2 3 4 5 6 7 8 9 10

Tuesday, October 18, 2011

ကမ္ဘာငယ်လေးတစ်ခုမှသည်.....

ကျွန်မနေရာလေးတစ်ခုထဲကိုရောက်နေတယ်
ဒါ..ဘယ်နေရာလေးပါလိမ့်....သာယာလိုက်တာ..
သစ်ပင်တွေလဲစိမ်းလို့ ..စိုလို့ .ဆိုင်ကလေးတွေလဲရှိတယ်.ချစ်စရာလေးတွေပဲ
ဒီထဲကလူတွေကလည်းအေးအေးဆေးဆေးတည်တည်ငြိမ်ငြိမ်ရှိကြသလိုပါပဲ..
ကိုယ့်ဘာသာလုပ်စရာရှိတာလုပ်နေကြတယ်..တချို့ ကလည်းအချင်းချင်းဝိုင်းဖွဲ့ စကားပြောနေကြတယ်..
ဒီနေရာလေးကသန့် လဲသန့် ရှင်းလိုက်တာ..ကြည့် စမ်း..ဘာအမှိုက်သရိုက်မှလဲမရှိဘူး..
အနံ့ အသက်လဲမရှိဘူး..အညစ်အကြေးကင်းစင်တဲ့နေရာလေးတစ်ခုပါလား..
ရာသီဥတုကလည်းအနေတော်လေး .မပူလွန်းမအေးလွန်းမို့ လမ်းလျှောက်လို့ ကောင်းလှတယ်
နေရာတော်တော်များများကိုကျွန်မရောက်ဖူးပါတယ်..ဒီနေရာလေးကတော့ထူးခြားနေတယ်..
အရင်ကဘာလို့ ဒီနေရာကိုကျွန်မမရောက်တာပါလိမ့်..ခုမှရောက်လာရတာကိုနောင်တရမိသလိုဖြစ်လာတယ်..ခုတော့ရောက်တုန်းလေးနေရာစုံအောင်လိုက်ကြည့်လိုက်ဦးမယ်..
ဒီနေရာလေးမှာသာသနာ့အဆောက်အဦးများကိုတော်တော်လေးတွေ့ နေရတယ်..ဒါကြောင့် ဝင်လာကတည်းကကျက်သရေရှိပြီးအေးချမ်းမှုကိုခံစားနေရတာကိုး..
တခြားနေရာတွေလိုတော့တောက်တောက်ပပသိပ်မရှိသလိုပါပဲ..ဒါကိုကတည်ငြိမ်တဲ့ အလှတစ်ခုဖြစ်နေတာကိုသတိထားမိတယ်..မတောက်ပတာက..မှေးမှိန်နေတာမှမဟုတ်တာလေ..
မျက်စိနောက်စရာများတစ်ခုမှကိုမတွေ့ မိပါ..ဒါပေမဲ့အရိုင်းဆန်ပြီးခေတ်နောက်ကျနေတာမဟုတ်တာတော့သေချာတယ်..
ဘာလို့ လဲဆိုတော့ဟိုနားဒီနားမှာအင်တာနက်ဆိုင်လေးတွေကိုတွေ့ နေရတယ်..
ကားလှလှလေးတွေလဲကျွန်မတွေ့ နေရတယ်..သွားလာနေကြတဲ့လူတွေထဲမှာလဲဖုန်းလေးတွေကိုင်ထားကြတဲ့
လူတွေလဲပါနေတယ်..ဒါပေမဲ့ သူတို့ တွေကဒီပစ္စည်းတွေအပေါ်ဘာမှခံစားချက်ရှိပုံမရပါ..
အသုံးပြုစရာပစ္စည်းတစ်ခုအနေနဲ့ ပဲသုံးနေတဲ့ ပုံပါပဲ..
ကျွန်မလဲဟိုဒီလျှောက်ကြည့်ရင်းဒီနေရာလေးနဲ့ ယဉ်ပါးလာသလိုခံစားမိတယ်..
ဘေးနားကဖြတ်သွားဖြတ်လာတွေကိုကျွန်မသိချင်တာမေးကြည့်ချင်လာတယ်..
သူတို့ တွေကသဘောကောင်းမဲ့ပုံတွေပါ..ဒါကြောင့် ကျွန်မချဉ်းကပ်မိတယ်..
'အစ်မရေ.ဒါကဘာလဲဟင်..' 'ဩော်..ညီမရေ..ဒါလေးက....'
'မောင်လေးရေ..ညီမလေးရေ..ဟိုဖက်ကဘာလဲဟင်..'..'အဲဒါလားအစ်မ.......'
ဒီလိုန့ဲပဲကျွန်မသိချင်တာတွေတော်တော်သိလိုက်ရတာပဲ...ဒီထဲမှာလျှောက်သွားရတာကျွန်မတော်တော်ပျော်နေမိပြီ..ပင်ပန်းတယ်လဲမထင်မိပါဘူး....
ဒီလိုနဲ့ ပဲတစ်နေရာကတစ်နေရာ..တစ်ကွေ့ ကနေတစ်ကွေ့ မမောနိုင်မပန်းနိုင်လျှောက်နေမိတယ်..
ဒီဖက်ကအပင်စုစုအောက်မှာဝိုင်းဖွဲ့ စကားပြောနေကြတဲ့ လူတစ်စုကိုတွေ့ တယ်...
ကျွန်မလဲအသာလေးဝင်ပြီးနားထောင်လိုက်တယ်..သူတို့ ဗုဒ္ဓဘာသာအကြောင်းဆွေးနွေးနေကြတာပဲ..
သူတို့ အရွယ်လေးတွေကိုကြည့်ပြီးကျွန်မတော်တော်ရှက်သွားမိတယ်..
ကြည့်စမ်း..ကျွန်မသူတို့ တွေလောက်တောင်ကိုယ့်ဘာသာအကြောင်းသေချာမသိပါလား..
အရွယ်တွေ..ပုံစံလေးတွေကိုကြည့်ရင်သိပ်တောင်မထင်မိဘူး....ဘာပဲဖြစ်ဖြစ်သူတို့ ဆီကနေကျွန်မလေ့ လာရဦးမယ်..သိပ်တော့နောက်မကျသေးဘူးထင်ပါရဲ့ ...
ဒီလိုနဲ့ ဆက်လျှောက်လာခဲ့ တာစမ်းချောင်းလေးတစ်ခုကိုတွေ့ ပြန်ပြီ..ဘေးနားမှာလဲသစ်ပင်ရိပ်တွေ..ခုံတန်းလေးတွေနဲ့ ပါလား..ခုံလေးတစ်ခုမှာဝင်ထိုင်လိုက်တယ်...ဟိုကြည့်ဒီကြည့်နဲ့ ပေါ့..
သဘာဝအလှတွေကိုကျွန်မကြိုက်တယ်လေ...ခပ်ဝေးဝေးကအပင်တွေကပန်းလေးတွေပွင့် နေတာဖြစ်မယ်..
အနံ့ အေးအေးလေးတွေကဒီဖက်ကိုလာနေတယ်...အနည်းငယ်လှမ်းသောနေရာတွင်ဂစ်တာတီးပြီးသီချင်းဆိုနေကြသောအဖွဲ့ တစ်ဖွဲ့ ရှိနေတယ်..
သေချာနားထောင်ကြည့်တော့ကျွန်မကြိုက်တဲ့Rock သီချင်းအဟောင်းလေးတွေပဲ...
အသာလေးသီချင်းနားထောင်နေချိန်တွင်ကျွန်မဘေးကိုအမျိုးသမီးတစ်ယောက်ဝင်ထိုင်လိုက်တာသတိထားမိတယ်...သူ့ ကိုကျွန်မကပြုံးပြမိတ်ဆက်လိုက်တယ်..
သူကလည်းဖော်ဖော်ရွေရွေပါပဲပြန်ပြုံးပြပြီးမေးတယ်..'ခုမှရောက်ဖူးတာလား'..
ဒီလိုနဲ့ သူနဲ့ ကျွန်မစကားတွေတော်တော်ပြာဖြစ်ကြတယ်..သူပြောပြလို့ ဒီနေရာလေးရဲ့ အကြောင်းကိုလဲ
တော်တော်များများသိလိုက်ရပါတယ်..ဒီနေရာလေးကိုလူတစ်ယောက်ကဦးဆောင်ပြီးထူထောင်ခဲ့ တာဆိုပဲ...
ဒီလိုနဲ့ စိတ်တူ..ကိုယ်တူ..၀ါသနာတူတဲ့လူငယ်တွေ...သူငယ်ချင်းတွေပါ ပါဝင်လာပြီး..ခုဆိုတော်တော်လေးတော့အင်အားများလာပြီတဲ့ ..ဒီနေရာလေးကိုစောင့်ရှောက်မဲ့ လူတွေပေါ့..
ဒီထဲရောက်လာကြတဲ့ လူတိုင်းကလည်းဒီနေရာလေးအရှည်တည်တံ့ အောင်..ဒီထက်မကတိုးတက်အောင်
လုပ်ဆောင်မယ်ဆိုတဲ့စိတ်လေးတွေကိုယ်စီရှိကြတယ်တဲ့ လေ..အားရစရာပါပဲ
သူကဆက်ပြောသေးတယ်..ဒိနေရာလေးကစည်းကမ်းလဲရှိကြောင်း..စည်းကမ်းမရှိတဲ့ လူတွေကိုလဲဒီနေရာကိုလာခွင့် မပြုကြောင်းတွေ...တစ်ယောက်နဲ့ တစ်ယောက်လဲရိုင်းရိုင်းစိုင်းစိုင်းပြောဆိုလေ့မရှိသလို..ရိုင်းစိုင်းစွာပြောဆိုတတ်သူများကိုလဲနောက်ထပ်လာခွင့်ပြုမှာမဟုတ်ကြောင်း..အများကြီးပါပဲ..
ဒါတွေတော့ကျွန်မလဲသတိထားမိတယ်...၀င်လာကတည်းကအေးချမ်းမှုကိုပဲရခဲ့ တာလေ..ကျွန်မကိုတော့သူတို့ နောက်ထပ်လာခွင့် ပြုမှာပါနော်..
ကျွန်မခုချိန်မှာဒီနေရာလေးအတွက်ဘာမှလုပ်မပေးနိုင်ပေမဲ့ ..ဒီနေရာလေးကိုပျက်စီးအောင်..အရုပ်ဆိုးအကျည်းတန်အောင်..လုပ်မဲ့ သူမဟုတ်ပါဘူး..ဘယ်သူ့ ကိုမှလဲကျွန်မမဆဲတတ်ပါဘူး.
ဒါဆိုသူတို့ နှင်မထုတ်ဘူးလို့ ထင်တာပဲ..ကျွန်မတစ်ယောက်ထဲလျှောက်တွေးနေမိတယ်..
အမျိုးသမီးကကျွန်မကိုနှုတ်ဆက်ပြီးထွက်သွားတယ်..သူထွက်မသွားခင်ပြောသွားတာက
ဒီနေ့ လေးဟာဒီနေရာလေးကိုထူထောင်တာတစ်နှစ်ပြည့်တဲ့ နေ့ ဆိုပါလား...
ကျွန်မကတိုက်တိုက်ဆိုင်ဆိုင်ဒီနေ့ မှဒီနေရာလေးကိုရောက်လာတယ်..
ဒီနေရာလေးကိုအရောက်နောက်ကျလို့ နှမြောသလိုခံစားမိသေးတယ်..ဒါပေမဲ့ အခုရောက်လာပြီပဲလေ
ဒီနေရာလေးအမြဲတမ်းဒီလိုပဲသန့် ရှင်းလှပနေပါစေ..အနံ့ အသက်ကင်းစင်နေပါစေ..သာသနာ့အဆောက်အဦးများလဲတည်တံ့ ပြီးနောက်ထပ်ပွားများလာပါစေ...ဆဲရေးတိုင်းထွာခြင်းအမြဲကင်းစင်နေပါစေ..လေ့လာစရာများနဲ့ အမြဲသစ်လွင်နေပါစေလို့ ဆုတောင်းမိပါတယ်..ဒီနေရာလေးအစဉ်တည်တံ့ ပြီး
နောက်ထပ်ဒီလိုနေရာလေးများစွာပေါ်ပေါက်လာပါစေ..ဒီလိုနေရာသေးသေးလေးတွေပေါင်းစုပြီး
သန့် ရှင်းသာယာသော..အနံ့ အသက်ကင်းစင်သော..လူသားဆန်သောလူများနေထိုင်ရာကမ္ဘာကြီးတစ်ခုဖြစ်လာပါစေ..ဘာပဲဖြစ်ဖြစ်ဒီနေ့ လေးကတော့မင်္ဂလာရှိတဲ့ နေ့ လေးတစ်နေ့ ပါ...ဘာလို့ လဲဆိုတော့နေပျော်စရာနေရာလေးတစ်ခုမွေးဖွားခဲ့ တာတစ်နှစ်ပြည့်ခဲ့ ပြီလေ..


Happy Birthday New World
May you always provide all human being by sharing your good knowledge,attitude and behavior.
June 6,2010 ကမ္ဘာသစ် ( ၁ ) နှစ်ပြည့် အမှတ်တရ စာစု 


Posted by Hnin Hmone Yee on June 6, 2010 at 12:00am


ကမ္ဘာသစ် စာစုများကို facebook တွင် မိတ်ဆွေ သူငယ်ချင်းများအား မျှဝေလိုပါလျှင် အောက်တွင် ပါရှိသော facebook like icon အား Click နှိပ်၍ အလွယ်တကူ Share လုပ်နိုင်ပါသည်။  

No comments:

Recent Posts

လစဉ်အလိုက် တင်ခဲ့သော ပိုစ့်များ

Popular Posts

မြန်မာ့မြေ

erer-outer'>