ခြကိုပုံပြု ..... ပျားကိုတု၍
ဥစ္စာစီးပွား ..... စုပါများသော်
တောင်ပို့၊ ပျားအုံ ..... အများဂုဏ်ကို
သက်သေထင်းပြ ..... အဖိုးတန်လှသလို
မျက်စဉ်းကျောက်သွေး ..... တရွေ့ရွေ့သေးသို့
တစ်နေ့တစ်ခြား ..... သုံးဖန်များသော်
မချွေတာဖြုန်းတီး ...... အသုံးကြီးသမို့
ပြုန်းတီးဥစ္စာ ..... လက်ဗလာတည်း
ထို့နည်းတူစွာ ..... လူတိုင်းမှာလည်း
ငါနှင့်ဆိုင်ရာ ..... ငါ့ဥစ္စာမရှိ
ဘုံပိုင်ဥစ္စာ ..... အများဆိုင်ရာကို
ကိုယ်ကလက်ဦး ..... အသုံးမထူးသော်
အဖိုးတန်ငြား ..... ဥစ္စာများက
မြဲမြံဆုပ်ကိုင် ..... မချုပ်နိုင်လျင်
သေရင်ကိုယ့်နောက် ..... မလိုက်လျှောက်ဘဲ
ကွက်စေ့အသုံး ..... လုံးလုံးမသိ
တွယ်တာကပ်ငြိ ..... တဏှာအသိနှင့်
သေသွားသောခါ ..... ရှိဥစ္စာသည်
ရ တာ နာ ..... သာဖြစ်ရသည်
"ပညာ နရာနံ ရတနံ" ဟူသည်
မွန်မြတ်အကျိုး ..... လူ့ဘ၀တိုးဖို့
ပညာဆီမီး ..... ထိန်ထိန်ငြီးဖြင့်
အမိုက်မှောင်ယှဉ်တွဲ ..... ဒုက္ခထဲ၌
ချိုမြိန်ကောင်းမြင့် ..... ခံစားခွင့်ကို
ရရှိသိုမှီး ..... ဒုက္ခပြီးဖို့
ရတနာစစ်မှန် ..... လက်ဦးရန်
စွမ်းဆောင် ..... ကြံသင့်သည်
ကုဋေကြွယ်ပွား ..... ဥစ္စာများလည်း
ပညာမရှိ ..... အသိကင်းကွာ
ရ တာ နာ ..... ရှိတာသော်မှ ရှုံးရသည်..။
* Posted by Yadana on November 6, 2009 at 2:30pm
ကမ္ဘာသစ်ပိုစ့် များကို facebook ရှိ မိမိသူငယ်ချင်းများကို မျှဝေလိုပါလျှင် အောက်မှ facebook Like ကို Click နှိပ်၍ အလွယ်တကူ မျှဝေနိုင်ပါသည်။
No comments:
Post a Comment