2 3 4 5 6 7 8 9 10

Sunday, October 16, 2011

တာဝန်သိစွာနှင်းဆီပမာ

* သင်သည် ရနံသင်းပျံ အဆင်းလှလည်း
ရုပ်ဆိုးလှစွာ ၀န်းရံဖျက်ဆီး ဆူးခက်များစွာ
သို့သော် ရန်စွယ်အန္တ၇ယ် ကာကွယ်ဖို့ရန်
ဆင်မြန်းလို့ထား ခံတပ်ပမာ ထည်ဝါလှစွာ။

* သင်သည် ရနံသင်းမြ အဆင်းလှဆန်း
နွမ်းလျညိုးရော် ပွင့်ဖတ်ကြွေသော်...
မြေဆီကြွေကျ ပျက်ဆီးသည်မှာ ဓမ္မတာမို့
လွင့်ပါးလျော်ရီ သင်မကြွေမီ...
သူ ငါ ကောင်းကျိုး ရွယ်ကာစော်နိုး။

* ကောင်းနိုးရာရာ သူ့စွမ်းသမျှ သူ့အလှဖြင့်
လောကသာယာ သူ ငါ စိတ်စွမ်း ရွှင်ကြည်လန်းအောင်..
ရနံဖြင့်ဆောင် အလှနှင့်ဆောင်..
ထိုမှတဖန် ချိန်ခါကျသော် ကြွေကာပျက်မှု သူမမူ။

* ပွင့်ဖူးချိန်ခါ ခဏတာဝယ် တစ်ထောင့်တစ်နေရာ
များသူငါတွက် စိတ်ဝယ်ရွှင်လန်း ပီတိလွှမ်းဖွယ်
ဆောင်ကြည်းနိုင်သူ ဂုဏ်ယူမူနှင့်အတူ...
တာဝန်ကျေသူ ....သူနှင့်နှိုင်းယှဉ်..
နှင်းဆီပမာ..........တို့လည်းတူစွာ..
တာဝန်သိစွာ.........တစ်ထောင့်တစ်နေရာ...ရာ ။

ကမ္ဘာသစ်သူငယ်ချင်းများအားခင်မင်စွာဖြင့်

ခင်စိုးထွဋ်
 
 
ကမ္ဘာသစ် စာစုများကို facebook တွင် မိတ်ဆွေ သူငယ်ချင်းများအား မျှဝေလိုပါလျှင် အောက်တွင် ပါရှိသော facebook like icon အား Click နှိပ်၍ အလွယ်တကူ Share လုပ်နိုင်ပါသည်။  
 

No comments:

Recent Posts

လစဉ်အလိုက် တင်ခဲ့သော ပိုစ့်များ

Popular Posts

မြန်မာ့မြေ

erer-outer'>