ပြုံးလျက်ပါ
- လာဖို့ကြုံလာ ၊ငါလာလျှင်လည်း
- ငါလာသည်ကို ၊ သူမလိုတော့
- ငါ့ကိုရန်လုပ် သူကြမ်းကြုတ်။
- ကြောင်းကျိုးသဘော ၊ငါလျှင်ပြောလည်း
- ငါပြောသည်ကို ၊သူမလိုတော့
- ငါ့ကိုထောင်းထု ၊သူကပြု။
- ဖွင့်ဟရွှင်ချို ၊ငါလျှင်ဆိုလည်း
- ငါဆိုသည်ကို သူမလိုတော့
- ငါ့ကိုကျိန်ဆဲ သူပြုမြဲ ။
- သူလက်မခံ ၊ငါလျှင်ပြန်သော်
- ငါပြန်သည်ကို ၊ သူမလိုတော့
- ငါ့ကိုကျိန်ဆဲ သူပြုမြဲ ။
- သူလက်မခံ ၊ ငါလျှင်ပြန်သော်
- ငါပြန်သည်ကို ၊သူမလိုတော့
- ငါ့ကိုကြိမ်းမောင်း ၊ သူမျက်စောင်း။
- သူက မပြုံး ၊ငါလျှင်ပြူံးမိ
- ငါပြူံးသည်ကို ၊သူမလိုတော့
- ငါ့ကိုသူမုန်း စိတ်နှလုံး ။
- သြော်.....
- ဘယ်သူမပြု ၊မိမိမှုဟု
- သူ့ကို မမုန်း၊ ငါ့အပြုံးနှင့်
- ပြူံးမြဲ ပြုံးလျက် ၊ငါဖြည့်စွက်မည်
- ရင့်ကျက်ခန္တီ ပါရမီ ။ ။
(မောင်နီဝင်း - ပခုက္ကူ )
ဓမ္မရံသီ မဂ္ဂဇင်း - ၂၀၀၇
နှလုံးသားက အလှတရား
- သူက ပြုံးလျှင်
- ငါပြုံးလိုက်မည် ၊ပြောခဲ့သည်တည့်။
- သူက မုန်းလျှင်
- ငါမုန်းလိုက်မည် ၊ ပြောခဲ့သည်တည့်။
- အမှန်ဆိုက
- ငါကပြုံးလျှင် ၊သူပြုံးချင်လိမ့်။
- အမှန်ဆိုက
- ငါကမုန်းချင် ၊ သူမုန်းချင်လိမ့် ။
- တစ်ရံတစ်ခါ ၊ ငါကပြုံးလည်း
- ပြုံးရိပ်မဆင်၊ မုန်းစိတ်ဝင်ကာ
- မုန်းချင်မုန်းက မုန်းပေလိမ့်။
- တစ်ရံတစ်ခါ ၊ ငါကမုန်းလည်း
- မုန်းစိတ်မ၀င် ၊ပြုံးရိပ်ဆင်ကာ
- ပြုံးချုင် ပြုံးက ပြုံးပေလိမ့်။
- အမှန်မှာမူ
- သူပြုံး ပြုံး ပြုံး ၊ မပြုံး ပြုံး
- သူ မုန်း မုန်း မုန်း ၊ မ မုန်း မုန်း
- သူအမုန်းက သာမည
- ငါ့ အပြုံးက အဓိက ။
- ပြုံးမှ ပြုံးမှ ငါပြုံးမှ
- အပြုံးသည်သာ နှလုံးသားအလှ ။ ။
ငွေတာရီ မဂ္ဂဇင်း
မတ်လ - ၂၀၀၇
Posted by khaingsukyi on April 1, 2010 at 2:00pm
ကမ
္ဘာသစ် စာစုများကို facebook တွင် မိတ်ဆွေ သူငယ်ချင်းများအား
မျှဝေလိုပါလျှင် အောက်တွင် ပါရှိသော facebook like icon အား Click နှိပ်၍
အလွယ်တကူ Share လုပ်နိုင်ပါသည်။
No comments:
Post a Comment