2 3 4 5 6 7 8 9 10

Sunday, October 16, 2011

မရှိခြင်း၏ချမ်းသာခြင်း

မရှိခြင်း၏ချမ်းသာခြင်း (သို့မဟုတ်) လောကကြီးအပြင်ဘက်မှ လာမကြည့်ကြနှင့်



ရွှေငွေတိုက်တာ၊ ကားဗလာနှင့်
ဖုန်းပါမရှိ၊ စည်းစိမ်ကြည့်တော့
တိတိပပ၊ နတ္ထိမျှသာ သူ့ဥစ္စာတည်း......။




ထိုမရှိခြင်း၊ ချမ်းသာခြင်းဖြင့်
ဘုံဆင်းရဲမှ၊ လွတ်မြောက်ရဟု
သူကမှတ်ထင်၊ ရင်တွင်းတင်ကာ စွဲမှတ်ထား၏...။




ရှိသည့်ဥစ္စာ၊ သေမင်းရွာသို့
မပါချန်လျှက်၊ ဥစ္စာပျက်ဖြင့်
ခြေလက်ဗလာ၊ သွားရတာချည့်
ကြုံလာလောက၊ မြဲဓမ္မတာဟု
ဟောကာပြလည်း၊ မေ့လျော့မြဲပြန် ပေါ့တန်တန်တည်း....။



လူထဲချမ်းသာ၊မရှိပါဟု
ဘာသာရှင်မြတ်၊ ဗုဒ္ဒမြတ်က
ထပ်ထပ်ခါခါ ဟောကာထားခဲ့တာဘဲမဟုတ်လား...။


ရေးသူအမည်။ မာန်မားမန်
မှတ်ချက် ။ အရမ်းကြိုက်လို့ဒီကဗျာကို မရမကတောင်းထားတာပါ။
ကမ္ဘာသစ် သူငယ်ချင်းတွေလည်းကြိုက်မယ်ထင်ပါတယ်။

* Posted by yangonthulay.13 on November 6, 2009 at 10:22pm

ကမ္ဘာသစ်ပိုစ့် များကို facebook ရှိ မိမိသူငယ်ချင်းများကို မျှဝေလိုပါလျှင် အောက်မှ facebook  Like ကို Click နှိပ်၍ အလွယ်တကူ မျှဝေနိုင်ပါသည်။

No comments:

Recent Posts

လစဉ်အလိုက် တင်ခဲ့သော ပိုစ့်များ

Popular Posts

မြန်မာ့မြေ

erer-outer'>