2 3 4 5 6 7 8 9 10

Monday, October 17, 2011

မဟာဂန္ဖာရုံဆရာတော် ၏ အဆုံးအမ အလင်္ကာများ


ကိုယ်တည်းတစ်ယောက် ၊ချမ်းသာရောက်ဖို့
ခုလောက်ကြိုးကုတ်အားမထုတ်ဘူး
ဗုဒ္ဒမြတ်စွာ၊ သာသနာ၏
ရှေးခါဘိုးက၊လက်ထက်ကလျှင်
ရသည့်တန်ခိုး၊ထပ်မညိုးအောင်
အားကြိုးမာန်တက်၊ငါဆောင်ရွက်သည်
ဆက်လက်တည့်တံ့ရုံသာတည်း။ ။

* * * *


ထကြွရိုသေ
နေရာကိုပေး
လှူရေးတခြား
တရားကိုနာ
နားစိုက်ကာဖြင့်
နှုတ်မှာဆောင်ထား
စဉ်းစားကျင့်ကာ
ဆင်ခြင်ရာ၏။ ။

* * *

ထောက်မှန်ပေါ်တွင်၊ ကိုယ်ရုပ်သွင်ကို
ဆင်ပြင်သမှု၊နေ့စဉ်ရှုသို့
ယခုအခန်း၊ မှန်လိုမှန်း၍
ရှုစမ်းစေချင်၊စိတ်အစဉ်ကို
ဆင်ပြင်လေကွဲ့၊နေ့စဉ်တဲ့။ ။

* * * *

ဓါတ်မရိုက်ခင်(ဓါတ်ပုံ မရိုက်ခင်ကာလ)
ကောင်းစွာပြင်မှ
ပိုတွင်ကျန
ရုပ်သွင်လှသို့
မုချမှန်စွာ
သံသရာဟု
ကမ္ဘာရပ်ခွင်
ဓါတ်အပြင်၌
စိတ်စဉ်ကျန
ရုပ်သွင်လှ၍
ခေမမြို့နန်း
အရောက်မြန်းဖို့
ပြင်စမ်းစေချင်
ဆုပန်းစင်ကို
ပန်ဆင်လေကွဲ့
နေ့စဉ်တဲ့ ။ ။

* * * *

အိုးမဖုတ်ခင်
အိုးလုပ်စဉ်ဝယ်
အိုးတွင်နှိပ်ခတ်
တံဆိပ်မှတ်ထား
မပြတ်မစဲ၊အိုးပင်ကွဲလဲ
အမြဲတစေ၊တည်ဠာနေသို့
ထွေထွေသွေသား၊ကလေးများ၌
ဘုရားတံဆိပ်၊ ဘာသာစိတ်ကို
ခတ်နှိပ်နှိင်မှ၊သက်ဆုံးကျအောင်
ဗုဒ္ဒ၀ါဒီ၊စွဲ၍တည်မည်
ကိုယ်စီခတ်နှိပ်စေသတည်း။ ။

* * * * *


သဗ္ဖဉ်ဥာဏ်တော် အစွမ်းသုံးပါး
သိရန်မှန်က မကျန်ရအောင်
လုံးဝစုံလင် အကုန်မြင်
သဗ္ဖဉ်ဥာဏ်တော်အစွမ်းတည်း။
သိသည့်တရား များအပြား၌
ဟောကြားစဖွယ်၊နည်းအသွယ်သွယ်ကို
ခြယ်လှယ်စုံလင်၊ အကုန်မြင်
သဗ္ဖဉ်ဥာဏ်တော်အစွမ်းတည်း။
ကျွတ်ထိုက်ကြပေ၊များဝေနေ၏
က္ကနြေ္ဒစရိုက်သူ့အကြိုက်ကို
နှိုက်ချွတ်စုံလင်၊အကုန်မြင်
သဗ္ဖဉ်ဥာဏ်တော်၊အစွမ်းတည်း။
ဥာဏ်တော်စွမ်းပကား၊ ဤသုံးပါးကြောင့်
အများဝေနေ၊ကျွတ်လွတ်စေဖို့
မနေမနား သတ်တော်အားဖြင့်
ကြီးမားလေဘိ၊ ရှစ်ဆယ်ပြည့်၍
ပရိနိဗ္ဖာန်စံသည့်တိုင်အောင်
သယ်ယူဆောင်၊ဘုန်းခေါင် ငါတို့ဘုရားတည်း
ဘုရားရှင်တော် မပွင့်ပေါ်လျှင်
လူတော်အများ စိတ်ကောင်းထားလည်း
ဤကား ကုသိုလ် အကုသိုလ်နှင့်
ထိုထိုဘုံဘ၀ မသိရ
များလှ အပြစ်တွေ
ဘုရားရှင်တော်ပွင့်ထွန်းပေါ်၍
ဟောဖေါ်ညွန်ကြား မြတ်တရားကြောင့်
ဤကား ကုသိုလ် အကုသိုလ်နှင့်
ထိုထို ဘုံဘ၀ သိကြရ
များလှကျေးဇူးတွေ
ကျေးဇူးတော်ရင် ဘုရားရှင်ကို
နေ့စဉ်မပြတ်၊ ကျေးဇူးဆပ်ဖို့
အမြတ်ရတနာ၊ သာသနာ၏
နိုင်ရာဝန်ထမ်း၊ လွန်ကြိုးပမ်း
လူစွမ်းပြကြစေ။

* * * * *

Posted by khaingsukyi on May 20, 2010 at 9:00am 

ကမ္ဘာသစ် စာစုများကို facebook တွင် မိတ်ဆွေ သူငယ်ချင်းများအား မျှဝေလိုပါလျှင် အောက်တွင် ပါရှိသော facebook like icon အား Click နှိပ်၍ အလွယ်တကူ Share လုပ်နိုင်ပါသည်။  

No comments:

Recent Posts

လစဉ်အလိုက် တင်ခဲ့သော ပိုစ့်များ

Popular Posts

မြန်မာ့မြေ

erer-outer'>