2 3 4 5 6 7 8 9 10

Sunday, October 16, 2011

အောင်မြင်မှုဆိုတာ.

ဆရာလူထုစိန်ဝင်းရဲ့စောင်းပါးလေးပါ.....

အတော်များများက လူငယ်စာရေးဆရာ(လူငယ်တွေအကြောင်းရေးတာကိုပြောတာပါ) အဖြစ်အသိအမှတ်ပြုထားကြတော့ လူငယ်တွေအကြောင်း စာရေးပေးဖို့တောင်းဆိုကြတယ်။ အထူးသဖြင့် လူငယ်တွေအတွက်အောင်မြင်ရေးတို့၊ ဘ၀လမ်းညွှန်တို့ဆိုတာမျိုးတွေကို လိုချင်ကြတာများတယ်။ အောင်မြင်ရေးဆိုတာ လူငယ်တိုင်းအတွက် ဘ၀ရည်မှန်းချက်လို့ ယူဆထားကြပုံရတယ်။


အောင်မြင်ရေးဆိုတဲ့ စကားပြောကြလွန်းတော့ အောင်မြင်ရေးဆိုတာဘာလဲဆိုတဲ့အကြောင်း စဉ်းစားကြည့်တယ်။ ပညာရေးမှာဖြစ်ဖြစ်၊ စီပွားရေးမှာဖြစ်ဖြစ်၊ လူမှုေ၇းမှာဖြစ်ဖြစ် ထူးထူးချွန်ချွန် ၊ ပေါက်ပေါက်မြောက်မြောက်

်ဖြစ်တာကိုဆိုလိုတာလား။ ဒါဆိုရင်တစ်ဖက်မှာ " လူတစ်လုံးသူတစ်လုံး" ဖြစ်မလာသူတွေက မအောင်မြင်တဲ့ "ဆုံးရှုံးသူ" တွေလား။ တစ်သက်လုံးမျက်နှာငယ်ငယ်နဲ့နေရမှာလား။ ဒီလိုတော့ မဟုတ်သေးဘူးထင်တယ်။ လူ့လောကမှာ ထူးချွန်ပေါက်မြောက်ပြီး ထိပ်ဆုံးရောက်နေသူနဲ့ သူလိုငါလိုအလယ်အလတ်နေရာလောက်ရောက်သူ ဘယ်သူကပိုများသလဲ။ စဉ်းစားဖို့မလိုဘူး။ လူတိုင်းသိပါတယ် ။ လူများစုကြီးဖြစ်တဲ့ သူလိုငါလို အလယ်အလတ်သမားတွေကိုပစ်ပယ်ထားလိုက်ရင် ဘယ်နိုင်ငံဘယ်အဖွဲ့အစည်းမှ တိုးတက်ထွန်းကားမလာနိုင်ပါဘူး။ ထိပ်ဆုံးေ၇ာက်လူမွန်တွေနဲ့ချည်းလူ့လောက သာယာလှပအောင်ဖန်တီးလို့မရပ်ဘူး၊

အောင်မြင်မှု ကို အမှတ်ဘယ်လောက် ရသလဲ။ ရာထူးအဆင့် ဘယ်လောက်မြင့်သလဲဆိုတဲ့ရလဒ်နဲ့ သတ်မှတ်တယ်ဆိုတာလည်း မှန်တယ်လို့မထင်ပါဘူ။ကမ္ဘာ့ထိပ်သီးစာရင်းဝင် နှလုံးအစားထိုးကုသမှုဆရာဝန်ကြီးဖြစ်တာ ကောင်းပါတယ်။ တောကြိုအုံကြားမှာ မော်တော်ဆိုင်ကယ်လေးတစ်စင်းနဲ့ တစ်ရွာဝင်တစ်ရွာထွက် လူနာတွေလိုက်ကုပေးနေတဲ့ "ဂျီပီဆရာဝန်" လေးလည်း အလားတူကောင်းတာပါပဲ။ ထူးထူးချွန်ချွန်မရှိလှလို့ MRCP ၊ FRCS ဆိုတဲ့တော်ဝင်ဘွဲ့ကြီးတွေလည်းမရ ၊ အနောက်နိုင်ငံကြီးတွေဆိုတာလဲ မရောက်ခဲ့ပေမယ့် ကျေးရွာဇနပုဒ်လေးတွေက ဆင်းရဲသူ ဆင်းရဲသားများအဖို့တော့ အဲဒီဂျီပီ လေးဟာတစ်ကယ့် လု့အဖိုးတန်ဖြစ်ပါတယ်။ နှလုံးအတုကို ပထမဆုံး ပုံစံထုတ်လုပ်ပြီး လူနာကိုတပ်ဆင်ပေးခဲ့တဲ့ အမေရိကန်လူမျိုးဆရာဝန်ဒေါက်တာဂျားဗစ်ဆိုတာ အဲဒီတောသူတောင်သားများ အဖို့တော့ ဘာမှမဟုတ်ပါဘူး။

ဘာကြောင့်လဲဆိုတော့ (Dr . Jarvit ) ဆိုတာ သူတို့ဆီလာတာမှမဟုတ်တာ ၊ သူတို့ရဲ့တောဆရာဝန်လေးကတော့ ညကြီးမင်းကြီး ပိုးထိလို့သွားခေါ်လည်း အိပ်ရာထဲကထပြီးလိုက်လာတာပဲ။ ရွာကလက်သည်မနိုင်တော့လို့
စောင်ပုခက်နဲ့သယ်လာတဲ့ မွေးလူနာကိုလည်း ညှပ်ဆွဲမွေးပေးလိုက်တာပဲ။ ထန်းလျှောလို့ခါးကျိုး သွားတဲ့လူနာဆိုရင်လည်း သူကိုယ်တိုင် ထော်လာဂျီစီးပြီး မြို့ဆေးရုံအေ၇ာက် လိုက်ပို့ပေးလိုက်တာပဲ။ အခကြေးငွေတို့ဘာတို့ စကားထဲထည့်ပြောတာမဟုတ်ဘူး ။ ပဲပေါ်ချိန်ပဲ ၊ နှမ်းပေါ်ချိန်နှမ်း ၊စ ပါးပေါ်ချိန်စပါးတစ်တောင်းတစ်လေ လက်ဆောင်ပေးကန်တော့လိုက်ရင်ပြီးတာပဲ။ ဒါကြောင့် ခရစ္စတီယန်ဘားနဒ်ကြီးဘယ်လောက်တော်တော် ။ဒေါက်တာဂျားဗစ်ဘယ်လောက် ချွန်ချွန်သူတို့ အတွက်တော့ သူတို့ဆရာဝန်လေးလောက် အဖိုးမတန်ပါဘူး။ 


  * Posted by Yadana on October 22, 2009 at 8:30pm

ကမ္ဘာသစ်ပိုစ့် များကို facebook ရှိ မိမိသူငယ်ချင်းများကို မျှဝေလိုပါလျှင် အောက်မှ facebook  Like ကို Click နှိပ်၍ အလွယ်တကူ မျှဝေနိုင်ပါသည်။

No comments:

Recent Posts

လစဉ်အလိုက် တင်ခဲ့သော ပိုစ့်များ

Popular Posts

မြန်မာ့မြေ

erer-outer'>