2 3 4 5 6 7 8 9 10

Sunday, October 16, 2011

ကမ ၻာတစ္ခု နှလုံးသားတစ်ခု ( ချစ်ခြင်းမေတ္တာ )


လူတစ်ယောက်ပျော်ရွှင်တဲ့အခါ
သူ့ အတွက် ပျော်ရွှင်ရမယ် ။
လူတစ်ယောက်ဝမ်းနည်းတဲ့အခါ
သူ့ အတွက်ဝမ်းနည်းရမယ် ။
ကောင်းတဲ့အချိန်မှာလည်း အတူတူ
ဆိုးတဲ့အချိန်မှာလည်းအတူတူ
ချစ်ခြင်းမေတ္တာဆိုတာ စွမ်းအားရဲ့ 
အရင်းခံအကြောင်းပါပဲ ။
အချိန်တိုင်းမှာ သင်ကိုယ်တိုင် ရိုးသားရမယ် ။
အခြားသူများအပေါ်မှာလည်း ရိုးသားရမယ် ။
ပြောတာ ၊ နားထောင်တာ ။ အမှန်တရားကိုလေးစားတာ ၊
ဘယ်အခါမှ ဟန်မဆောင်တာ ၊
ချစ်ခြင်းမေတ္တာဟာ အမှန်တရားရဲ့ 
အရင်းခံအကြောင်းပါပဲ ။
အခြားလူတစ်ဦးရဲ့ အစိတ်အပိုင်းအဖြစ်
ခံစားတတ်ရမယ် ။
အပြည့်အစုံ နားလည်မှုရှိပေးရမယ် ။
ဘယ်တော့မှ အပြောင်းအလဲမရှိတဲ့သူအဖြစ် လက်ခံရမယ်။
ချစ်ခြင်းမေတ္တာဆိုတာ ညီညွတ်ခြင်းရဲ့  အရင်းခံအကြောင်းပါပဲ ။
ကိုယ့်ဆန္ဒပြည့်ဝဖို့ လွတ်လပ်ခြင်းဟာလိုပါတယ်။
အခြားသူနဲ့  အတွေ့ အကြုံခြင်း ဖလှယ်ရမယ် ။
ဖွံ့ ဖြိုးမှုမှာ အတူတကွရှိရမယ် ။
ချစ်ခြင်းမေတ္တာဆိုတာ အောင်မြင်မှုရဲ့ 
အရင်းခံအကြောင်းတရားပါပဲ ။
အတူတကွ စီမံတဲ့အခါ
အတူတကွ ပြူမူဆောင်ရွက်တဲ့အခါ
ချစ်ခြင်းမေတ္တာဟာ အနာဂတ်ရဲ့ 
အရင်းခံ အကြောင်းတရားပါပဲ ။
မုန်တိုင်းထန်တယ်။
သန့် တန့် ရောင်မှာ ငြိမ်းချမ်းတယ် ။
ချစ်ခြင်းမေတ္တာဆိုတာ စိတ်အဟုန်ဇောရဲ့ 
အရင်းခံ အကြောင်းပါပဲ ။

နေ့ စဉ် အခြေအနေမှာ ပေးဆပ်ခြင်း ၊ ရယူခြင်းရှိရမယ် ။

အခြားလူများရဲ့ လိုအပ်ချက်တွေ ၊
ဆန္ဒတွေအပေါ် စိတ်ရှည်ရမယ် ။
ချစ်ခြင်းမေတ္တာဆိုတာ
မျှဝေခြင်းရဲ့  အရင်းခံ အကြောင်းပါပဲ ။
အခြားသူအကြောင်းသိရမယ် ။
ဘာပဲဖြစ်ဖြစ် ဂရုမထားပဲ
သင်နဲ့ အတူရှိနေပါစေ ။
အဝေးမှာ ရှိနေပေမယ့်
နှလုံးသားမှာ အချိန်တိုင်း
နီးနေပါစေ ။

ချစ်ခြင်းမေတ္တာဆိုတာ

လုံခြုံမှုရဲ့  အရင်းခံအကြောင်းပါပဲ ။

ချစ်ခြင်းမေတ္တာဆိုတာ

တို့ များဘ၀ တွေရဲ့  အရင်းခံအကြောင်းပါပဲ ..။ 


ဦးသန်းထွတ် ( ပါမောက္ခ - ငြိမ်း )

No comments:

Recent Posts

လစဉ်အလိုက် တင်ခဲ့သော ပိုစ့်များ

Popular Posts

မြန်မာ့မြေ

erer-outer'>