ဒီလိုလျှောက်လာရင်း အသံတစ်ခုကြားလိုက်တယ်….သူ့ ညာဘက်..မိုးကုတ်စက်ဝိုင်းမှာ ရထားခေါင်းတွဲ တစ်ခု လာနေတာ တွေ့ လိုက်ရတယ်..ရထားခေါင်းတွဲမှာ မောင်းတဲ့သူ မပါဘူး….ဒီသံလမ်းမှာ အမြဲ လမ်းလျှောက်နေကျ..ဒီသံလမ်းက ရထားတွေ အသုံးမပြုတာ ကြာပြီ…ဘယ်ကိုများသွားမှာပါလိမ့်လို့  ရထားလမ်းကြောင်းတစ်ဆုံးကို လှမ်းကြည်လိုက်တော့ သူ နဲ့ ခပ်ဝေးဝေးက သံလမ်းတစ်နေရာမှာ တစ်နှစ်ခွဲသာသာ ..ကလေးတစ်ယောက် သံလမ်းပေါ်ထိုင်ရင်းဆော့ကစားနေတာကို တွေ့ လိုက်ရတယ်.....ကလေးက ဘာမှ မသိသေးတဲ့အရွယ်..ကလေးထိန်းတဲ့သူ လည်း မတွေ့ …သူ စိုးရိမ်သွားတယ်…အမြန်ပြေးပြီး သွားပွေ့ ပြေးဖို့ အချိန်ကလဲ မရ…..ရထားက သူနဲ့ နီးလာပြီ…လှမ်းအော်သတိပေးဖို့ ကလဲ ကလေးက နားလည်တဲ့အရွယ်လဲမဟုတ်..သူဘာလုပ်ရမလဲ..ဒီကလေးကို ကယ်နိုင်တဲ့သူက သူတစ်ယောက်ပဲ ရှိတော့တယ်..လမ်းကြောင်းကို ကြည့်လိုက်တော့ …သူ ရပ်နေတဲ့နားမှာ ရထားလမ်းဆုံ ရထားလမ်းလွှဲတဲ့ မောင်းတံတစ်ခုကိုတွေ့ ရတယ်…လမ်းကြောင်းလွှဲပေးရင်တော့ ကလေးရှိတဲ့ လမ်းကြောင်းကနေ တစ်ခြားဘက်ကို ဦးတည်သွားမှာပဲ ဆိုပြီး..မောင်းတံကို အပြေး သွားကိုင်လိုက်ရင်း ဆွဲချဖို့ ပြင်လိုက်တယ်…ဆွဲချခါနီး အခြားလမ်းကြောင်းကို လှမ်းကြည့်လိုက်တဲ့အခါ…အခြားလမ်းကြောင်းဆုံးမှာ ရပ်ထားတာက သူ့ ကား…ဒီကားလေးက လစဉ်ကြေးသွင်းပြီးမှ ဝယ်ထားတာ….အာမခံကြေး အပြည့်လဲ မသွင်းနိုင်တော့ တကယ်လို့ သာ ဒီကားလေး ပျက်စီးသွားရင် လျှော်ကြေးရမှာ မဟုတ်တော့ဘူး..ဆင်းရဲနွမ်းပါးသူ ဖြစ်လို့  ဒီကားလေးသာ တစ်ခုခု ဖြစ်သွားရင် စားဝတ်နေရေးကြပ်တည်းရင်း အခက်အခဲတွေ နဲ့ ရင်ဆိုင်ရတော့မယ်…ကားကို ဆုံးရှူံး မခံနိုင်လို့ မောင်းတံ ကို မဆွဲရင် တစ်ဘက်မှာ ကလေး အသက်ဆုံးရှူံးမယ်….ဘာလုပ်ရမလဲ..စက္ကန့် ပိုင်းအတွင်း ဆုံးဖြတ်ရတော့မယ်…တစ်ကိုယ်လုံး ဝေခွဲ မရစွာ တုန်ယင်လာရင်း…မောင်းတံကို လွတ်လိုက်တော့တယ်…ရထားဟာ ကလေး ရှိရာ လမ်းကြောင်းအတိုင်း လှိမ့်သွားပါတော့တယ်…
ဒါကတော့ ၂၀၀၉ ဒီဇင်ဘာလ ၂၀ရက် စင်္ကာပူ စာပေဟောပြောပွဲက ..စာရေးဆ၇ာမ ဂျူး …ပြောခဲ့တဲ့…အဝါရောင် ရထား ဆိုတဲ့  ဝတ္တုတိုလေး ဖြစ်တည်လာပုံ…အင်္ဂလိပ်ESSAY လေး တစ်ပုဒ်ပါ....ဘုန်းတော်ကြီးပညာသင်ကျောင်းထောက်ပံ့ရေး ဂျူးဖောင်ဒေးရှင်း…ကလေးသူငယ်များစောင့်ရှောက်ရေး ရန်ပုံငွေ ရှာဖွေရေးအဖွဲ့ ..စတဲ့..လူမှုရေး ဆိုင်ရာ လှုပ်ရှားမှု တွေ..စတင်စိတ်ဝင်စား ဆောင်ရွက်ခဲ့ခြင်းရဲ့ အရင်းခံ ..ESSAY လေးဖြစ်ကြောင်း ပြောသွားပါတယ်…
ဘဝမှာ ..ခုလို အချိန်တိုအတွင်း ရွေးချယ်စရာတွေ ကြုံလာတတ်ပါတယ်..နှစ်ခုလုံးကတော့ အကျိုးဆက်တွေ ရှိနေတယ်…. ဒီနေရာမှာ စာဖတ်သူသာဆိုရင် ဘာလုပ်မလဲ…ဆိုတာကို ချပြခဲ့တယ်….စာပေဟောပြောပွဲ အကြောင်း နားထောင်မိရင်း ကျွန်မ အတွေးထဲ ရောက်လာတာက နာဂစ်ဒဏ်ကြောင့် ဆင်းရဲဒုက္ခရောက်နေရတဲ့ ကလေး လေးတွေ….မြင်တွေ့ ကြားသိ နေရသမျှ ရင်နင့်ဖွယ် အဖြစ်လေးတွေ….ဝမ်းနည်းကြေကွဲနေရတဲ့ ကလေးတွေ….
စာဖတ်သူအနေနဲ့ ကော..အထက်က အဖြစ်မျိုး ကြုံလာခဲ့ရင် ဘယ်လို ဆုံးဖြတ်မလဲ..ဘာလုပ်မလဲ...အကယ်လို့ သာ သိန်းရာချီပေးရတဲ့ ကားမျိုးကို ဆုံးရှူံးခံနိုင်မယ်..ကလေးတစ်ယောက်အသက်ကို ကယ်တင်မယ်လို့ ဆုံးဖြတ်မယ်ဆိုရင်…လက်တွေ့  မှာ ဘာတွေ ကူညီခဲ့..စောင့်ရှောက်ခဲ့ပြီးပြီလဲ… တကယ်တမ်း...နာဂစ်ဒဏ်ကြောင့် မိဘမဲ့ အဖြစ်ရောက်နေတဲ့ ကလေးတစ်ယောက်ကို …ဆွေမျိုးရင်းခြာလို ခေါ်ယူ စောင့်ရှောက် ပညာသင်ပေးလိုက်ဖို့ ဆိုရင်ကော...ခက်ခဲပါမည်လား.. မြန်မာနိုင်ငံမှာ စားဝတ်နေရေး ပြေလည်တဲ့ မိသားစုတွေ အများကြီးပါ…တစ်အိမ်ထောင်ကို တစ်ယောက်နှုန်းနဲ့ ..ကလေးသူငယ်တွေကို ပြုစုပျိုးထောင်ပေးလိုက်ရင်…အနာဂတ်ငွေကြယ်ပွင့်တွေ အများကြီး တောက်ပလာမယ်…
ဖြစ်ခဲ့တာကိုမတားလိုက်နိုင်ပေမယ့်..အကျိုးဆက်ကိုဝိုင်းဝန်းဖြေရှင်းနိုင်တာပဲနော်….လက်လှမ်းမှီသလောက် ကူညီခဲ့ကြ..လှူဒါန်းခဲ့ကြတဲ့ သူတွေ လဲ ဒု နဲ့ ဒေး ရှိမှာပါ….
သဘာဝဘေး အန္တရာယ်ကြောင့် မိဘမဲ့ ကလေးတွေ ..ဆင်းရဲ နွမ်းပါးသွားတဲ့ ကလေးတွေ…ကျောင်းမနေနိုင်တဲ့ ဘဝတွေကနေ….ပညာတွေ သင်ကြားဖို့ ..စားဝတ်နေရေးပြေလည်ဖို့ ..နိုင်သလောက် လက်တွဲခေါ်ပြီး… ကူညီ လှူဒါန်းကြရင်း….မြင်တွေ့ နေရတဲ့ ဝမ်းနည်း ကြေကွဲမှုတွေ အဆုံးသတ်သွားပါစေလို့ ဆန္ဒ ပြုလျှက်…..
အားလုံးပဲ ပျော်ရွှင် ငြိမ်းချမ်းကြပါစေ..
သက်နွယ်
Posted by thet nwe on January 19, 2010 at 8:30am
ကမ္ဘာသစ် စာစုများကို facebook တွင် မိတ်ဆွေ သူငယ်ချင်းများအား မျှဝေလိုပါလျှင် အောက်တွင် ပါရှိသော facebook like icon အား Click နှိပ်၍ အလွယ်တကူ Share လုပ်နိုင်ပါသည်။
No comments:
Post a Comment