2 3 4 5 6 7 8 9 10

Monday, October 17, 2011

မိုးပြေး ...




ခပ်သုတ်သုတ်ပြေးထွက်သွားတဲ့ မိုးကြောင့်
ညဟာမျက်ရည်စက်လက်နဲ့ကျန်ခဲ့ ... ။
အလျော်အစားမရှိတဲ့ပွဲမှာတောင်
အရင်းရှုံးခဲ့သူပါ ... ။
မိုးစိုမှာကိုကြောက်မိပေမဲ့
မိုးကောင်းကင်အောက်ကရုန်းမထွက်နိုင်လို့
ထီးတစ်လက်ကိုးရင်း
မိုးနဲ့ရင်းနှီးလာလိုက်တာ
မိုး နဲ့ ကိုယ် ...
ကိုယ် နဲ့ မိုး ...
တစ်စထက်တစ်စ
အတိုးချငြိတွယ်ခဲ့သမျှ
မိုးပြေးလေးထွက်သွားတော့မှပဲ
မျက်ရည်စက်လက်နဲ့ကျန်ရစ်ခဲ့တော့တယ် ... ။
မိုးရယ် ...
နောက်တစ်ကြိမ်ပြန်လာဦးမယ်ဆိုပေမဲ့
ကိုယ့်အတွက်မှမဟုတ်တော့တာပဲ ... ။
နောက်ဆုံးတော့လဲ
အလွမ်းတွေတနင့်တပိုးနဲ့ ကိုယ်ဟာ
အလျော်မစားမရှိခဲ့တဲ့ပွဲမှာတောင် ...
အရင်းရှုံးခဲ့သူပါ ... ။


ကောင်မလေး 13


Posted by kaungmalay13 on May 15, 2010 at 4:12am 

ကမ္ဘာသစ် စာစုများကို facebook တွင် မိတ်ဆွေ သူငယ်ချင်းများအား မျှဝေလိုပါလျှင် အောက်တွင် ပါရှိသော facebook like icon အား Click နှိပ်၍ အလွယ်တကူ Share လုပ်နိုင်ပါသည်။  
 

No comments:

Recent Posts

လစဉ်အလိုက် တင်ခဲ့သော ပိုစ့်များ

Popular Posts

မြန်မာ့မြေ

erer-outer'>