2 3 4 5 6 7 8 9 10

Sunday, October 16, 2011

စိတ်ဖိစီးမှုကို ဘယ်လိုလျှော့ချကြမလဲ!!!!!!!!!!(How to Reducing the Stress)



လူတိုင်း လူတိုင်း လုံးဝရှောင်လွဲလို့ မရဘဲ လူ၏ ရုပ်ပိုင်းဆိုင်ရာ စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးကို ထိခိုက်စေသော မလိုလားအပ့်သည့် အရာများထဲတွင် " စိတ်ဖိစီးမှု " သည် ထိပ်ပိုင်းနေရာက ပါဝင်နေသည်။

ကျွန်မ ဖတ်ဖူးခဲ့ တဲ့ ဆရာ ဦးသိန်းလွင် ရေးတဲ့ စာအုပ်က နေ ကမ္ဘာသစ်ချစ်သူများ ဖတ်ရှုသိရှိပြီး သောက ကင်းဝေးစေဖို့ အတွက် ပြန်လည်ဝေငှပေးလိုက်တာပါ...........


စိတ်ဖိစီးမှု ဆိုတာ လူတိုင်းအတွက် တစိမ်းမဟုတ်သလို ငယ်ပေါင်းကြီးဖော်လည်း မဟုတ်ပါဘူး။ လာတဲ့အခါမှာတော့မခေါ်ဘဲလာတက်ပြီး နှင်မပစ်မချင်း ထွက်မသွားတက်တဲ့ အာဂန္တု ဧည့်သည် တစ်ပါးပဲဖြစ်ပါတယ်။

လူမှုရေး၊ စီးပွားရေး၊ ကျန်းမာေ၇း၊ ပညာေ၇း စတဲ့နယ်ပယ်အရပ်ရပ်ကြောင့် စိတ်ဖိစီးမှုဒဏ်ကို ခံရလေ့ရှိပါတယ်....

ကာကွယ်ခြင်းဟာ ကုသခြင်းထက်ပိုထိရောက်တယ်ဆိုတဲ့ စကားဟာ ဘယ်လိုကိစ္စမျိုး အတွက်ပဲဖြစ်ဖြစ် အမြဲမှန်ကန်တဲ့ သစ္စာ တ၇ားပါပဲ။ ဒါကြောင့် စိတ်ဖိစီးမှု ဆို တဲ့ ဧည့်ဆိုးကို ဘယ်လို ကာကွယ်ကုသ မလဲ ဘယ်လို တိုင်းတာ ကြမလဲ ဆိုတာ

ဆရာ ဦးသိန်းလွင် ရေးပြထားတဲ့ အကြောင်းလေးတွေနဲ့ ဆန်းစစ် ကြည့်ရအောင်.............

သင်ဖိစီးမှု ဒဏ်ဘယ်လောက်ခံနေရပြီလဲ??????????????

ဖိစိးမှု ဒဏ်ကို တွန်းလှန်နိုင်ဖို့အတွက် ပထမအဆင့် ကျော်လွှားရမည့် အချက်မှာ ဖိစီးမှု ရှိနေပြီဆိုသည်ကို အသိအမှတ်ပြုဖို့ဖြစ်ပါတယ်... အောက်ပါဖော်ပြချက်များကို ဖတ်ရှုတုံပြန်ကြည့်ခြင်းဖြင့် သင်၏ ဖိစီးမှု အဆင့်ကို တိုင်းတာကြည့်ပါ။ ပေးထားသောေ၇ွးချယ်စရာများထဲမှ သင့်အတွက် အနီးစပ်ဆုံးအဖြေကိုေ၇ွးချယ်မှတ်သားပေးပါ။

" ဘယ်တော့မှမဟုတ် " ဖြစ်ခဲ့လျှင် အဖြေ (၁) ကိုရွေးပါ။

" အမြဲ " ဖြစ်ခဲ့လျှင် အဖြေ (၄) ကိုရွေးပါ။
" တစ်ခါတစ်ရံ " ဖြစ်ခဲ့လျှင် အဖြေ (၂) ကိုရွေးပါ။
" မကြာခဏ " ဖြစ်ခဲ့လျှင် အဖြေ (၃) ကိုရွေးပါ။

ပြီးလျှင် ရမှတ်တွေအားလုံးကိုပေါင်းပါ။ သင်ရသော ရမှတ်ကို စိစစ်သုံးသပ်ထားချက်များနှင့် တိုက်ဆိုင်ကြည့်ပါ။ သင့်အဖြေများကို အသုံးပြုပြီး သင့်အတွက် တိုးတက်ပြုပြင်စရာနေရာကို သတ်မှတ်ဖော်ထုတ်ယူပါ။


၁။ အလုပ်ခွင်တွင် အမှား အယွင်းဖြစ်ခဲ့လျှင် ကျွနိုပ်သည် မိမိကိုယ်ကို အပြစ်တင်ပါသည်။

(၁) (၂) (၃) (၄)
၂။ ကျွနိုပ်သည် ပြသနာတွေကို မျိုသိပ်ထားပြီးနောက် အားလုံးပေါက်ကွဲထွက်ချင်သလို တင်းတင်းကျပ်ကျပ် ခံစားရပါသည်။
(၁) (၂) (၃) (၄)
၃။ ကိုယ်ရေးကိုယ်တာပြသနာများကို မေ့ပျောက်နိုင်ဖို့အတွက် ကျွနိုပ်သည် အလုပ်တွင် နစ်မြုပ်အာရုံစိုက်ထားပါသည်။
(၁) (၂) (၃) (၄)
၎။ ကျွနိုပ်သည်ဒေါသနှင့်မကျေနပ်မှုများကို အနီးဆုံးလူများပေါ်တွင် ရောက်၇ှိစေတတ်ပါသည်။
(၁) (၂) (၃) (၄)
၅။ ဖိစီးမှုဒဏ်ခံရသောအခါများတွင် ကျွနိုပ်၏ အပြုအမူပြောင်းလဲမှုပုံစံတွင် အပျက်လက္ခဏာပြောင်းလဲမှုများကို သတိပြု မိပါသည်။
(၁) (၂) (၃) (၄)
၆။ ကျွနိုပ်သည် ဘ၀တွင် အပြုသဘောထက် အပျက်သဘောကို ပိုအာရုံစိုက်ပါသည်။
(၁) (၂) (၃) (၄)
၇။ အခြေအနေသစ်များတွင် ကျွနိုပ်သည် မနေတက်၊ မထိုင်တက်၊ မသက်မသာ ခံစားရတက်ပါသည်။
(၁) (၂) (၃) (၄)
၈။ ကျွနိုပ်ပါဝင်လုပ်ဆောင်နေသော အဖွဲ့အစည်းအတွင်း ကျွနိုပ်၏ အခန်းကဏ္ဍမှာ ဘာမျှ အရေးပါအရာရောက်ခြင်းမ၇ှိပါ။
(၁) (၂) (၃) (၄)
၉။ အလုပ်ခွင်သို့ ၄င်း၊ သို့ မဟုတ် အရေးကြီးသော အစည်းအဝေများသို့ ၄င်း၊ ကျွနိုပ်သည် နောက်ကျတက်သည်။
(၁) (၂) (၃) (၄)
၁၀။ လူမှုရေးဝေဖန်မှုများကို အပျက်သဘောအမြင်ဖြင့် ကျွနိုပ်သည် တုံပြန်တတ်ပါသည်။
(၁) (၂) (၃) (၄)
၁၁။ တစ်နာရီလောက် ထိုင်နေပြီး၊ ဘမျှ အလုပ်မလုပ်ရလျှင် အပြစ်၇ှိသည်ဟု ကျွနိုပ်ခံစားရပါသည်။
(၁) (၂) (၃) (၄)
၁၂။ ဖိစီးမှုဒဏ်မခံရသော်လည်း ကိုယ်ခန္ဒာတွင် ယားယံလာသည်ဟု ကျွနိုပ်ခံစားရတက်ပါသည်။
(၁) (၂) (၃) (၄)
၁၃။ ကျွနိုပ်သည် ကျွနိုပ်စိတ်ကြိုက် သီတင်းစာကိုပင် ဖတ်ဖို့ အချိန် အလုံအလောက်မရတော့ပါ။
(၁) (၂) (၃) (၄)
၁၄။ ကျွနိုပ်အတွက် ၀န်ဆောင်မှုကိုသောင်၎င်း၊ အာရုံစူးစိုက်မှုကိုသော်၎င်း ချက်ချင်းတောင်းခံတက်ပါသည်။
(၁) (၂) (၃) (၄)
၁၅။ အလုပ်ခွင်နှင့် အိမ်တွင် ကျွနိုပ်သည် အမှန်တကယ်ခံစားနေရသော စိတ်လှုပ်ရှားခံစားရမှုကို ဖော်ပြဖို့ ရှောင်ရှားပါသည်။
(၁) (၂) (၃) (၄)
၁၆။ကျွနိုပ်သည် ကျွနိုပ်တစ်ပြိုင်တည်းလုပ်နိုင်သော လုပ်ငန်းပမာဏထက် ပိုယူပြီး လုပ်ဆောင်တက်ပါသည်။
(၁) (၂) (၃) (၄)
၁၇။ကျွနိုပ်သည် ကျွနိုပ်၏ ရုပ်ပိုင်းအကန့်အသတ်ကိုလည်းကောင်း၊ လုပ်ငန်းပိုင်းဆိုင်ရာ ကျွမ်းကျင်မှု အကန့်အသတ်ကိုလည်းကောင်း လျစ်လျူရှုတတ်ပါသည်။
(၁) (၂) (၃) (၄)
၁၈။ လုပ်ဖော်ကိုင်ဖက်များနှင့် အထက်အရာရှိများထံမှ အကြံဥာဏ် ရယူဖို့အတွက် ၀န်လေးနေတတ်ပါသည်။
(၁) (၂) (၃) (၄)
၁၉။ အလုပ်တွင် ကျွနိုပ်၏ အချိန်တွေအားလုံးပေးရသဖြင့် ၀ါသနာနှင့် စိတ်ဝင်စားသော ကိစ္စများ ဆုံးရှုံးရပါသည်။
(၁) (၂) (၃) (၄)
၂၀။ ကိစ္စတစ်ခု၇ှိလာလျှင် အသေအချာစဉ်းစားတွေးတောခြင်းမ၇ှိဘဲ လုပ်တတ်ပါသည်။
(၁) (၂) (၃) (၄)
၂၁။ အလုပ်တက်ရက်များတွင် အလုပ်များလွန်းသဖြင့် မိတ်ဆွေများ၊ လုပ်ဖော်ကိုင်ဖက်များနှင့်ပင် နေ့လည်စာ အတူတူမစားနိုင်ပါ။
(၁) (၂) (၃) (၄)
၂၂။ ကျွနိုပ်က အခိုင်အမာတင်းတင်းကျပ်ကျပ်မပြောဆိုမှုအပေါ် လူအများက အခွင့်ကောင်းယူတတ်ပါသည်။
(၁) (၂) (၃) (၄)
၂၃။ အလုပ်တွင် မနိုင်ဝန်ထမ်းရသောအခါ မနိုင်တာဝန်ထမ်းနေရကြောင်းပြောဖို့ ကျွနိုပ်သည် ၀န်လေးနေတတ်ပါသည်။
(၁) (၂) (၃) (၄)
၂၄။ အခြားသူများအား အလုပ်တာဝန်ခွဲဝေပေးဖို့ ကျွနိုပ်သည်ေ၇ှာင်ရှားတတ်ပါသည်။
(၁) (၂) (၃) (၄)
၂၅။ ကျွနိုပ်သည် လုပ်ရမည့် လုပ်ငန်းတာဝန်တွေကို ဦးစားပေးအစီအစဉ် မပြုလုပ်ဘဲ လုပ်ငန်းစတင်လုပ်တတ်ပါသည်။
(၁) (၂) (၃) (၄)
၂၆။ မေတ္တာရပ်ခံလာမှု၊ တောင်းခံလာမှုများကို ခေါင်းခါပြဖို့ ကျွနိုပ်သည် ခက်ခဲပါသည်။
(၁) (၂) (၃) (၄)
၂၇။ကျွနိုပ်သည် နေ့စဉ်အရေးကြီးသော အလုပ်များကို ပြီးရန် လိုအပ်သည်ဟုခံစားရပါသည်။
(၁) (၂) (၃) (၄)
၂၈။ ကျွနိုပ်သည် လုပ်ဆောင်ရမည့် လုပ်ငန်းများအလားလုံးကို ပြီးနိုင်မည် မဟုတ်ဟု ထင်တတ်ပါသည်။
(၁) (၂) (၃) (၄)
၂၉။ရှုံးမှာကြောက်သောစိတ်သည် ကျွနိုပ်အား လုပ်ငန်းလုပ်ဆောင်ရာတွင် တွန့်ဆုတ်ရပ်တန့်စေပါသည်။
(၁) (၂) (၃) (၄)
၃၀။ ကျွနိုပ်၏အလုပ်သည် မိသားစုဘ၀ထက် ဦးစားပေးသည့် အဆင့်တွင် ရောက်နေပါသည်။
(၁) (၂) (၃) (၄)
၃၁။ တစ်ခုခုသည် ချက်ချင်းဖြစ်မလာခဲ့လျှင် ကျွနိုပ်သည် သည်းမခံနိုင်တော့ပါ။
(၁) (၂) (၃) (၄)

စိစစ်သုံးသပ်ချက်

သင်သည်မိမိကိုယ်ကို အကဲဖြတ်မှု ပြီးပါပြီ။ ရမှတ်အားလုံးကိုပေါင်းလိုက်ပါ။ သင်၏ ဖိစီးမှုအဆင့်ကို သက်ဆိုင်ရာအကဲဖြတ်ချက်နှင့် ညှိပြီးဖတ်ကြည့်လိုက်ပါ။ သင်၏ ဖိစီးမှု အဆင့်သည် မည်မျှပင် နိမ့်ကျစေကာမူ တိုးတက်လာအောင်လုပ်နိုင်ပါသည်။

အမှတ်ပေါင်း (၃၂ မှ ၆၄)
= သင်၏ ဖိစီးမှုကို ကောင်းစွာ ကိုင်တွယ်နိုင်ပါသည်။ ဖိစီးမှုအလွန်နည်းလျှင် သိပ်စိတ်ဝင်စားစရာမကောင်းပါ။ ထို့ကြောင့် အပြုသဘောဖိစီးမှုနှင့် အပျက်သဘောဖိစီးမှု မျှတအောင်ကြိုးစားပါ။

အမှတ်ပေါင်း (၆၅ မှ ၉၅)
= သင့်တွင် အန္တရာယ်ကင်းသော ဖိစီးမှု အဆင့်၇ှိပါသည်။ သို့သော် အချို့ ကဏ္ဍများတွင် တိုးတက်အောင် လုပ်ဖို့လိုပါသေးသည်။

အမှတ်ပေါင်း (၉၆ မှ ၁၂၈)
= သင်၏ ဖိစီးမှု အလွန်မြင့်မားလွန်းပါသည်။ လျှော့ချဖို့အတွက် နည်းဗျူဟာအသစ်များကို လေ့ကျင့် ယူဖို့ လိုအပ်ပါသည်။

ကမ္ဘာသစ်ပိုစ့် များကို facebook ရှိ မိမိသူငယ်ချင်းများကို မျှဝေလိုပါလျှင် အောက်မှ facebook  Like ကို Click နှိပ်၍ အလွယ်တကူ မျှဝေနိုင်ပါသည်။


* Posted by yangonthulay.13 on October 14, 2009 at 9:00pm

No comments:

Recent Posts

လစဉ်အလိုက် တင်ခဲ့သော ပိုစ့်များ

Popular Posts

မြန်မာ့မြေ

erer-outer'>