2 3 4 5 6 7 8 9 10

Monday, October 17, 2011

ညနေလေးအကြောင်း

အဲဒီညနေခင်းလေးက
မျက်ရည်စက်တွေပေနေတယ်။

အဲဒီညနေခင်းလေးမှာ
သစ်ရွက်ခြောက်တွေကြွေနေတယ်။

ညနေဟာ
ကျောင်းလွယ်အိတ်ထဲက
ကောင်မလေးအကြောင်းကို
နူတ်ခမ်းကိုက်ပြီးစဉ်းစားတယ်။

ကျောခိုင်းလမ်းခွဲ
ချစ်သူနှစ်ယောက်အတွက်
အလွမ်းမိုးတွေသည်းတော့မယ်။

ညနေဟာ
သူ့ကိုသူမိုးချုပ်လိုက်တယ်။

အဲဒီနောက်
ညနေကိုဖွင့်ကြည့်တော့
မီသားစုထမင်းဝိုင်းကိုတွေ့ရတယ်။

ညစ်ထေးနေတဲ့ငါ့ကိုကြည့်ပြီး
ကျောင်းအင်္ကျီဖြူဖြူလေးတွေက
အဝေးကိုငေးတယ်။

ဒီလိုနဲ့ညနေခင်းလေး
အသက်ရှူသံတွေမပါပဲနဲ့ပွင့်လာကြတယ်။

ဆူးငယ်သစ်(တောင်ကြီး)



Posted by suengethit on May 28, 2010 at 1:31pm


ကမ္ဘာသစ် စာစုများကို facebook တွင် မိတ်ဆွေ သူငယ်ချင်းများအား မျှဝေလိုပါလျှင် အောက်တွင် ပါရှိသော facebook like icon အား Click နှိပ်၍ အလွယ်တကူ Share လုပ်နိုင်ပါသည်။  

No comments:

Recent Posts

လစဉ်အလိုက် တင်ခဲ့သော ပိုစ့်များ

Popular Posts

မြန်မာ့မြေ

erer-outer'>