမြည်သွားတဲ့ အသံနဲ
့တင်ကျွန်မနိုးလာပြီးပြန်အိပ်မရတာတွေလဲမနည်းတော့ပါဘူး..နောက်ထပ်အကျင့်ဆိုးတစ်ခုကနောက်တစ်နေ
့အလုပ်မရှိရင်ညဖက်မှာကျွန်မမအိပ်ပဲလုပ်ချင်ရာလုပ်နေတတ်ပါတယ်..နောက်တစ်နေ
့ဆိုထမင်းတောင်ထစားဖို
့စိတ်ကူးကျွန်မမှာမရှိပါဘူး..တစ်နေကုန်အိပ်နေတော့တာပါပဲ..
အဲဒီလိုပြဿနာရှိတတ်တဲ့ ကျွန်မအတွက်အခန်းဖော်ဟာအရမ်းကိုအရေးကြီးတဲ့ လူတစ်ယောက်ဖြစ်လာပါတယ်..
ဟုတ်တယ်လေ..တစ်ခန်းနှစ်ယောက်နေရတာ.ကိုယ်အိပ်နေချိန်မှာသူကဆူညံနေရင်သွားပြီ..အိပ်ရေးမ၀ရင်ဒေါသထွက်တတ်တဲ
့ကျွန်မနဲ့ တော့ဘယ်လိုမှအဆင်မပြေနိုင်ပါ...
ကံတရားကိုကျွန်မအရမ်းကျေးဇူးတင်မိတာကကျွန်မအခန်းဖော်သူငယ်ချင်းအကောင်းစားလေးကိုကျွန်မဆီပို့ ပေးလိုက်တာပါပဲ..
ကျွန်မရဲ့အခန်းကG-12 ပါ..အဲဒီအခန်းကိုကျွန်မရောက်ပြီး ၃ ရက်အကြာမှာခိုင်ဟာကျွန်မရဲ့ အခန်းဖော်အဖြစ်ရောက်ရှိလာပါတယ်..
ခိုင့် ကိုမြင်မြင်ချင်းကျွန်မမှတ်ချက်ချမိတာကတော်တော်ချောတဲ
့မိန်းကလေးဆိုတာပါပဲ..ခိုင့် ဆံပင်ကတော်တော်ရှည်ပါတယ်..အုံကောင်းကောင်းနဲ
့မည်းနက်တောက်ပြောင်နေတဲ့ ခိုင့် ဆံပင်ရှည်တွေမြင်ကတည်းကကျွန်မခိုင်
့ကိုသဘောကျခင်မင်သွားခဲ့ ပါတယ်..ခိုင့် မျက်နှာကလည်းကြည်ကြည်လင်လင်နဲ
့အေးချမ်းမှုရှိတယ်လို့ ကျွန်မထင်မိတယ်..မြင်မြင်ချင်းမှာကျွန်မရဲ
့အခန်းဖော်ကိုအမှတ်ပြည့်ကိုပေးနေမိပါတယ်..
ခိုင်ကအနည်းငယ်စူးစမ်းသလိုတချက်ကြည့်ပြီးကျွန်မကိုပြုံးပြပါတယ်..ကျွန်မကခိုင့်ပစ္စည်းတွေကိုကူပြီးနေရာချပေးနေပါတယ်..ကျွန်မတို
့နှစ်ယောက်ပစ္စည်းတွေနေရာချရင်းအချိန်၂
နာရီလောက်တော့ကြာသွားပါတယ်..မှတ်မှတ်ရရအဲဒီနေ
့ကကျွန်မခိုင့်ကိုကြိုဆိုနှုတ်ဆက်တဲ့ စကား၊မိတ်ဆက်စကားတောင်မပြောမိခဲ
့ပါဘူး..ကျွန်မဆိုတာအဲလိုလူမှုရေးကျမ်းကျေတာပါ..အဲဒီအချိန်တုန်းကတော့ခိုင့်စိတ်ထဲဘယ်လိုရှိမလဲကျွန်မမတွေးမိပါဘူး.သူ့ပစ္စည်းတွေကိုသာနေသားတကျဖြစ်အောင်သာနေရာချပေးနေမိပါတယ်နောက်ပိုင်းမှာခိုင်ကအဲဒီိအကြောင်းကိုခဏခဏပြောတတ်ပါတယ်..ပြန်ပြောတိုင်းလဲ"ငါ
့ရွှေမင်းသမီးကအဲလိုမျိုး" လို့ ပြောပြီတွေ့ တဲ့ ပစ္စည်းနဲ
့ကျွန်မကိုပစ်ပေါက်တတ်ပါတယ်..
ဒီလိုနဲ့ ခိုင်နဲ
့ကျွန်မဟာအတစ်ခန်းထဲအတူနေပြီးသူငယ်ချင်းလိုရော၊ညီအစ်မလိုပါရင်းနှီးလာခဲ့ပါတယ်..အတူနေတာကြာလာတော့တစ်ယောက်အကြောင်းတစ်ယောက်ပိုသိလာပါတယ်..ကောင်းတဲ
့အကျင့်ရောမကောင်းတဲ
့အကျင့်တွေကိုပါသိလာရတာပေါ့လေ.ခိုင်ကတော့သိပ်မကြာခင်မှာပဲကျွန်မရဲ
့ဆိုးရွားလှတဲ့ အကျင့်ကိုသိခွင့် ရခဲ
့တာပါ..အိပ်ရေးမ၀ရင်ဒေါသထွက်နေတတ်တာလေ..ဒါကိုခိုင်အလွယ်တကူပဲမြင်တတ်ခဲ
့ပါတယ်..ဒါကြောင်
့ခိုင်ဟာကျွန်မအိပ်နေချိန်ဆိုညင်ညင်သာသာပဲလှုပ်ရှားတတ်ပါတယ်..တခြားလူတွေအခန်းကိုခဏတဖြုတ်လာလို
့စကားပြောရင်တောင်တိုးတိုးလေးပဲပြောတတ်ပါတယ်..သူ
့စကားသံတိုးတိုးကြောင့်ကျွန်မနိုးတတ်ပေမဲ့ ခိုင့် ရဲ့ သိတတ်မှုကြောင်
့ကျွန်မစိတ်မဆိုးပါဘူး..အသာလေးပဲအိပ်ချင်ယောင်ဆောင်နေတတ်ပါတယ်..ခိုင်
့ကိုကျွန်မချစ်ခင်မိတာအဲဒီအချက်ကအဓိကထင်ပါရဲ့ ..သူတစ်ပါးကိုအရမ်းငဲ
့ညာတတ်တာကိုလေ..ကျွန်မစိတ်ဆိုးမှာထက်အိပ်ရေးမ၀မှာကိုသူစိတ်ပူတတ်ပါတယ်..
ခိုင့် ရဲ့ အကျင့် ဆိုးကတော့ရုပ်ကလေးနဲ
့မလိုက်ပါဘူး..သူကစားသောက်ပြီးရင်ပန်းကန်တွေကိုချက်ချင်းမဆေးတတ်ပါဘူး.."ရွှေမင်းသမီးရေ..ရုပ်ရှင်ပြီးမှဆေးမယ်..မဆေးလိုက်နဲ
့နော်".ဆိုတာညနေတိုင်းခိုင်ရွတ်နေကျဂါထာပါ..ရုပ်ရှင်ပြီးရင်တော့သူအိပ်ချင်ပြီလေ..ဒီတော့သူကပြောပြန်ပါတယ်"ရွှေမင်းသမီးရေ..မနက်မှ"
တဲ့ ..အဲဒီတော့မနေနိုင်တဲ့ ကျွန်မကပဲသူ
့ပန်းကန်တွေကိုအမြဲတမ်းသိမ်းကြုံးဆေးပေးရတဲ
့အလုပ်ကအလိုလိုနေရင်းကျွန်မတာဝန်ဖြစ်လာရပါတယ်..
ခိုင်နဲ့ ကျွန်မရဲ့ တူညီတဲ
့အချက်ကတော့ဘုရားပန်းညိုး၇င်လုံးဝမကြိုက်တာပါ......အဲဒါကြောင့်ပဲဘရားပန်းလှလှတွေ
့ရင်ဝယ်လာတတ်တာနှစ်ယောက်စလုံးရဲ့ အကျင်
့ပါ..တစ်ယောက်တစ်နေရာစီသွားပြီးနှစ်ယောက်စလုံးဘုရားပန်းတွေဝယ်လာမိတတ်လို
့ဘေးအခန်းတွေလိုက်ပေးရတာလဲခဏခဏပါပဲ..အဲလိုခဏခဏဖြစ်ပေမဲ
့နှစ်ယောက်စလုံးကမပြောမဆိုဘုရားပန်းတွေ
့တိုင်းဝယ်တုန်းပါပဲ.၀ယ်တာတူနေရင်မ၀ယ်ရသေးတဲ
့သူကိုလိုက်ပေးပါတယ်..အဲဒီအကျင့် ကိုလဲပြင်ဖို့ ကျွန်မတို
့နှစ်ယောက်စလုံးမကြိုးစားပါဘူး..
နောက်ထပ်တူညီတဲ့ အချက်တွေလည်းအများကြီးရှိသလိုမတူတဲ့ အကျင်
့တွေလဲရှိပါတယ်.. မတူညီတဲ့ အချက်တွေရှိကြတယ်ဆိုပေမဲ့ ခိုင်နဲ
့ကျွန်မဟာတစ်ယောက်နဲ့ တစ်ယောက်နားလည်မှုတွေနဲ့ ပဲချစ်ခင်စွာနေလာခဲ
့တာအတော်ကြာခဲ့ ပါပြီ..ဘေးလူတွေကတောင်..ကျွန် မတို
့နှစ်ယောက်ကိုကြည့်ရတာစိတ်ချမ်းသာဖို့ ကောင်တယ်တဲ
့လေ..အဲဒီမှာစိတ်ညစ်စရာကောင်းတာတစ်ခုကတခြားအခန်းကလူတွေအားလုံးကကျွန်မကို
ခရစ်ယာန်လို့ ထင်နေကြတာပါပဲ..နေလာတာတစ်နှစ်ကျော်တဲ
့အထိကျွန်မကိုဗုဒ္ဓဘာသာမှန်းမသိကြဘူးတဲ
့လေ..အဲလိုပြောရင်ကျွန်မကဘာမှပြန်မပြောချင်ပေမဲ
့ခိုင်ကအရမ်းစိတ်ဆိုးတတ်ပါတယ်..ဒီလောက်ခဏခဏဘုရားပန်းတွေလိုက်ပေးနေတာမတွေ
့ဖူးဘူးလားလို့ ပြန်မေးတတ်ပါတယ်..အဲဒီမှာသူတို့ ပြန်ပြောတတ်တာကခိုင်
့အတွက်ကျွန်မကဘုရားပန်းတွေဝယ်လာထင်လို့ တဲ့ လေ..ခိုင်ဝယ်လာပြီးသားဖြစ်နေလို
့ကျွန်မကသူ့ များကိုပြန်ပေးတာတဲ့ လေ...ကျွန်မစိတ်ညစ်ညစ်နဲ
့ပဲရယ်နေပါတော့တယ်..တကယ်တော့ကျွန်မတို
့နှစ်ယောက်က၀ယ်ရင်အမြဲနှစ်ယောက်စာဝယ်နေကျပါ..
သူတို့ ကိုလဲအပြစ်မဆိုသာပါဘူး..ခိုင့် ရုပ်လေးကကြည့်လိုက်တာနဲ
မြန်မာဆန်ဆန်လေးနဲ့ ဘုရားတရားရိုသေမဲ
့ရုပ်ကလေးပါ..ကျွန်မကတော့ဘာရုပ်ပေါက်နေလဲမပြောတတ်ပါဘူး....ဒါပေမဲ
့ကျွန်မသူငယ်ချင်းလေးကတော့ပြောပါရဲ့ .." ငါ့ မင်းသမီး
ဒီလောက်စိတ်ကောင်းရှိတာကို "တဲ
့လေ..ဆိုင်လားတော့မသိပါဘူး..ခရစ်ယာန်ဘာသာဝင်တွေကြားရင်တော့တော်တော်စိတ်ဆိုးမဲ
့စကားပါ.ကျွန်မကရိုးသွာ့းလို့ မပြောပေမဲ့ ခိုင်ကတော့သူ
့သူငယ်ချင်းကိုဗုဒ္ဓဘာသာမဟုတ်ဘူးလို
့ပြောရင်စိတ်ဆိုးတုန်း..ပြန်ပြီးဖြေရှင်းနေတုန်းပါပဲ..
နောက်ပိုင်းမှာခိုင်နဲ့ ကျွန်မအခန်းထဲမှာသိပ်မတွေ
့ဖြစ်တော့ပါဘူး.ဘာလို့ လဲဆိုတော့အားတဲ
့အချိန်မှာခိုင်ကကွန်ပျူတာသင်တန်းတက်သလိုကျွန်မကအင်္ဂလိပ်စာသင်တန်းတက်ပါတယ်..အဲဒီတော့ကျွန်မတို
့ရဲ့ နှစ်ယောက်ကြားမှာစာရွက်အပိုင်းအစလေးတွေနဲ
့ပဲဆက်သွယ်ဖြစ်ပါတော့တယ်ကိုယ်စီအပြင်မသွားခင်စာရွက်လေးမှာပဲစာတိုလေးတွေရေးပြီးနှုတ်ဆက်ခဲ့တာ၊မှာစရာရှိတာမှာတာတွေလုပ်ဖြစ်ပါတယ်..
လူချင်းမတွေ့ဖြစ်ပေမဲ့အိပ်ရာစောစောမထတတ်တဲ့ကျန်မအတွက်ခိုင်ကမနက်စာကိုအဆင်သင့်လုပ်ထားမြဲဖြစ်သလို၊ခိုင်ဖွထားသမျှကိုကျွန်မကဒိုင်ခံရှင်းပေးမြဲပါပဲ.ကျွန်မအိပ်နေချိန်မှာခိုင်အပြင်ကပြန်လာရင်ညင်ညင်သာသာလှုပ်ရှားတတ်တဲ
့ခိုင့် အသံကိုကြားပေမဲ
့ကျွန်မကအိပ်ချင်ယောင်ဆောင်နေတတ်ဆဲပါပဲ..တစ်ခါတစ်လေတော့ရှားရှားပါးပါးကျွန်မတို
့အတူဆုံတတ်ကြပါတယ်..ညဘက်မှာဆုံ တတ်ပေမဲ့ ခိုင်ကစောစောအိပ်တတ်လို
့စကားသိပ်မပြောဖြစ်ကြပါဘူး..
ဒီလိုနဲ့ကျွန်မလဲအင်္ဂလိပ်စာသင်တန်းကသငယ်ချင်းအသစ်တွေရလာသလိုခိုင်ကလသူ့သင်တန်းမှာသူငယ်ချင်းအသစ်တွေရလာခဲ
့ပါတယ်..ကျွန်မတို
့ရှားရှားပါးပါးဆုံမိချိန်တွေမှာသင်တန်းကကြောင်းတွေလဲပြောဖြစ်ကြပါတယ်..တစ်ညမှာတော့သဲကြီးမဲကြီးတက်တင်းထိုးနေတဲ့ကျွန်မကိုခိုင်ကတားပါတယ်..ငယ်ငယ်ကတည်းကကျောင်းစာကလွှဲရင်.စာမှန်သမျှအကုန်ဖတ်လာခဲ
့တဲ့ ကျွန်မရဲ့ မျက်လုံးတွေမကောင်းမှန်းခိုင်လဲသိနေပြီလေ..မျက်မှန်တပ်ဖို
့လဲအလွန်ပျင်းတဲ့ကျွန်မအတွက်တက်တင်းထိုးတဲ
့အလုပ်ကအတော်ပင်ပန်းတာခိုင်သိလို့တားနေမှန်းကျွန်မသိပါတယ်တကယ်တော့အဲဒီအလုပ်ကိုတတ်ရုံလေသင်ပြီးအမေ့အတွက်တဘက်တထည်ပဲထိုးဖူးတာခိုင်ရော၊ကျွန်မကိုသင်ပေးတဲ့သူငယ်ချင်းရောသိပါတယ်.
ဒါပေမဲ
့အဲဒီညကခိုင်ဘာပြောပြောကျွန်မကလက်မလျှော့ပဲဆက်လုပ်တော့ခိုင်စိတ်လျှော့ပြီးအိပ်သွားပါတယ်..ကျွန်မကတော့မနက်၂နာရီလောက်မှာဘယ်လိုမှမခံနိုင်ံတော့တဲ
့အဆုံးအိပ်ဖို့ ဆုံးဖြတ်လိုက်ပါတယ်..မနက်သွားစရာရှိတဲ
့အတွက်နာရီကိုတော့မမေ့ မလျော့alarm ပေးလိုက်ပါတယ်..
နောက်တစ်နေ့  နေ
့ခင်းကျွန်မအပြင်ကပြန်လာတော့အခန်းထဲမှာခိုင်ရှိနေပါတယ်..သူတစ်ယောက်ထဲတော့မဟုတ်ပါဘူး.သူ
့သင်တန်းကသူငယ်ချင်းတစ်ယောက်လဲရှိနေပါတယ်..အရင်ကလဲနှစ်ခါလောက်လာဖူးလို့ သူ
့ကိုကျွန်မမျက်မှန်းတန်းမိနေပါတယ်..ခိုင်နဲ့ လဲအတော်ခင်ပုံရပါတယ်..
ကျွန်မကတော့ပြန်ရောက်တာနဲ့ စားပြီးအိပ်ဖို့ ပြင်ပါတယ်..ခိုင်အဆင်သင့် ချက်ထားတာကိုခူးခပ်ပြီးမြန်မြန်စား
ပါတယ်..လူမှုရေးကျမ်းကျေတဲ့ ကျွန်မကခိုင်နဲ့ သူ
့သူငယ်ချင်းကိုထမင်းစားဖို
့တောင်မခေါ်ပါဘူး..ခိုင့်အတွက်ကတော့ရိုးနေပါပြီ..ပြီးရင်အိပ်ဖို
့ပြင်နေမှန်းလဲသူသိပါတယ်..ခိုင်
့သူငယ်ချင်းကတော့ဘာမှမပြောပဲအသာလေးပဲကြည့်နေပါတယ်...သူစိတ်ထဲမှာတော့အဲဒီကတည်းက
ကျွန်မကိုအမှတ်တွေပေးနေလောက်ပါပြီ..စားပြီးတော့ကျွန်မအိပ်ဖို
့ပြင်ပါတယ်.ညနေလဲသွားစရာရှိသေးတော့အိပ်မှဖြစ်မယ်ဆိုတာလဲသိနေတယ်..ညကအိပ်တာနောက်ကျတာကိုး..
ကျွန်မမအိပ်ခင် ခိုင်ကိုထုံးစံအတိုင်းပြောလိုက်
ပါတယ်.."ကဲ..အိပ်တော့မယ်..သိတယ်နော်.ဘာသံမှမထွက်နဲ
့.အသံကြားရင်မအိပ်တတ်ဘူး"ဒါကလဲဘာမှမရည်ရွယ်ပဲခိုင့်ကိုစလိုက်တာပါအဲဒီအချိန်မှပဲခိုင့်သူငယ်ချင်းရဲ့မျက်နှာမှာပြောင်းလဲသွားတဲ
့အရိပ်တစ်ခုကိုတော့ကျွန်မတွေ့ မိသလိုရှိပေမဲ့ အမှတ်တမဲ
့ပါပဲ..ခိုင်ကလဲအဲဒီချိန်ထိကွန်မကိုဘာမှမပြောပါဘူ..အလိုက်မသိတတ်လွန်းတာကကျွန်မပါ..ကျွန်မခုတင်ပေါ်ကစာအုပ်တစ်ချို့ကိုဘေးကစားပွဲပေါ်တင်လိုက်တယ်..ခုတင်ပေါ်ကခိုင်
့ရဲ့ ဝက်ဝံရုပ်လေးကို ခိုင့် စားပွဲပေါ်လှမ်းပစ်တင်လိုက်ပါတယ်..
တကယ့်ကိုအမှတ်မထင်ပါပဲ..ကျွန်မပစ်လိုက်တဲ့ အရုပ်လေးကခိုင်
့ရဲ့စားပွဲတင်နာရီလေးကိုထိပြီးနာရီလေးကျကွဲသွားပါတယ်..အသံတွေလဲကျယ်လောင်သွားခဲ
့ပါတယ်..ဘယ်လိုမှမထင်မှတ်တဲ့ ကိစ္စမို
့ကျွန်မလဲဒိအတိုင်းပဲငေးကြည့်နေမိပါတယ်..အရင်ဆုံးလှုပ်ရှားလိုက်တာကခိုင့် ရဲ
့သူငယ်ချင်းပါ..သူက သူ့ ရဲ
့ဖိုင်လေးကိုဆတ်ခနဲဆွဲယူပြီးမတ်တတ်ရပ်လိုက်ပါတယ်..ခိုင်
့ကိုကြည့်ပြီး"ငါပြန်တော့မယ်"
ဆိုတဲ့တစ်ခွန်းပြောပြီးလှည့်ထွက်သွားပါတယ်..အခန်းဝအရောက်မှာနောက်လှည့်ပြီးကျွန်မကိုတစ်ချက်ကြည့်သွားပေမဲ
့သူဘာမှတော့ပြောမသွားပါဘူး..
အဲဒီတော့မှကျွန်မလဲခိုင့်ကိုရှင်းပြဖို့ သတိရပါတယ်..ခိုင်
့ကိုတောင်းပန်သလိုလှညကြည့်တဲ့အချိန်မှာ" ၀တ်မှုန်
နင်ဘယ်လိုလုပ်လိုက်တာလဲ..အရမ်းရှက်ဖို့ ကောင်းတာပဲ." ဆိုတဲ့အသံနဲ
့အတူကျွန်မကိုအထင်သေးစိတ်ပျက်တဲ့အကြည့်နဲ့ ကြည့်နေတဲ့ခိုင့်ကိုတွေ
့လိုက်ပါတယ်...ကျွန်မအရမ်းစိတ်မကောင်းဖြစ်သွားမိတယ်..ခိုင့်ကိုသူ
့သူငယ်ချင်းဆီမှာအရှက်ရစေခဲ့တဲ့အတွက်လည်းအရမ်းစိတ်မကောင်းဖြစ်မိသလို..ခိုင်ကျွန်မကိုအထင်သေးစိတ်ပျက်သွားတာကိုလည်းရှက်ရွံ
့သိမ်ငယ်စွာခံစားလိုက်ရပါတယ်..နေရာမှာရပ်နေရင်းကျွန်မနှလုံးသားတွေ shock
ရသွားသလိုပါပဲ..ကျွန်မတမင်လုပ်တာမဟုတ်ပါဘူးဆိုတာကိုပြောချင်ပေမဲ
့ကျွန်မနှုတ်ခမ်းကဘာသံမှထွက်မလာတော့ပါဘူး..ခိုင်နဲ့ကျွန်မခင်မင်ပြီးနောက်ပိုင်းသူကျွန်မနာမည်ကိုခေါ်တာပထမဆုံးကြားဖူးခြင်းဖြစ်သလို၊ဒီလိုအကြည့်မျိုးကိုလည်းခိုင့်ဆီကရလိမ့်
မယ်လို့ ဘယ်တုန်းကမှမမျှော်လင့်ခဲ့ ဖူးပါ...
ခဏလေးအတွင်းမှာပဲခိုင်ဟာကျွန်မမျက်နှာပေါ်ကအရိပ်တွေကိုဖတ်လိုက်နိုင်ပုံရပါတယ်..ကျွန်မရဲ
့ရှက်ရွံ့ နာကျင်မှုအတိုင်းအတာကိုလည်းသူဟာသိသွားခဲ
့ပုံပါရတယ်..ခိုင့်မျက်နှာပေါ်မှာနောင်တတွေကိုကျွန်မမြင်နေရတယ်..သူဟာကျွန်မရဲ
့မျက်နှာကိုကောင်းစွာဖတ်တတ်တဲ့ သူငယ်ချင်းတစ်ယောက်ပဲလေ..ခိုင့် ရဲ
့ပြောင်းလဲသွားတဲ့ မျက်နှာကိုမြင်နေရတဲ
့အထိဝမ်းနည်းနာကျင်မှုတွေရုပ်သိမ်းလို
့မရနိုင်သေးတာကကျွန်မပါ...အဲဒီညနေကကျွန်မလဲဘယ်မှမသွားဖြစ်တော့သလိုခိုင်လဲဘယ်မှမသွားပါဘူး..ကျွန်မတို
့နှစ်ယောက်စလုံးအခန်းထဲမှာရှိရဲ့ သားနဲ့ အခန်းဟာအလွန်ကိုငြိမ်သက်နေခဲ
့ပါတော့တယ်...
ခိုင့်ဆီကအဲလိုတုံ့ ပြန်မှုမျိုးကိုကျွန်မ
မထင်မှတ်ထားသလို၊ကျွန်မဒီလောက်ထိဝမ်းနည်းထိရှသွားမယ်လို
့လဲခိုင်ထင်ထားလိမ့်မည်မဟုတ်ပေ..ခိုင်ဟာသူ့ အမှားမဟုတ်ပေမဲ့ (တကယ်ကိုသူ
့ဘက်ကမလွန်ခဲ့ တာတော့အမှန်ပါ)နောင်တတွေရနေတာသူ
့မျက်နှာမှာကျွန်မမြင်နေရတာပါပဲ..ခိုင်ဟာအနေရအထိုင်ရခက်စွာဘာလုပ်ရမှန်းမသိဖြစ်နေတာလဲကျွန်မသိပါတယ်..ဒါပေမဲ
့"အဲလောက်စိတ်ပူမနေပါနဲ့ ခိုင်..ငါဘာမှမဖြစ်ပါဘူး"လို့ လဲ
ကျွန်မဟန်ဆောင်ပြီးမပြောနိုင်ခဲ့ ပါဘူး. တကယ်တော့ဒီကိစ္စဟာကျွန်မရဲ
့ဆိုးရွားလှတဲ့ အကျင့်ဆိုးတစ်ခုကနေစတင်ခဲ
့တာပါ..အိပ်ရေးပျက်ရင်ဘာမှမစဉ်းစားမဆင်ခြင်တတ်တော့တဲ့ အကျင်
့ဆိုးကြောင့်သာဖြစ်ခဲ့ ရတာပါ..
.
အဲဒီနောက်ပိုင်းကျွန်မတို့ နှစ်ယောက်ရဲ
့ဆက်ဆံရေးဟာသိသိသာသာငြိမ်သက်နေပါတော့တယ်..ကျွန်မတို့ ရဲ
့လှုပ်ရှားမှုတိုင်းဟာမလွတ်လပ်တော့သလိုပါပဲ..ကျွန်မကလည်းထိုကဲ
့သောအမှားမျိုးကိုနောက်ထပ်ကျူးလွန်မိမှာအလွန်းစိုးရိမ်စွာနဲ
့သတိထားနေမိသလို၊ခိုင်ကလည်းကျွန်မကိုနာကျင်စေမဲ
့အပြုအမူမျိုးဖြစ်သွားမှာကိုစိုးရိမ်စွာသတိထားနေတဲ
့ပုံပါ...ဘယ်သူကမှလဲဘာမှရှင်းပြပြောဆိုခြင်းမရှိဘဲနှစ်ယောက်စလုံးကနောက်ထပ်အမှားကျူးလွန်မှာကိုကြောက်နေမိသလိုတွန်
့ဆုတ်နေမိပါတယ်..
အဲဒီအချိန်မှာနောက်ထပ်မမျှော်လင့်ထားတဲ
့အခြေအနေတစ်ခုကတော့ကျွန်မခရီးရှည်ထွက်ဖို
့ကိစ္စကြုံလာတာပါပဲ..ကျွန်မဒီခရီးစဉ်ကိုလွန်ခဲ့ တဲ
့တစ်လလောက်ကတည်းကစီစဉ်ထားခဲ့ တာဆိုပေမဲ့ ဒီလောက်မြန်မယ်လို့ တော့မထင်ခဲ
့မိပါ..သွားရမယ်လို့ သိရပြန်တော့လဲအချိန်ကဘာမှမရှိေ
တာ့..စီစဉ်စရာများကိုအမြန်ဆုံးစီစဉ်ပြီးကျွန်မခရိးထွက်ဖို
့ပြင်ဆင်ရပါတယ်..ခိုင့်ကိုတော့မသွားခင်တစ်ရက်အလိုမှာစာတိုလေးတစ်စောင်အခန်းထဲမှာချန်ပြီးကျွန်မအသိပေးခဲ
့ပါတယ်..ဒီရက်ပိုင်းတွေမှာကျွန်မတို
့အခန်းထဲမှာအတူရှိချိန်ကပိုနည်းနေသလိုပါပဲ..နှစ်ယောက်သားအလုပ်ရှုပ်ချိန်တွေပဲတူလို
့လားမပြောတတ်ပါ...
ကျွန်မရဲ့ ခရီးစဉ်ကညနေ၃နာရီဆိုပေမဲ့ မနက်၁၀
နာရီကတည်းကကျွန်မအခန်းလေးကထွက်လာဖြစ်ရပါတယ်..ကျွန်မမိသားစုတွေကလည်းနယ်ကနေေ၇ာက်နေကြတယ်ဆိုတော့သူတို
့တည်းခိုတဲ့ နေရာကနေပဲကျွန်မသွားရမှာလေ..အဲဒီနေ
့ကခိုင်ကလည်းအခန်းထဲမှာရှိနေပါတယ်..အလုပ်ရှိမရှိသင်တန်းရှိမရှိတော့မသိပါဘူး..ကျွန်မအိပ်ရာထချိန်မှာတော့မနက်စာကအဆင်
့သင့်ပါပဲ..သူကျွန်မအနားမှာထိုင်နေပေမဲ့ ဘာစကားမှတော့သူ
့ဆီကထွက်မလာပါဘူး..ငြိမ်သက်နေတာအတော်ကြာပြီဖြစ်တဲ့ ကျွန်မတို့ အခန်းကအဲဒီနေ
့မှာပိုတိတ်ဆိတ်နေသလိုပါပဲ..
ခိုင်ပြင်ပေးထားတဲ့ မနက်စာကိုကျွန်မအကုန်စားခဲ့ သလားမစားခဲ့ သလားမသိပါ..မနက် ၁၀နာရီထိုးခါနီးမှာအခန်း
လေးထဲကထွက်ဖို့ ပြင်ရပါတယ်..မသွားခင်မှာခိုင်
့ကိုကျွန်မလက်ဆောင်လေးတစ်ခုပေးပါတယ်.." ခိုင်..တကယ်တော့နင့် မွေးနေ
့ရောက်မှစာတိုက်ကနေပို့ ပြီးနင့် ကိုစမလို့ ပါ..ခုတော့နင့် မွေးနေ
့မရောက်ခင်ငါ ကခရီးထွက်ရတော့မယ်ဆိုတော့ကြိုပေးခဲ
့မယ်ဟာ..ဒီအရောင်ကိုငါမကြိုက်ပေမဲ့ နင်ကြိုက်တဲ့ အရောင်မို့ လို့ ငါရွေးခဲ
့တာ..ငါ့ လက်ရာကသိပ်တော့မသေသပ်ဘူးခိုင်"..ကျွန်မထုတ်ပေးတဲ့ တက်တင်းအင်္ကျ
ီအစိမ်းရောင်နုနုကိုခိုင်လှမ်းယူလိုက်ပုံကအိပ်မက်မက်နေသူတစ်ယောက်လိုပါပဲ..
ကျွန်မကိုစကားပြောဖို့ ကြိုးစားနေတဲ့ ခိုင်
့ကိုကျွန်မမကြည့်ရက်အောင်ပါပဲ..ဒီလက်ဆောင်ကိုပေးဖြစ်အောင်ပေးတာကလည်းခိုင်
့ကိုခံစားစေဖို့ မရည်ရွယ်တာအမှန်ပါ..စကတည်းကခိုင်
့အတွက်ရည်ရွယ်ပြီးကျွန်မထိုးခဲ့ တာမို့ လို့ ပါ..ခိုင့် ကိုနှစ်သိမ်
့ချင်ပေမဲ
့ကျွန်မကိုယ်တိုင်ကလည်းဘာအင်အားမှမရှိတော့ပါဘူး..ဘာမှသိပ်မကြီးကျယ်တဲ
့ပြဿနာလေးကနေကျွန်မတို့ ရဲ့ အခန်းလေးကိုခြောက်သွေ့ မှုကိုစတင်စေခဲ
့တယ်..ခုတော့ဘယ်တော့ဆုးံမယ်မှန်းမသိတဲ
့ခရီးရှည်ကိုကျွန်မထွက်ရတော့မယ်..ကျွန်မတို့ ရဲ
့နှုတ်ဆက်ချိန်ကိုဒီလိုမျိုးဖြစ် လိမ့် မယ်လို့ ကျွန်မမမျှော်လင့် ခဲ
့ပါ....ခိုင့် ကိုပြောချင်တာတွေအများကြီးရှိပေမဲ
့စကားတွေကထွက်မလာပါဘူး..စကားတစ်ခွန်းကိုတော့ကျွန်မကြိုးစားပြီးပြောခဲ
့ပါတယ်..
" ခိုင်..ငါ့ ရဲ့ သူငယ်ချင်းကောင်းအဖြစ်ရှိနေပေးလို့ ကျေးဇူးပါ..အမြဲတမ်းနင်ဟာငါ့ရဲ့ သူငယ်ချင်းကောင်းတစ်ယောက်ပါ"..
ခုတော့ကျွန်မခရီးရှည်ကိုထွက်လာခဲ့ ပါပြီ..ကျွန်မကိုရွှေမင်းသမီးလို
့..ခေါ်တတ်တဲ့ ကျွန်မရဲ
့သူငယ်ချင်းကတော့အခန်းထဲမှာတစ်ယောက်ထဲပေါ့..ကျွန်မသိနေပါတယ်..သူကျွန်မကိုသတိရနေမယ်ဆိုတာ..ဘယ်လိုအကျင့်
ဆိုးတွေပဲရှိရှိ၊ဘာတွေပဲဖြစ်ခဲ့ ဖြစ်ခဲ့ ပေါ့..ခိုင်ဆိုတာကျွန်မကိုအမြဲနားလည်တတ်ခဲ့ တဲ့ သူငယ်ချင်းပဲလေ..
သူငယ်ချင်းကောင်းနဲ့ သွားရတဲ့ ခရီးဟာစိတ်အချရဆုံး၊အလုံခြုံဆုံးခရီးတစ်ခုတဲ့ ..ဒါဆိုကျွန်မလဲလုံခြုံစိတ်ချရတဲ့ 
ခရီးတစ်ခုကိုသွားခဲ့ ဖူးပါတယ်..အဲဒီအတွက်လဲခိုင့် ကိုကျေးဇူးတင်ကြောင်းထပ်ပြောချင်ပါသေးတယ်..ကျွန်မတို့ ပြန်တွေ့ တဲ့ 
တစ်နေ့ ကျရင်ပေါ့..
နှင်းမှုန်ရည် ( တောင်ကြီး )
ကမ
္ဘာသစ် စာစုများကို facebook တွင် မိတ်ဆွေ သူငယ်ချင်းများအား
မျှဝေလိုပါလျှင် အောက်တွင် ပါရှိသော facebook like icon အား Click နှိပ်၍
အလွယ်တကူ Share လုပ်နိုင်ပါသည်။
No comments:
Post a Comment