2 3 4 5 6 7 8 9 10

Tuesday, October 18, 2011

အချစ်လုံးဝမဝင်ရ

အိပ်မရတဲ့.....ညတွေများလွန်းလို့
အိမ်မက်ဆိုတာ...
ဘာမှန်းတောင်မသိတော့ဘူး...
ချစ်တတ်ခြင်းတွေက.....ခါးသီးလွန်းလို့
အချစ်ဆိုတာ....
တမာခါးလို့တောင်အထင်မှားမိတယ်.....
မေ့မရတဲ့......သံယောဇဉ်တွေကိုဖြတ်ဖို့
ဒါးတစ်ချောင်းနဲ့အလုပ်ရှုပ်ခဲ့တာ
ကြာလှပြီပေါ့...
နှောင်ကြိုး..နှောင်ကြိုး..
တစ်မျိုးတိုးလို့...
ချည်နှောင်တတ်တယ်တဲ့...
ပြောမယုံကြုံဖူးမှသိ..ဆိုတဲ့အတိုင်းဘဲ
သူကချည်တာလား...
ကိုယ်ကမဖြည်တာလား..
ဝေေ၀၀ါးဝါး...နဲ့
ခုတော့...ခါးနေတဲ့
နှလုံးသားနဲ့ဘဲ....
လွဲ.....လွဲ.....သွားတတ်တဲ့
အချစ်ကို...
စိတ်နာလို့...
ဆိုင်းဘုတ်တင်လိုက်တယ်...
အချစ်လုံးဝ...မ၀င်ရ.......။။။

(blackroze)


Posted by balckroze on July 15, 2010 at 8:58pm 

ကမ္ဘာသစ် စာစုများကို facebook တွင် မိတ်ဆွေ သူငယ်ချင်းများအား မျှဝေလိုပါလျှင် အောက်တွင် ပါရှိသော facebook like icon အား Click နှိပ်၍ အလွယ်တကူ Share လုပ်နိုင်ပါသည်။  

No comments:

Recent Posts

လစဉ်အလိုက် တင်ခဲ့သော ပိုစ့်များ

Popular Posts

မြန်မာ့မြေ

erer-outer'>