2 3 4 5 6 7 8 9 10

Monday, October 17, 2011

" အမြင် "

ဖန်ခွက်

ရေခွက်ပါ

 

လေခွက်မဟုတ်ဘူးလား ။  

ရေတစ်ဝက်ပဲပါတယ်

လေတစ်ဝက်ပဲပါတယ် ။


တစ်ဝက်လိုနေတယ်


မဟုတ်ဘူး..... တစ်ဝက်ပြည့်နေတာ


အပြည့်ပါ.....ရေတစ်ဝက် လေတစ်ဝက် ရောထားတာ ။


ကမ္ထာ့ဆွဲအားက ရေကို အောက်ဆွဲချထားတာ


မဟုတ်ဘူး..... လေက ရေကို နင်းထားတာ


မဟုတ်ပါဘူး..... ရေက လေကို ပင့်တင်ထားတာ ။


ဖန်ခွက်က ရေကို ချုပ်နှောင်ထားတာ


ရေအကြီးကြီးထဲမှာ ရေသေးသေးလေးတွေ နစ်နေတာ


လေအကြီးကြီးက လေတစ်ဝက်ကို ၀ါးမြိုထားတာ ။


ဖန်ခွက်ထဲမှာ ရေတွေ နစ်နေတာ


လေထဲမှာ ဖန်ခွက် နစ်နေတာ


မဟုတ်ပါဘူး ........ အမြင်တွေ ထဲမှာ အမြင်တွေ ပြန်နစ်နေတာ ။


ဖန်ခွက်က မကွဲသေးဘူး


အမြင်တွေကျကွဲသွားလိုက်တာမျ
ား တစ်စစီကိုပြန့်ကျဲလို့ ။ ။


( သန်းထွန်းလင်း )



No comments:

Recent Posts

လစဉ်အလိုက် တင်ခဲ့သော ပိုစ့်များ

Popular Posts

မြန်မာ့မြေ

erer-outer'>