2 3 4 5 6 7 8 9 10

Sunday, October 16, 2011

အသည်းရောင် အသားဝါ ' အေ '

အသည်းရောင် အသားဝါ ' အေ '

အေ ..ဘီ ..စီ..ဒီ ဆိုပြီး အသည်းရောင် အသားဝါ ရောဂါ ဗိုင်းရပ်စ်ပိုး (၆) မျိုး ရှိတဲ့ အထဲမှာ အေရောဂါက လူသိနည်းတဲ့  အသည်းရောင် အသားဝါ ရောဂါ တစ်မျိုးပါ ။ နှစ်စဉ် မတ်လဆန်း လောက်ကစပြီး ဇွန် လလောက်အထိ ကလေးငယ်တွေမှာ အသည်းရောင်အသားဝါ အေ ..ရောဂါဟာ ကပ်ရောဂါ ပုံစံမျိုးနဲ့  မြန်မာပြည်အနှံ့ အပြားမှာ ဖြစ်လေ့ရှိပါတယ်။ နှစ်စဉ် နွေရာသီ ကျောင်းပိတ်ပြီးချိန် ယင်နားစာ၊ သရက်သီး ၊ ပိန္မဲသီး စတဲ့  အသီးတွေပေါ်ချိန်ရောက်ရင် ရန်ကုန်မြို့ မှာ အသည်းရောင် အသားဝါ အေ..ရောဂါ အကြီးအကျယ် ဖြစ်လေ့ရှိပါတယ်။
 
ရောဂါလက္ခဏာ..ဒီရောဂါ စဖြစ်ချိန်မှာ ဖျားနာခြင်း ၊ နုံးခွေ ချည့် နဲ့ ခြင်း ၊ အန်၊ ဝမ်းလျောခြင်း..စတာတွေ ဖြစ်ပွားပြီး..တိုက်ဖွိုက်၊ သွေးလွန်တုပ်ကွေး နဲ့  မှားတတ်ပါတယ်။စဖျားတာကနေ(၃) ရက် နဲ့  (၅)ရက်လောက်အကြာမှာ ဆီးတွေ၊ မျက်လုံးတွေ ဝါလာတော့မှ အသည်းရောင် အသားဝါမှန်း သိလာကြပါတယ်။ ကလေးတွေမှာ အဖြစ်များပြီး သူ့ ဘာသာသူပျောက်သွားတတ်တော့ သိပ်ပြီး ဂရုမစိုက်မိ ကြဘူးပေါ့ ။ အေ ရောဂါပိုးဟာ ဗိုင်းရပ်စ် ပိုးဖြစ်ပြီး အရမ်းကူးစက်လွယ်ပါတယ်..အဓိကအားဖြင့် အစားအစာနဲ့ ရေကနေ ကူးပါတယ်။သူ့ ရဲ့ ထူးခြားချက်ကတော့ အသက်ငယ်တဲ့သူတွေမှာ ဖြစ်များပြီး တစ်ခါဖြစ်ပြီးရင်နောက်ထပ် မဖြစ်တော့ပါဘူး။မြန်မာနိုင်ငံရဲ့ အခြေအနေအရ အသက်(၃၀)အထိ အသည်းရောင် အေ ရောဂါ ဖြစ်နိုင်ပါတယ်။ (၃၀)ကျော်သွားရင်တော့ အသည်းရောင် အေ ရောဂါ မဖြစ် နိုင်တော့ဘူးလို့ ပြောနိုင်ပါတယ်။

ကူးစက်မှု

ရောဂါပိုးဟာ ရောဂါရှိသူရဲ့ မစင်ကနေ ပတ်ဝန်းကျင်ကို ပျံ့နှံ့ပြီး ရေခဲထဲမျာဆိုရင် မသေဘဲ တစ်နှစ်လောက်အထိ ခံပါတယ်။ဂေါ်ဖီထုပ်၊ပန်းမုန်လာ၊ကန်ဇွန်းရွက် စတဲ့ အသီးအနှံ လတ်လတ်ဆက်ဆက်တွေကို စားမယ် ဆိုရင် အေ ရောဂါ ပိုး ကူးနိုင်ပါတယ်။ရောဂါဖြစ်တဲ့ ကလေးတစ်ယောက်ဟာ အသားဝါပြီးနောက် (၃)ပတ်လောက် သူနဲ့ နီးနီးစပ်စပ်နေတဲ့ သူတွေကို ကူးနိုင်ပါတယ်။ရောဂါဖြစ်နေတဲ့  ကလေးမှတဆင့် တခြားကလေးတွေပါ ကူးစက်နိုင်ပါတယ်။အသည်းရောင် အသားဝါအေရောဂါပိုး ဟာ ကုသပြီး သက်သာသွားလျင် ဘီပိုး နဲ့ စီပိုးလို နာတာရှည်အဖြစ် လူ့ ကိုယ်ထဲမှာ မကျန်ရစ်ခဲ့ပါ။

ကာကွယ်ရန်

အေရောဂါကို အဓိက ကာကွယ်ရန်မှာ တစ်ကိုယ်ရေ သန့် ရှင်းမှုနှဲ့  စားတဲ့ အစားများ သန့် ရှင်းရန်၊ အိမ်သာသွားပြီး လက်ဆေးရန်၊ အစာမစားခင်လက်ဆေးရန် ၊ယင်နားစာ မစားရန် ၊သန့် ရှင်း တဲ့ ရေကိုသောက်ရန်လိုပါတယ်။ ကာကွယ်ဆေးထိုးထားရန်လိုပါသည်။Glaxo Smithkline ကုမ္ပဏီမှ ထုတ်ပြီး HAVRIX ဆိုသောနာမည်ဖြင့် ဝယ်နိုင်ပါသည်။ ကာကွယ်ဆေးကို အသက်(၁)နှစ်မှ အသက်(၃၀) အတွင်း ထိုးထား သင့်ပါသည်။ပထမတစ်လုံးထိုးပြီး (၆) လ ကြာလျင် ဒုတိယ အကြိမ်ထိုးရပါမယ်။အေ ပိုး ဝင်ပြီး မပြီး သွေးမစစ်ပဲ ကာကွယ်ဆေးထိုးလို့ ရပါသည်။အသက်(၃၀)ဝန်းကျင်ဖြစ်လျင် ထိုးဖို့ လိုမလို သိချင်လျင် Anti-HAV IgG စစ်ပြီး Positive ဆိုလျင် ပိုးဝင်ပြီးသား..ကိုယ်ခံအားရှိပြီးသားဖြစ်သောကြောင့် အေ ကာကွယ်ဆေးထိုးစရာ မလိုပါ။Negative ဆိုလျင် ကာကွယ်ဆေးထိုးရပါမည်။

ရေများများသောက်သုံးခြင်း

အသားဝါဖြစ်လျင် ရေ(၆) ပုလင်းခန့် သောက်ကျသည်မှာ လွဲမှားသော အယူအဆ ဖြစ်ပါသည်။ရေ အများကြီးသောက်လျင် နဂို ပျို့ ချင်၊အန်ချင် နေသောသူ ပျို့ မယ် ၊ အန်မယ် ဆိုလျင် အစာမျို လမ်းကြောင်း ရဲ့ အဆုံးနားမှ သွေးကြောလေးများပေါက်ထွက်ပြီး သွေးအန်နိုင်ပါသည်။ထို့ နောက်သတိလစ်သွားနိုင်သောကြောင့်ရေများများသောက်ံခြင်းသည်အသားဝါရောဂါရှိသူတစ်ယောက်အတွက် အန္တရာယ်ရှိနိုင်ပါသည်။အသားဝါေ၇ာဂါ ရသူမှာ နဂို အခံ အသည်းခြောက်ရောဂါ၊ အသည်းအားနည်းရောဂါ ရှိလျင် ရေ(၆) ပုလင်းသောက်သည်နှင့် ခြေထောက်ရောင်၊ ရေဖျင်းစွဲ ခြင်းများပါ ဖြစ်လာနိုင်ပါသည်။ (၂၄) နာရီ အတွင်း (၁၅၀၀)စီစီ..ဒရစ် ပုလင်းကြီး (၃၀)ပုလင်းစာ ခန့် .. အရည်သောက်နိုင်လျင် လုံလောက်ပါသည်။လူနာ အာသီသ ရှိသလောက်တိုက်ခြင်းသာ အကောင်းဆုံးဖြစ်ပါသည်။

ဒေါက်တာ ခင်မောင်ဝင်း 
 
 health knowledge

No comments:

Recent Posts

လစဉ်အလိုက် တင်ခဲ့သော ပိုစ့်များ

Popular Posts

မြန်မာ့မြေ

erer-outer'>