2 3 4 5 6 7 8 9 10

Sunday, October 16, 2011

စိတ်ဆင်းရဲမှုသောကတွေ ငြိမ်းအေးစေဖို့...




(၁) စိတ်မဆင်းရဲနည်း…

စိတ်အနှောက်အယှက်ဖြစ်စရာတွေကို ကြည့်လိုက်မယ်ဆိုရင် ကြီးကြီးမားမား အကြောင်းကိစ္စတွေထက် အသေးအဖွဲကိစ္စတွေကြောင့်ဖြစ်ရတာများတယ်ဆိုတာ တွေ့ရပါတယ်.
စိတ်အနှောက်အယှက်ဖြစ်စရာတွေထက် အရေးကြီးတာက အဲဒီအရာတွေ အပေါ် ကိုင်တွယ်ပုံကိုင်တွယ်နည်းနဲ့ သဘောထားပုံထားနည်းပါဘဲ.
ခါတိုင်းကိုင်တွယ်ပုံ ကိုင်တွယ်နည်း. သဘောထားပုံ.သဘောထားနည်းတွေကို ပြောင်းလဲလိုက်ရင် စိတ်ဆင်းရဲစရာတွေ မရှိတော့ပါဘူး.
ကိုယ့်ရဲ့စိတ်ကဆင်းရဲမနေရင် ကိုယ့်ရဲ့ပါရမီဖြည့်ဖက်.
ကိုယ့်ရဲ့မိသားစုတွေ. လုပ်ငန်းခွင်က ကိုယ့်ရဲ့မိတ်ဆွေတွေလည်း
စိတ်ချမ်းသာကြရပါလိမ့်မယ်.


(၂) ငါးစက္ကန့်နဲ့ နှစ်ဆယ့်လေးနာရီ…

…စိတ်အနှောက်အယှက်ဖြစ်စရာတွေကြောင့် ကိုယ့်ရဲ့စွမ်းအားကို မဆုံးရှုံး စေသင့်ပါဘူး.
…မိတ်ဆွေတစ်ယောက်ရဲ့ ငါးစက္ကန့်ကြာတဲ့မှတ်ချက်ကြောင့် တစ်နေ့လုံး အလုပ်မလုပ်ရတဲ့ အဖြစ်မျိုးမဖြစ်စေသင့်ဘူး.

(၃) စိတ်အနှောက်အယှက်၏ ရလာဒ်များ…

…စိတ်အနှောက်အယှက်ဖြစ်စရာတွေက အဇ္ဈတ္တအေးချမ်းမှုကို ထိခိုက်တယ်. သမာဓိနဲ့
ခွန်အားကို လျော့ပါးစေတယ်. ဦးနှောက်ထဲက သွေးကြောတွေ ကြွက်သားထဲကို
စီးဆင်းစေတယ်.
…ကိုယ့်ရဲ့အချိန်ကို ဆုံးရှုံးစေတယ်. ကိုယ့်ရဲ့ပျော်ရွှင်မှုကို လျော့ပါးစေတယ်.




(၄) ဖြစ်ပါများတော့…

…တစ်ချို့စိတ်အနှောက်အယှက်ဖြစ်စရာတွေက ဖြစ်ပါများနေတော့ စိတ်အနှောက် အယှက်ဖြစ်လို့ ဖြစ်မှန်းတောင် မသိသာဘူး.
…လက်ခံထားမိမှန်း. မွေးထားမှန်းကို မသိသာဘူး.
…ဘာတွေက စိတ်အနှောက်အယှက်ဖြစ်စေသလဲ.
(၁) ဘယ်ဖြစ်ရပ်တွေလဲ.
(၂) ကိုယ့်ရဲ့ ဘယ်အပြုအမူကြောင့်လဲ.
(၃) သူတစ်ပါးရဲ့ ဘယ်လိုအပြုအမူမျိုးကြောင့်လဲ.
(၄) ဘယ်သူတွေကြောင့်လဲ.
(၅) ဘယ်လိုလုပ်ရပ်တွေကြောင့်လဲ.
(၆) ဘယ်လိုပစ္စည်းကိရိယာတွေကြောင့်လဲ.
သူတို့ကို ပြောင်းပစ်မလား.
ဖယ်ရှားပစ်မလား.
အစားထိုးပစ်မလား.



(၅) ပွင့်ပွင့်လင်းလင်း…


…မကျေနပ်စရာတွေ.သောကတွေ. ဒေါသတွေဖြစ်လာရင် ထုတ်ဖော် ပြောပြလိုက်ပါ. နှုတ်ကထုတ်ဖော်ပြောပြလိုက်၍ ပျောက်ပျက်သွားတတ်ပါတယ်.
…ဘေးပတ်ဝန်းကျင်မှာဖြစ်နေတဲ့ သောကတွေ. ဒေါသတွေက ရှောင်ပြေးပြီး ကိုယ့်ကိုယ်ကို ငြိမ်းချမ်းအောင်လုပ်ပါ.

(၆) အဆိုးဆုံးထဲက အကောင်းဆုံး…

စိတ်အနှောက်အယှက်ဖြစ်စရာတွေကို ကြိုတင်မျှော်မှန်းပြီး စောစောကတည်းက ကိုယ့်စိတ်ဒုက္ခရောက်အောင် မလုပ်ပါနဲ့.
အဆိုးတွေမျှော်လင့်ထားပေမယ့် အကောင်းတွေဖြစ်ဖြစ်လာတတ်ပါတယ်.

(၇) အရေးမကြီးတာကို ရေးကြီးခွင်ကျယ်…

အရေးမပါတဲ့ကိစ္စတွေကို ရေးကြီးခွင်ကျယ်လုပ်ပြီး ငြင်းခုန်မနေပါနဲ့. ဘာမှဖြစ်မလာ.
အကျိုးမရှိတာတွေအတွက် စိတ်အနှောက်အယှက်အဖြစ်မခံပါနဲ့.


(၈) လက်ဆင့်မကမ်းလိုက်ပါနဲ့…

တစ်ယောက်က ခင်ဗျားကို စိတ်အနှောက်အယှက်ဖြစ်အောင်လုပ်ရင် နောက်တစ်ယောက်ကိုဆက်ြ့ပီး ခင်ဗျားက လက်ဆင့်မကမ်းလိုက်ပါနဲ့.

(၉) ကြိုက်တဲ့နည်းနဲ့တွေ့ပါ...…ကိုယ့်ကို စိတ်အနှောက်အယှက်ဖြစ်အောင် ဆွပေးတဲ့သူတွေနဲ့ မဆက်ဆံပါနဲ့.
မတွေ့လို့မဖြစ်ရင် တယ်လီဖုန်းနဲ့ဘဲတွေ့ပါ. လူကိုယ်တိုင် မတွေ့ပါနဲ့.
ဒီထက်ဆိုးရင် စာနဲ့ပဲတွေ့ပါ.

(၁၀) ကတိလွယ်လွယ်…

…ဖိစီးမှုတွေ.သောကတွေ. များလေ စိတ်အနှောက်အယှက်ဖြစ်ရတာများလေ. ဖိစီးမှုမများရအောင်ထိန်းပါ. မနိုင်ဝန်တွေကို မထမ်းပါနဲ့.
…မလုပ်နိုင်တာကို ကတိလွယ်လွယ်မပေးပါနဲ့.
…ကိုယ့်ကို တက်သုတ်ရိုက်မောင်းနှင်သူတွေဟာ ကိုယ့်ကို သောက ရောက်အောင်လုပ်တဲ့သူ.



(၁၁) အရက်စွဲနဲ့ ပြဿနာစွဲ…

…တစ်ချို့လူတွေဟာ အေးအေးဆေးဆေးကို မနေနိုင်ဘဲ စိတ်ဒုက္ခဖြစ်စရာကို အရက်စွဲသလို
စွဲလမ်းနေတတ်ကြတယ်. ပြဿနာဖြစ်စရာကိုဘဲ မျှော်လင့်နေကြတယ်. ကံကောင်းတာ.
ကံဆိုးတာက သူတို့မျှော်လင့်တဲ့အတိုင်းဘဲ ဖြစ်ဖြစ်လာကြတယ်.

(၁၂) အကောင်းတွေကိုလည်း စဉ်းစားပါဦး…

အကောင်းနဲ့အဆိုးဖြစ်ရပ်တွေကို နှိုင်းယှဉ်ကြည့်ပါ.
စိတ်ဆင်းရဲစရာတွေ. စိတ်အနှောက်အယှက်ဖြစ်စရာတွေချည်း လျှောက်တွေးမနေပါနဲ့.
…ဖြစ်ရပ်အကောင်းတွေကို မှတ်မိပျော်ရွှင်. တန်ဖိုးထားတတ်ပါစေ.
…အကောင်းတွေ တိုးပွားလာအောင် ဘယ်လိုလုပ်ရမယ်ဆိုတာ စဉ်းစားပါ.

(၁၃) စိတ်တိုခြင်းကို စိတ်ရှည်ခြင်း…

…စောစောက ဘာကြောင့် စိတ်တိုခဲ့ရတယ်. ဒေါသထွက်ခဲ့ရတယ်. စိတ်အနှောက်အယှက်ဖြစ်ခဲ့ရတယ်ဆိုတာတွေကို ပြန်စဉ်းစားသုံးသပ်ကြည့်ပါ.
အဲသလိုဖြစ်လို့ပေါ်ပေါက်လာတဲ့ရလာဒ်တွေ ဆိုးကျိုးတရားတွေကိုလည်း ပြန်သုံးသပ်ကြည့်ပါ.
…စာရွက်ပေါ်ချရေး.အသံဖမ်းစက်ထဲထုတ်ပြော.လုပ်ကြည့်လိုက်ရင် အတော် သက်သာရာရပါလိမ့်မယ်.
…ကိုယ်က စိတ်ဆိုးနေချိန်မှာ စိတ်မဆိုးတဲ့တစ်ခြားသူတစ်ယောက်ကို ကိုင်တွယ်ခိုင်းပါ.
…တစ်ယောက်ယောက်က ခင်ဗျားစိတ်တိုအောင်. စိတ်ဆိုးအောင်လုပ်လို့ သူစိတ်တိုအောင်. စိတ်ဆိုးအောင် ပြန်လုပ်စရာမလိုပါဘူး.

(၁၄) ဒူးနေရာဒူး တော်နေရာတော်…

သင်ပြောင်းပစ်နိုင်သလား. သင်မတတ်တာတွေအတွက် သောက ရောက်နေသလား.
သင်ပြောင်းမပစ်နိုင်တာတွေအတွက် ဒေါသတွေ.သောကတွေ ရောက်နေလို့ သင်ပိုပြီးအင်အားတောင့်တင်းလာမှာ မဟုတ်ပါ.
ဥာဏ်ရည်ပိုတက်လာမှာမဟုတ်ပါ.

(၁၅) အမှိုက်ထဲကရွှေ…

…ဒေါသဖြစ်စရာ.သောကဖြစ်စရာ တစ်ခုကြုံလာရင် ဒီပြဿနာကို အခွင့်အလမ်းတစ်ခုလို သဘောထားပြီး ဖြေရှင်းကြည့်ပါ.
…ထိပ်တိုက်ရင်ဆိုင်မဲ့အစား ပူးပေါင်းဆောင်ရွက်ကြည့်ပါ.




(၁၆) ကြိုက်ရာနည်းရွေးပါ…

…ဒေါသဖြစ်စရာကြုံလာရင် (၁) လုံးဝမဖြစ်အောင် ကာကွယ်တဲ့နည်း.
(၂) ကိုယ့်ရဲ့စိတ်သဘောပြောင်းလဲနည်း (၃) ကိုယ့်ရဲ့တုန့်ပြန်ပုံ ပြောင်းတဲနည်း
(၄) စိတ်တိုရတဲ့အကြောင်းတွေကို တစ်ကယ်စွန့်ပစ်လိုက်တဲ့နည်း. ကြိုက်ရာနည်း
ရွေးပါ.

(၁၇) အမိမဲ့သားရေနည်းငါး…

…ကိုယ့်အပေါ်ဖိစီးမှု. တိုက်ခိုက်မှုတစ်ခုကို
ပြန်လည်မတိုက်ခိုက်နိုင်တဲ့အခါ. အားကိုးရာမဲ့ဖြစ်နေတဲ့အခါမျိုးမှာ
သောကတွေ.ဒေါသတွေ ဖြစ်လာတတ်ပါတယ်.

(၁၈) ဆုံးဖြတ်ချက်ရေချိန်…

…ပစ္စုပ္ပန်ဆုံးဖြတ်ချက်များကို ကိုယ်ဖြစ်ချင်တဲ့ မျှော်လင့်တဲ့ဖြစ်ရပ်တွေပေါ် အခြေခံပြီးမချပါနဲ့.
…အကောင်းဆုံးတွေဖြစ်လာမှာဆိုတဲ့ ယုံကြည်ချက်ဟာ မျှော်လင့်ချက်လှေခါးရဲ့
အောက်ဆုံးအထစ်မှာပဲရှိပါတယ်. အတိတ်ကဖြစ်ရပ်ဆိုးတွေကို
သင့်ရဲ့ပစ္စပ္ပုန်နှင့် အနာဂတ်အပေါ်မှာ လွှမ်းမိုးမခံပါနဲ့. အတိတ်ကိုထားပြီး
အသစ်ပြန်စပါ.

(၁၉) ဖြစ်ချင်တာနှင့် ဖြစ်လာတာ…

သင်ဖြစ်ချင်တဲ့အတိုင်းဖြစ်လာမှာပဲလို့ မျှော်လင့်မနေပါနဲ့.
အခြေအနေတွေပြောင်းလဲမှာပဲလို့ တွက်မထားပါနဲ့.ပြောင်းလဲတဲ့ အခြေအနေတွေဟာ သင်ဖြစ်ချင်သလို ဟုတ်ချင်မှဟုတ်မှာ.
မလွှဲသာတဲ့ အခြေအနေတွေကို ရင်ဆိုင်ရတဲ့အခါ အခြေအနေကို ဆုပ်ကိုင် ဖြေရှင်းပါ.
…လောကမှာ ဘယ်သူမှ တစ်ချိန်လုံး အကောင်းတွေလုပ်နေတယ်. အကောင်းဆုံးတွေလုပ်နေတယ်လို့မရှိ.


(၂၀) ပစ္စုပ္ပန်တည့်တည့်ရှုပါ…

အနာဂတ်ကို တွေးပူနေရတဲ့ ၀န်ထုပ်ထက် ပစ္စပ္ပုန်ဝန်ထုပ်တွေကပေါ့ပါးပါတယ်.
ပစ္စပ္ပုန်ကို တည့်တည့်ရှုပါ. ဒီနေ့ ဒီအချိန်ကို အာရုံစိုက်ပါ. သင့်ကို
ဖျက်ဆီးမယ့် အတွေးတွေကို အ၀င်မခံပါနဲ့. စိုးရိမ်ပူပန်ရုံနဲ့ ပြဿနာတွေ
ပြေလည်သွားမှာ မဟုတ်.
သင့်စိတ်ကိုသာ ထိခိုက်စေမှာပါ.
…ပြဿနာတွေချည်းရွေးမကြည့်ပါနဲ့.
အကောင်းတွေကိုလည်း ထည့်တွက်ပါ.
မိတ်ဆွေဆိုးတွေကြောင့်ဖြစ်ရတဲ့ ပြဿနာတွေရဲ့ဖိစီးမှုကို မခံယူပါနှင့်.
မိတ်ဆွေကောင်းတွေဟာ ကိုယ့်အပေါ်ကျရောက်နေတဲ့ ၀န်ထုပ်ဝန်ပိုးတွေကို
လျော့ပါးသက်သာစေနိုင်ပါတယ်.

စိတ်ဆင်းရဲမှုသောကတွေ ငြိမ်းအေးကြပါစေ


ကမ္ဘာသစ် မြန်မာ Fan Page

No comments:

Recent Posts

လစဉ်အလိုက် တင်ခဲ့သော ပိုစ့်များ

Popular Posts

မြန်မာ့မြေ

erer-outer'>