2 3 4 5 6 7 8 9 10

Sunday, October 16, 2011

ကျန်းမာရေး ကိုဂရုစိုက်ပါ

နံနက်ပိုင်းတွင် သန့်ရှင်းသော ရေပုံမှန်သောက်သုံးလျှင် ကိုယ်အလေးချိန်ကျဆင်းစေနိုင်
သန့်ရှင်းသောရေကို နေ့စဉ်နံနက်ပိုင်း အချိန်တွင် ပုံမှန်သောက်သုံးပေးသွားပါက ကိုယ်အလေးချိန် လျော့ကစေကြောင်း ဂျပန်သုတေသနပညာရှင်များက ထုတ်ဖော်ပြောကြားလိုက်သည်။
မဖြစ်ပွားနိုင်
နေ့စဉ်နံနက်ပိုင်း အိပ်ရာထစ အချိန်တွင် ရေတစ်လီတာခန့်သောက်သုံးပါက ကိုလက်စတရောကျဆင်းစေသည့်အပြင် ကိုယ်လက်လေံကျင်ံခန်း ၁၀မိနစ်ခန့်ပြုလုပ်ပေးလျှင် အစာအိမ်နှင့် အူကင်ဆာများ မဖြစ်ပွားစေနိုင်ကြောင်း ၎င်းတို့က ပြောကြားသည်။
ပံ့ပို့းပေး
သို့သော် တစ်နေ့လျှင် အနည်းဆုံးရေသုံးလီတာခန့် သောက်သုံးပေးသင့်ပြီး ထိုသို့သောက်သုံးပါက ကိုယ်အလေးချိန်ကျဆင်းမှုကိုပိုမိုအထောက်အကူပြုစေကြောင်းသိရသည်။ သန့်ရှင်းသော သောက်ရေသည် ခန္ဓာကိုယ်အတွင်းသွေးသန့်စင်မှုကို အထောက်အကူပြုသည့်အပြင် ခန္ဓာကိုယ်အတွင်းဆဲလ်များ ရှင်သန်ဖွံ့ဖြိုးမှုကို ပံ့ပိုးနိုင်သည်ဟုဆိုသည်။
လေ့ကျင့်ခန်း
ထို့ကြောင့် နံနက်ပိုင်း ရေသောက်သည့် အလေ့အကျင့်ပြုလုပ်ပြီး လေ့ကျင့်ခန်းအချိန်မှန်ပြုလုပ်ပေးပါက ကိုယ်အလေးချိန်ကျဆင်းစေပြီး အစာအိမ်နှင့် အူကင်ဆာများ အဖြစ်ဖွားနိုင်ကြောင်း ထုတ်ဖော်ပြောကြားသည်။

အိပ်မပျော်သူများ ကိုယ်လက်လေ့ကျင့်ခန်းပြုလုပ်သင့်


ညပိုင်းအချိန်တွင် အိပ်မပျော်သည့်လူများအနေဖြင့် နံနက်ပိုင်းနှင့် ညနေအချိန်များတွင် ကိုယ်လက်လေ့ကျင့်ခန်း နေ့ စဉ် တစ်နာရီခန့် ပြုလုပ်ပေးပါက ညပိုင်းအိပ်ပျော်စေနိုင်မည်ဖြစ်ကြောင်း တရုတ်သုတေသန ပညာရှုင်များကပြောကြားသည်။
နံနက်နှင့်ညနေပိုင်းတွင် ပုံမှန်လေ့ကျင့်ခန်းပြုလုပ်ခြင်းသည် သွေးလည်ပတ်မှုကို လျင်မြန်သွက်လက်စေပြီး ခြေလက်နှင့်ခန္ဓာကိုယ် အစိတ်အပိုင်းများရှိ သွေးကြောလေကြောများ ပွင့်စေကြောင်း သိရသည်။ ထို့ အပြင် စိတ်ပိုင်းဆိုင်ရာ တင်းကျပ်မှုနှင့် အာရုံကြောများ လန်းဆန်းမှု တို့ ကိုလည်း အထောက်အကူပြုစေကြောင်း ၊အထူးသဖြင့် ခန္ဓာကိုယ်အတွင်း အပူချိန်ကို ညီညွတ်မျှတစေကြောင်း သုတေသနများက ပြောကြားသည်။ခန္ဓာကိုယ်တစ်ခုလုံး လှုပ်ရှားမှုဖြစ်စေသည့် ကိုယ်လက်လှုပ်ရှားမှုလေ့ကျင့်ခန်းမျိုးကို ရွေးချယ်ပြုလုပ်သင့်ကြောင်း ၊ထိုသို့ နေ့ စဉ်ပုံမှန်ပြုလုပ်သွားပါက ညပိုင်း အိပ်မပျော်မှုများ ပျောက်ကင်းသွားစေမည်ဖြစ်ကြောင်း တရုတ်ပညာရှင်များက အကြံပြုထားပါသည်။


ပလတ်စတစ်ထုပ်ပိုးထားသော အစားအစာများ ကင်ဆာရောဂါများဖြစ်ပွားနိုင်


ပလတ်စတစ်ထုပ်ပိုးထားသော အစားအစာများကို စားသုံးခြင်းသည် ဦးနှောက်ကိုထိခိုက်စေသည့်အပြင် ကင်ဆာရောဂါများ ဖြစ်ပွားစေနိုင်ကြောင်း အမေရိကန် သုတေသန ပညာရှင်များက သတိပေးလိုက်သည်။ ပလတ်စတစ်ဖြင့် ထုပ်ပိုးထားသော အစားအစာများသည် ပလတ်စတစ်တွင်ပါရှိသည့် ဓာတုပစ္စည်းများပျော်ဝင်မှုရှိသည့်အတွက် အချိန်ကြာလာသည့်အခါ ကင်ဆာရောဂါများဖြစ်ပွားနိုင်သည်ကို တွေ့ ရှိရကြောင်း သတိပေးထားသည်။
အဆိုပါ ပလတ်စတစ်များတွင် အစားအစာများကို စက္ကန့် ပိုင်း၊ မိနစ်ပိုင်း အတွင်း ထည့်သွင်းယူဆောင်သွားသည့် အချိန်အတွင်းမှာပင် အန္တရာယ်များသော ဓာတုပစ္စည်းများပျော်ဝင်မှုကိုဖြစ်ပေါ်စေနိုင်ကြောင်းလည်း တွေ့ ရှိရကြောင်း ပြောကြားသည်။ ပလတ်စတစ်များဖြင့် ထုပ်ပိုးထားခြင်းကြောင့် ဓာတုအဆိပ်ပါဝင်မှု ရှိနိုင်သည့် အစားအစာများကို သတိပြုဆင်ခြင်စားသောက်သင့်ကြောင့် အမေရိကန် သုတေသနပညာရှင်များက အကြုံထားပါသည်။
--------------------------------------------------------------

သူငယ်ချင်းများအားလုံး ကျန်းမာရွှင်လန်းကြပါစေ..
ခင်မင်လျက်
နန္ဒ
အထက်ဖော်ပြပါ ကျန်းမာရေး ပညာပေး အကြောင်းအရာ ကမ္ဘာသစ်ပိုစ့် များကို facebook ရှိ မိမိသူငယ်ချင်းများကို မျှဝေလိုပါလျှင် အောက်မှ facebook  Like ကို Click နှိပ်၍ အလွယ်တကူ မျှဝေနိုင်ပါသည်။ 

No comments:

Recent Posts

လစဉ်အလိုက် တင်ခဲ့သော ပိုစ့်များ

Popular Posts

မြန်မာ့မြေ

erer-outer'>