မြန်မာတို့ ရဲ့ ကျေးဇူးတရားသိတတ်မှုကို အစောဆုံးစာပေ အနေနဲ့ ပုဂံခေတ်က ရာဇကုမာ ကျောက်စာမှာအစောဆုံးတွေ့ နိုင်ပါတယ်.။ကျေးဇူးတရားနဲ့ ကျေးဇူုးသိတတ်မှု ဆိုတာကို
မြန်မာတို့ ရဲ့ ခေတ်အဆက်ဆက် လူ့ ယဉ်ကျေးမှု စံအနေနဲ့ ပါ အလေးထားသတ်မှတ်ခဲ့ကြပါတယ် ။ သာဓကတို့ မရှားလှပါ ။
ငယ်ငယ်ကသင်ခဲ့ရတဲ့ သူရဲကောင်း ငခင်ညို ဇာတ်လမ်းလေးမှတ်မိကြဦးမယ်ထင်ပါတယ် ။
ဒါပေမယ့် ဒီနေရာ သမိုင်းတွင်စေမယ့် ငခင်ညိုရဲ့ သမိုင်းဝင် စိတ်ထား တွေ့ ရပါပြီ။ " ငါဟာ စောယွန်းမင်းရဲ့ နတ်တင်ထမင်းကိုကိုစားလိုက်ရလို့  ဒီမင်းဟာ ငါ့ရဲ့ ထမင်းရှင် ဖြစ်ခဲ့ပြီ..
သူ၏ကျေးဇူးသည် ငါ့မှာရှိခဲ့ပြီ ..ထမင်းရှင် ကျေးဇူးရှင်ကို ငါ ပြစ်မှားသော်၊ သံသရာအဆက်ဆက်၌ ငါနစ်မွန်းတော့မည် ။ ငါ့အရှင် ၏ အမှုတော်ကို မကျေခဲ့လျှင် ဒီတစ်ဘ၀ သာလျှင်သေရမည် .." ဟု တွေးတောဆင်ခြင်ပြီး စစ်ကိုင်းစောယွန်းမင်း၏ ပတ္တမြား ကျောက်စီဓားကို သက်သေခံ၍ အသင်္ခယာစောယွန်းကိုမသတ်ခဲ့ပဲ ငါးစီးရှင်ကျော်စွာထံ ပြန်ခဲ့လေ၏ ။
ငခင်ညိုလည်း ပြန်ရောက်သောအခါ ပတ္တမြားကျောက်စီဓားကို ဆက်၍ အဖြစ်ကြောင်းကုန်စဉ်ကို လျှောက်တင်လေသည် ။ဤတွင် ငါးစီးရှင် ကျော်စွာကလည်းသူ၏အမှုတော်ကိုဆောင်ရွက်ရန် ပျက်ကွက်ခဲ့သောသူရဲကောင်း ငခင်ညို၏ လျှောက်တင်ချက်ကို လေးနက်စွာ စဉ်းစားဆင်ခြင်လေသည်။
'' ငခင်ညို သည် တလုပ်တဇွန်းမျှသော သူတစ်ပါး၏ ထမင်းကို စားမိသည်ကြောင့် ဤမျှသောကျေးဇူးကို ထောက်ထားသိမြင်၏ ..ငါ၏ နေ့ စဉ်မပျက် သားမယားနှင့်တကွ ကျွေးမွေးပြုစုခဲ့သောကျေးဇူး ကိုဆိုပါလျှင် ဆိုဖွယ်ရာမရှိပြီတည်း ' ဟု များစွာကျေနပ်အားရ၍ များစွာသော ဆုလာဘ်ကို ချီးမြှင့်လေသည် ။
ဒီသမိုင်း ဇာတ်ကြောင်းမှာ ဘုရင် နဲ့ သူ့ ရဲ့  ကျွန် ငခင်ညိုတို့ ရဲ့ ကျေးဇူးတရား ကို ခံစားနားလည်သိတတ်ပုံ၊ ငါးစီးရှင်ကျော်စွာရဲ့  ကျေးဇူးတရားသိတတ်မှုကို အလေးထားမြောက်စားချီးမြှင့်ပုံတို့ ကို မြန်မာတို့ ရဲ့  ငယ်စဉ် ဘ၀ စာပေအသိဥာဏ်ဖွံ့ ဖြိုးတဲ့အရွယ် ၊ကျောင်းသုံးစာအုပ်များနဲ့ အသိအလိမ္မာပေး ပုံဝတ္ထုစာအုပ်များစွာတို့ မှာ ဖော်ပြခဲ့ပါတယ် ။ကျေးဇူးတရားကို တန်ဘိုးထားတတ်အောင်၊
သိတောင်အောင်၊ ပြန်လည်ပေးဆပ်တတ်အောင် ရည်ရွယ်ရေးသား ထုတ်ဝေခဲ့ကြပါတယ် ။ဒါဟာ ကျေးဇူးတရား ဆိုတဲ့ စကားလုံးနဲ့ ဆက်နွယ်နေတဲ့ သမိုင်းပုံဝတ္တုလေးကို ပြန်လည်ရေးသားလိုက်တာပါ။
ကြွေးမြီသစ်ချပြီး ကြွေးမြီဟောင်းဆက်တဲ့ ကျေးမင်း ပုံဝတ္ထုလည်းဖတ်ဖူးကြမှာပါ ။
မိပါတယ် ။ ဘုရားလောင်းကျေးမင်းပါပဲ ။
အဲဒီမှာ ပုဏ္ဏားက သူသိချင်တဲ့အကြောင်းခုနက အကြောင်းအရာကိုမေးမြန်းပါတော့တယ် ။ ဒီနေရာမှာ ဘုရားလောင်းကျေးမင်းက သူ အခုလို ကောက်စပါးတွေကိုက်ချီ ယူဆောင်သွားနေတာဟာ
ကြွေးမြီသစ်ကိုချ ပြီး ကြွေးဟောင်းကိုပြန်ဆပ်နေတာပါတဲ့ ။ ပုဏ္ဏားလည်း ဒီစကားရဲ့ အဓိပ္ပါယ်ကို ရှင်းလင်းပြောပြဖို့ ပြောတဲ့အခါ ဘုရားလောင်းကျေးမင်းက..
'' အို ..ပုဏ္ဏား ငါ့၌ အရွယ်အိုမင်းပြီ ဖြစ်သော ငါ၏ အမိအဖ တို့ သည် ရှိ၏ .. ငါ၏ မိဘတို့ သည် ငါငယ်နုစဉ်အခါက ငါ့ကိုပြုလုပ်ကျွေးခဲ့၍ ငါ့အားကြွေးမြီကိုချထားခဲ့၏..
ယခု ငါသည် မိဘတို့ အားပြန်၍ လုပ်ကျွေးပြုစုရန် အခါရောက်ပေပြီ .. ကြွေးဟောင်းကိုပြန်လည်ဆပ်သည့်အနေဖြင့် အပြန်ခရီးလမ်းတွင် ဤသို့ မိဘတို့ အတွက် ကောက်စပါးတို့ ကို ယူဆောင်သွားရပါသည် ''
... တဖန် ကျေးမင်းသည် ကြွေးမြီသစ် ချ သည် ဆိုသည်ကို ဆက်၍ ရှင်းပြလေ၏ ..။
" အို..ပုဏ္ဏား ငါ့၌ အရွယ်မရောက်သေးသော သားသမီးတို့ သည် ရှိ၏ .. ကိုယ်တိုင် အစာရှာခြင်းငှာ မတတ်နိုင် ။ ထို ငါ၏ သားသမီးတို့ သည် ငါအရွယ်အိုမင်းသော အခါ ပြန်လည်၍ ငါ့အား
ကျွေးမွေးစောက်ရှောက်ကြစေ သောငှာ ကြွေးမြီသစ်ကိုချသည့်အနေဖြင့် သားသမီးတို့ အတွက်လည်း ဤသို့ ကောက်စပါးတို့ ကို ယူဆောင်ရပါသည် '' .. ဟု ရှင်းလင်းစွာ ဖြေကြားလေသည် ။
ပုဏ္ဏားလည်း ဘုရားလောင်း ကျေးမင်း၏ ပညာနှင့်ယှဉ်သော၊ ကျေးဇူးတရား နှင့် ယှဉ်သော၊ စကားတို့ ကို ကြားရတဲ့အခါမှာ များစွာကျေနပ်အားရမှု၊ နှစ်သက်ရွှင်လန်းမှု့ ဖြစ်သောကြောင့်
ကျေးးမင်း လိုအပ်သလောက်သော လယ်မြေကို အလိုရှိသမျှ စားသောက်ရန် လှူဒါန်းလေသည် ။
ဒီပုံဝတ္ထုမှာလည်း ကျေးဇူးတရား ဆိုတာကိုခံစားနားလည်မိကြမယ်ထင်ပါတယ် ..။
နိုင်ငံနဲ့ ယှဉ်တဲ့ ကျေးဇူးတရားကိုရှာကြည့်မယ်ဆိုပါလျှင်လည်း တွေ့ မြင်ရမှာအများကြီးပါပဲ ။
နေရာတိုင်းမှာ ငွေပေးဝယ်လို့ မရတဲ့ အရာတွေ အများကြီးပါပဲ ..ကျေးဇူးသိတတ်မှု ၊ကျေးဇူးဆပ်မှု ဆိုတာဟာလည်း ငွေပေးဝယ်လို့ မရပါဘူး ။စလူတို့ ရဲ့ ယဉ်ကျေးတဲ့ စိတ်နေသဘောနဲ့ မွန်မြတ်တဲ့ အဆုံးအမတရား တို့ နဲ့ ဆက်နွယ်ပြီး မိမိရဲ့ စိတ်သန္တာန်မှာ ဖြစ်တည်လာတဲ့အရာပါ။ တစ်ဦးနဲ့ တစ်ဦး မေတ္တာစိတ်နဲ့ ကူညီကျေးဇူးပြုကြတဲ့အခါမှာ မြန်မာတို့ သုံးနှုန်းတဲ့ " အားနာတယ် " ဆိုတဲ့ ဝေါဟာရကိုကမ္ဘာမှာ ဘာသာပြန်ဖို့ စကားလုံးတောင်မရှိပါဘူး ။ မိမိအပေါ် တစ်စုံတစ်ရာ အကျိုးကျေးဇူးပြုလာတဲ့အခါ ကျေးဇူးတင်ပါကြောင်းပြောကြားရတဲ့ အသိအမှတ်စကားလုံးလေးဟာ မြန်မာတို့ ရဲ့ ယဉ်ကျေးမှု ပြယုဂ်တစ်ခုပါပဲ ။
ကိုယ့်ကိုကောင်းကျိုးပြုသည်ဖြစ်စေ မပြုသည်ဖြစ်စေ ကိုယ်၌ ကိုယ်က အသိနဲ့ ယှဉ်တဲ့ အဆုံးအမနဲ့ ယှဉ်တဲ့ စိတ်နဲ့ ပြုမူဆက်ဆံနေထိုင်သွားရမှာက လူတိုင်း( သို့ မဟုတ် ) ကျွန်တော်တို့ ဗုဒ္ဓဘာသာဝင် တိုင်း သတိထားလက်ကိုင်ပြုပြီး နေကြရမှာပါပဲ ။
သူငယ်ချင်းများအားလုံး တင်ပေဖူးသော သူ့ ကျေးဇူးကို အထူးသိတတ်ကြပါစေ ..
ခင်မင်မှုများစွာဖြင့်
နန္ဒ ( ကမ္ဘာသစ် )
* Posted by Nanda on October 24, 2009 at 4:00pm
No comments:
Post a Comment