♫
သူငေးကြည့်ချိန် မိုးသားတိမ်မှာ
ငါ့ပုံရိပ်လွှာထင်ချင်တယ် ..
သူ့အနားကို လေပြေလိုသွား
စကားများစွာပြောချင်တယ်..
သူ့ဆံဖျားမှာ နေခြည်များလို
ခိုနားတွယ်ငြိ နေချင်တယ်
သူ့အပြုံးနဲ့သူ့အကြည့်ခံ
မှန်လေးတစ်ချပ်ဖြစ်ချင်တယ်..
သူမှေးစက်ချိန်မြဲရှိနေမယ့်
ခေါင်းအုံးငယ်လေးဖြစ်ချင်တယ် ..
သူ့အိပ်မက်တွေ လိုရာဖြည့်ဆည်း
ဂျိုကာလေးလည်းဖြစ်ချင်တယ်..
ပြီးတော့..
သူမသိပဲ သူ့အသည်းထဲမှာ
အမြဲလိုပဲနေချင်တယ် ....။
Ref; friend 's mail
ကမ
္ဘာသစ် စာစုများကို facebook တွင် မိတ်ဆွေ သူငယ်ချင်းများအား
မျှဝေလိုပါလျှင် အောက်တွင် ပါရှိသော facebook like icon အား Click နှိပ်၍
အလွယ်တကူ Share လုပ်နိုင်ပါသည်။
No comments:
Post a Comment