2 3 4 5 6 7 8 9 10

Sunday, October 16, 2011

သူရဲကောင်းသုံးဖော်နှင့်အတူ

လူဟုသတ်မှတ်ကတည်းကပင်ဘ၀ဆိုသောဝန်ထုတ်ဝန်ပိုးကြီးကိုပိုင်ဆိုင်ရစမြဲဖြစ်ပါသည်။

သို့သော်ဘ၀တစ်ခုကိုပိုင်ဆိုင်နေရုံမျှဖြင့်မပြီးသေးဘဲ၊ မိမိဘ၀အောင်မြင်ရေးအတွက်ကြိုးပမ်းလှုပ်ရှားရဦးမည်သာ၊


လူဘ၀ဆိုတာရခဲလှသည်ဟု ဗုဒ္ဒရှင်တော်ဘုရားကဟောကြားခဲ့သည်။ ရခဲလှသည့်ဘ၀ကိုတန်ဖိုးရှိရှိ အောင်မြင်အောင်


အသုံးချသွားနိုင်မှသာ ဘ၀ကိုရယူရကျိုးနပ်ပါလိမ့်မည်။ အောင်မြင်သောဘ၀ကိုပိုင်ဆိုင်နိုင်ဖို့


ရန်တိကျသောရည်ရွယ်ချက်ပန်းတိုင်၊ယင်းပန်းတိုင်သို့ ရောက်ရှိရန်
သတ္တိ၊ဇွဲ၊လုံ့လ ဖြင့်

လုပ်ဆောင်မှုတို့ရှိဖို့လိုသည်။ရည်မှန်းချက်ပန်းတိုင်မရှိပါက လောကဟင်းလင်းပြင်တွင် မျောချင်တိုင်းမျောနေပေလိမ့်မည်။


ကံကြမ္မာမုန်တိုင်း အမျိုးမျိးနှင့်မလွဲမသေရင်ဆိုင်ရမည် သာဖြစ်သည်။

ကောင်းဆိုးနှစ်တန်လောကဓံ၊ခံနိုင်မှသာ လူတော်သာ ဟုတောင်မြို့မှမဟာဂန္ဒ္ဓဒ္ဓာရုံဆရာတော်ဘုရားကြီးကသြ၀ါဒ

ပေးခဲ့ဖူးသည်။နာမည် ကျော်ကဗျာဆရာကြီးတဂိုး က ပန်းတစ်ပွင့်ခူးရင်းရပ်မနေပါနှင့် ရှေ့သို့တိုးသွားပါ၊သင်သွားမည်လမ်းမှာ

၊ပန်းများအဆက်မပြတ်ပွင့်နေမည် သာ ဟုပြောထားပါသည်။


ဆည်းပူးစရာပညာတတ်မရှိ၊စာကြည့်တိုက်ဆိုတာလဲ နထ္တိ ထိုကဲ့သို့သောကျေးလက်တွင်ရသမျှ စာတိုစာစကိုကောက်ဖတ်ရင်း ၊


ပညာရှိအမတ် ဖြစ်ခဲ့သည့်
ဝန်ဇင်းမင်းရာဇာ၊ မထင်မရှားတပ်ကြပ်လေးဘ၀မှ ပြင်သစ်အင်ပါယာဧကရာဇ်ဘုရင်ဖြစ်လာသည့်

နပိုလီယန်
၊တောထဲတွင်သစ်လုံးတဲနှင့်နေခဲ့သည့်ဘ၀မှ အမေရိကန်သမ္မတကြီးဖြစ်သွားသည့် အေဗရာဟယ်လင်ကွန်း၊

အောင်မြင်ရမည်ဟူသောရည်မှန်းချက်ကြီးကြီးဖြင့် ကြိုးစားခဲ့သည့်မှတ်တိုင်များပင်ဖြစ်ပေသည်။


စွန့်စားရသည့်အမှားများမှာလည်း အောင်မြင်ရန်အတွက်ရင်းနှီးမြုပ်နှံမှုသာဖြစ်သည်ဟု ချားလ်စ်အက်ဖ်ကတ်တားရင်း

ဆိုသည့်ပုဂ္ဂိုလ်ကြီး ကလည်းမှတ်သားဖွယ်ပြောကြားခဲ့သည်။ အကြီးမားဆုံးအောင်မြင်မှုများသည် စွန့်စားဆောင်ရွက်ရသည့်


အမှားများမှတဆင့်ရရှိလာ သည့်အကျိုးရလာဒ်များသာဖြစ်သည်။


ဘ၀အောင်မြင်ရေးအတွက် အချိန်သည်လွန်စွာတန်ဖိုးရှိသည့်အရာဖြစ်ပေသည်။မိမိကိုယ်ပိုင်အချိန်၏တန်ဖိုးကိုနားလည်ပြီး အကျိုးရှိရှိ


အသုံးချတတ်လိုအပ်လှပေသည်။ဘ၀အောင်မြင်ဖို့ရန်ခိုင်မာသည့်စိတ်ဓာတ်ရှိဖို့ရန် အလွန်အရေးကြီးလှသည်။



*** ဘာမှမလုပ်ချင်မကိုင်ချင်စိတ်ဓာတ်ကျလာသည့် အခါမျိုးတွင်ကျောက်တုံးကိုတူနှင့်ထုခွဲနေသော

ကျောက်ထုသမားထံသွားရောက်ကြည့်ရူ တတ်၏၊ တစ်ခါတစ်ရံသူသည်အကြိမ်တစ်ရာမျှထုသော်လည်း ကျောက်တုံးမကွဲပေ၊


တစ်ရာတစ်ကြိမ်ထုသောအခါ ကျောက်တုံးကွဲသွားလေသည်။သို့သော် ကျောက်တုံးသည်


တစ်ရာတစ်ကြိမ်မြောက်ထုချက်ကြောင့်ကွဲခြင်းမဟုတ် ၊ထုချက်အားလုံး၏ ပေါင်းစုမှုကြောင့်သာကွဲခြင်းဖြစ်ကြောင်း


ကျွန်တော်သဘောပေါက်မိဟုပြောပြခဲ့သည့်
ယာကော့ပ်ရီးစ် ၏စကားသည်လည်းတန်ဖိုးရှိလှပါသည်။

***
ကဗျာဆရာငွေတာရီ၏....................

သုံးဖော်ဆွေလဲ၊ တူယှဉ်တွဲသည်

အောင်မြဲမုချ၊ အောင်မည်ပ၊

သဟဲဖော်ညှိ၊ သတ္တိရှိပြီး

ချစ်သည့်သဟာ၊ ဇွဲလည်းပါ

မကွာထပ်လောင်း၊ငယ်ကပေါင်းသည့်

ဆွေကောင်းလုံ့လ၊ တူတကွတည်း......


ဆိုသည့်
သူရဲကောင်းသုံးယောက်နှင့်ခရီးသည်ကဗျာထဲကကဲ့သို့ ရှင်သန်ရသည့်ဘ၀တလျှေက်မှာ မည့်သည့် ခက်ခဲ ကြမ်းတမ်းမှု များနှင့် တွေ့ကြုံစေကာမူ မိမိ၏ခိုင်မာသောစိတ်ဓာတ်၊ဇွဲလုံ့လ၊သတ္တိတို့ကိုအရင်းပြုပြီး
ဘ၀ပြသနာကိုဖြေရှင်းမည်ဆိုပါကအောင်မြင်သည့်ဘ၀တစ်ခုကို ပိုင်ဆိုင်ပြီး ရှင်သန်ရကျိုးနပ်မည်ဖြစ်ပေသည်။


ကျွန်မဘ၀မှာ အခက်အခဲတွေ အရှူံးတွေ စိတ်ဓာတ်ကျစရာတွေနှင့်ရင်ဆိုင်ရသည့်အခါတိုင်း စိတ်ကိုမြှင့်တင်ပေးသည့်စာပေများကို

ဖတ်ပြီး၊ဘ၀ကိုရင်ဆိုင်နိုင်ဖို့ရန်အားမွေးရသည်မှာ ကျွန်မအတွက်အကောင်းမွန်ဆုံးနည်းလမ်းတစ်ခုပါ။ စိတ်ညစ်တဲ့အချိန်တွေမှာတော့ အေးချမ်းသည့်ဘုရားရိပ်မှာအေးဆေးအာရုံပြုရင်း တရားထိုင်ပါတယ်။ ဘ၀မှာရှင်သန်နေတဲ့အချိန်အထိတော့ ဒုက္ခဆင်းရဲတွေကိုရင်ဆိုင် နေရမှာဖြစ်သည့်အတွက်ကြောင့် အခက်အခဲများကိုအကောင်းဆုံး ဖြေရှင်းနိုင်သည့်နည်းလမ်းကိုရှာဖွေရင်း ဘ၀ကိုအရူံးမပေးဘဲ အရာရာကိုခိုင်မာသည့်စိတ်ဓာတ်ဖြင့် ကျော်လွှားနိုင်ကြပါစေလို့ ကမ္ဘာသစ်သူငယ်ချင်းများအား အားပေးဆန္ဒပြုအပ်ပါသည်။
်
ခင်မင်စွာဖြင့်
ခင်စိုးထွဋ် 

Posted by khin soe htut on January 21, 2010 at 7:00am 


ကမ္ဘာသစ် စာစုများကို facebook တွင် မိတ်ဆွေ သူငယ်ချင်းများအား မျှဝေလိုပါလျှင် အောက်တွင် ပါရှိသော facebook like icon အား Click နှိပ်၍ အလွယ်တကူ Share လုပ်နိုင်ပါသည်။  
 

No comments:

Recent Posts

လစဉ်အလိုက် တင်ခဲ့သော ပိုစ့်များ

Popular Posts

မြန်မာ့မြေ

erer-outer'>