2 3 4 5 6 7 8 9 10

Monday, October 17, 2011

အိမ်ပြေးငှက်

အိမ်ပြေးငှက်


နေဝင်သွားပေမဲ့
အိပ်တန်းမပြန်နိုင်တဲ့ငှက်တွေ ... ။
အိမ်အလွမ်းတွေလဲ
နှလုံးသားထဲမှာပဲ နာနာကျင်ကျင်ခေါက်သိမ်းထား... ။
အရိပ်တစ်ခုရှာဖွေဖို့
ကိုယ့်ကိုယ်ကိုအရင် လောင်ကျွမ်းခံခဲ့ကြ ... ။
တချိန်က ထည်ဝါမှုအပြည့်နဲ့
ဌာနေရဲ့ အငွေ့အသက်တွေလဲ
အထိမ်းအမှတ်အနေနဲ့သာ
သမိုင်းမှာကျန်ခဲ့ပြီး ...
စိုပြည်စိမ်းလန်းခြင်းဆိုတာ
မြင်းရိုင်းတစ်ကောင်လို
ဘဝထဲက ကဆုန်ပေါက်ထွက်ပြေးသွား ... ။
ဒီလိုနဲ့ ...
နာရီ မိနစ်တွေကြား
အကွာအဝေးတစ်ခုခြားနားလာရုံကလွဲလို့
အိမ်ပြေးငှက်တွေအတွက်
ဖတ်ခဲ့ဖူးတဲ့ ကဗျာထဲကလို
ရွှေပြည်တော်ကတော့ မျှော်တိုင်းဝေးဆဲ ... ။

ကောင်မလေး 13



No comments:

Recent Posts

လစဉ်အလိုက် တင်ခဲ့သော ပိုစ့်များ

Popular Posts

မြန်မာ့မြေ

erer-outer'>