2 3 4 5 6 7 8 9 10

Tuesday, October 18, 2011

" အလှည့် "


မှုန်ရီတစ်ခါ

ပြာချီတစ်လှည့်


ဇာချဲ့တတ်သော


ဤကောင်းကင် ။



လျှပ်ပန်းတစ်ခါ


မိုးကြိုးတစ်လှည့်


ပဉ္စလက်ဆန်


ဖန်ဆင်းရှင် ။



နှင်းပွင့်တစ်ခါ


ရေပေါက်တစ်လှည့်


ပေးဆပ်ပုံခြင်း


နှိုင်းလို့ယှဉ် ။



ပူသည်တစ်ခါ


ချမ်းသည်တစ်လှည့်


ရာသီစက်ဝန်း


လည်လျက်ပင် ။



စိုသည်တစ်ခါ


ခြောက်သည်တစ်လှည့်


ကောင်းကင်အောက်က


ဤမြေပြင် ။



ချစ်သည်တစ်ခါ


မုန်းပြီတစ်လှည့်


မြေပြင်ထက်က


လူများပင် ။



မှန်သည်တစ်ခါ


မှားသည်တစ်လှည့်


ရှေ့ဆက်လျှောက်လို့


နေဆဲပင် ။



မွေးသည်တစ်ခါ


သေသည်တစ်လှည့်


သံသရာက


လည်မြဲပင် ။



နီးသည်တစ်ခါ


ဝေးသည်တစ်လှည့်


အစိုးမရ


ခရီးစဉ် ။ ။


( သန်းထွန်းလင်း )




Posted by သန်းထွန်းလင်း on May 30, 2010 at 4:37pm


No comments:

Recent Posts

လစဉ်အလိုက် တင်ခဲ့သော ပိုစ့်များ

Popular Posts

မြန်မာ့မြေ

erer-outer'>