ငါ့ညီပြောင်ဝင်း၊ မောင်သစ်ဆင်း
မင်း၏သားငယ် သက်နှစ်ဆယ်သည်
ဘယ်ပညာမှာ စွမ်းသနည်း..။
စွမ်းသည့်ခြင်းရာ၊ ဆိုသည်မှာကား
စာတွေ့ သက်သက်၊ စာမာန်တက်၍
စာထွက်များလျား၊ စကားတွတ်တွတ်
ရွတ်တတ် အံ့ဘနန်း၊ သည် အစွမ်းသည်
စွမ်းရည်မရိုး သူ့ ကိုယ်ကျိုး ...။
စာတွေ့ အသိ၊ ကိုယ်တွေ့ ညှိ၍
မှန်၏ ကောင်း၏ ၊ ဥာဏ်ဖြင့် သိ၍
သတိထိန်းချုပ်၊ စိတ်ကောင်းအုပ်၍
အလုပ်ချစ်ခင်၊ ဂုဏ်ဟုမြင်၍
လိုချင်ကြိုးပမ်း၊ သည်အစွမ်းသည်
စွမ်းရည်မိုးထိုး အများကျိုး ..။ ။
ဇော်ဂျီ ( သြဂုတ် ၁၉၆၄ )
Posted by Nanda on July 16, 2010 at 8:30am
ကမ
္ဘာသစ် စာစုများကို facebook တွင် မိတ်ဆွေ သူငယ်ချင်းများအား
မျှဝေလိုပါလျှင် အောက်တွင် ပါရှိသော facebook like icon အား Click နှိပ်၍
အလွယ်တကူ Share လုပ်နိုင်ပါသည်။
No comments:
Post a Comment