2 3 4 5 6 7 8 9 10

Tuesday, October 18, 2011

ဆုံဆည်းကြရာ သည်ကမ္ဘာ၀ယ်

* သုတရသစုံလင်လှသည့် သည်ကမ္ဘာသို့
တစ်ခါတစ်ခေါက် လာရောက်လှည့်ပါ
ကိုယ့်ရဲ့ဆွေရင်း သူငယ်ချင်း........

* သာစွကမ္ဘာ သည်ဌာနေ၀ယ်..

တူနေမခွဲ လက်ချင်းတွဲလျက် သူငယ်ချင်းများစွာ......
ယှဉ်တွဲညီညီ ရှေ့သို့ချီသည်...
ဓမ္မစာပေ အံဖွယ်သုတ ဆောင်းပါးကဗျာ
ဆွေးနွေးချက်များစွာ သည်ကမ္ဘာဝယ်............

* အများအကျိုး ဆထက်တိုးလျက်

အမျိုးဂုဏ်ရောင် ထွန်းလင်းပြောင်ရန်....
ကြံဆောင်ကြမည် စိတ်ဝယ်ရည်သန်
အများအတွက် ကလောင်ချက်နှင့်...
စွမ်းထက်သမျှ ပြုစုကြသည့်...
မိတ်ဆွေရောင်းရင်း သူငယ်ချင်း......

*ရသစုံရာ သည်ကမ္ဘာသို့....

တစ်ခါတစ်ခေါက် အဆွေရောက်မှု...
အံလောက်ပေစွ သော်တာလသို့
သောကငြိမ်းချမ်း ချမ်းမြေ့ခြင်းကို..
အဆွေ..........မြင်ရပေလိမ့်မည်...........

သူငယ်ချင်းများအားခင်မင်စွာဖြင့်

ခင်စိုးထွဋ် 


Posted by khin soe htut on June 6, 2010 at 6:50pm 

ကမ္ဘာသစ် စာစုများကို facebook တွင် မိတ်ဆွေ သူငယ်ချင်းများအား မျှဝေလိုပါလျှင် အောက်တွင် ပါရှိသော facebook like icon အား Click နှိပ်၍ အလွယ်တကူ Share လုပ်နိုင်ပါသည်။  

No comments:

Recent Posts

လစဉ်အလိုက် တင်ခဲ့သော ပိုစ့်များ

Popular Posts

မြန်မာ့မြေ

erer-outer'>