2 3 4 5 6 7 8 9 10

Monday, October 17, 2011

အိပ်မက်ဖမ်းသူ

 

အိပ်မက်တွေကို အကောင်အထည်ဖော်ဖို.
စစ်သူကြီးတစ်ယောက်လို
မဟာဗျူဟာတွေချ
လောကဓံနဲ. စစ်တိုက်ခဲ့တာ
ရှုံးတဲ့အခါရှုံး ၊ နိုင်တဲ့အခါနိုင်
ဗုံလုံတလှည့် ငါးပျံတလှည့်နဲ.
ငါ့မာနတွေ ပဲ့ပဲ့ပါသွားတာ ဆိုးတယ်။

ကောင်းကင်ကိုပျံတက်ဖို.
တောင်ပံတဖျန်းဖျန်းခတ်ပြီး
“အိမ်”ဆိုတဲ့ ရင်ခွင်ကို စုန်ကန်ထွက်ခဲ့
မိုးကိုဒူးနဲ့ တက်မတိုက်တောင်
မြေမှာတော့ ဒူးမထောက်ချင်ခဲ့တဲ့ကောင်ပါ..။
အခုတော့…
မေမေရေ…
အိမ်ပြန်လာခဲ့ပါရစေ…
အိပ်မက်တွေလိုက်ဖမ်းရတာ မောလွန်းလို့ …။

ကျော်ဇင်ထွန်း

Posted by KYAW ZIN TUN on May 28, 2010 at 9:58am 


No comments:

Recent Posts

လစဉ်အလိုက် တင်ခဲ့သော ပိုစ့်များ

Popular Posts

မြန်မာ့မြေ

erer-outer'>