2 3 4 5 6 7 8 9 10

Sunday, October 16, 2011

.တို့ကျောင်းစတက်စဉ်က..



အပြင်က ကစားပြီးပြန်လာတဲ့ကျွန်မကို အမေကသမီး..သမီးလျှောက်ထားတဲ့မေဂျာကျလာပြီတဲ့.....အမ်.....
ဘယ်သူကလျှောက်ထားလို့လဲနော်။ မေဂျာတွေကို တန်းစီပြီးလျှောက်ပးတာကိုကြီးလေ...(၁၀) တန်းအောင်ပြီး အမှတ်
ထွက်ကတည်းက လိုချင်တဲ့အမှတ်နဲ့ ၇တာနဲ့တတစ်ခြားင်္စီဖြစ်နေလို့ မေဂျာဆိုတာကြီကိုစိတ်ကိုမ၀င်စားဘူး။ တကယ်ပြော
တာပါ။ ထားပါလေ...ပြီး ပြီးေ၇ာ..ဘာမေဂျာ၇လဲအမေဆိုတော့ အမေက´ဘူမိ´ တဲ့။ အဲဒီတုန်းက...ဟာ...ဘာမေဂျာကြီး
လည်းပေါ့နော်။ မေးကြည့်တော့မှ ဘူမိဆိုတာ စပါပြီဆိုကတည်းက မိုင်နှစ်ဆယ် လမ်းလျှောက်ရတော့တာပဲတဲ့။
..........အောင်မလေး...လေး...မဖြစ်ပါဘူးလေ.......ကျွန်မက အားစိုက်ထုတ်ရမယ့်အလုပ်ဆို လေတောာင်ပြင်းပြင်းရူတာ
မဟုတ်ဘူး။အလယ်တန်းကတည်းက အမေလိုအားထားရတဲ့ ဆရာမဆီသွားပြီးမေဂျြာေ့ပာင်းရင်ကောင်းမလားလို့် တိုင်ပင်
်ကြည့်လိုက်တော့....ဆရာမက ´ကံ´ံ သမားလေ။ အဲတော့သိတယ်မလား...ကံ အရရောက်လာတဲ့မေဂျာကို ကံအရပဲယူလိုက်
တော့တဲ့...ပြီးရော....ဆရာမကိုမပြောပဲပြောင်းတာကမှ ပိုပြီးအဆင်ပြေဦးမလား လို့တောင်တွေးမိတယ်...ပြောပြီးမှ
ပြောင်းတော့...ဘယ်လိုမှအဆင်မပြေတော့ဘူးပေါ့...ဆရာမကိုမလေးမစားပြုရာကျတယ်လေ...နော်....ကြောက်ရတဲ့သူ
များတယ်ဆိုတော့လေ....ထားပါ.....
..........အဲဒီလိုနဲ့ ကျောင်းစတက်တယ်ဆိုပါတော့...တို့တက်တဲ့မေဂျာမှာလေ (၁၀) တန်းတုန်းကတွဲခဲ့တဲ့သူငယ်ချင်း..ဆိုလို့
ဘယ်သူငယ်ချင်းမှကိုမတွေ့ ဘူး။ တစ်ယောက်တည်းကြောင်တောင်ကန်းတန်းနဲ့ ´ဘူမိ´ ကိုရလာတာလေ။ ကျန်တဲ့သူငယ်
ချင်းတွေကို မဲဆွယ်တာ အံ့သြစရာပဲ ဘယ်သူ့ကိုမှမဲဆွယ်လို့ မရဘူးတော်...မဲရတဲ့သူကျပြန်တော့လည်း အမှတ်မမှီပြန်ဘူး
တဲ့။ ကဲ....ကြောက်တောင်တောင်နဲ့ရလာတဲ့မေဂျာကို ကြောက်တောင်တောင်နဲ့ပဲ တစ်ယောက်တည်း တက်လိုက်ပါတယ်။
..........အဲ..ရှိသေးတယ် ဘူမိကလေ...မိန်းကလေးတွေအတွက် ၁၀% ပဲရှိတယ်။ အင်း..ဘယ်လိုပြောမလဲ...ယောင်္ကျားလေး ၁၀၀ ဆို မိန်းကလေး ၁၀ ယောက်ပေါ့နော်။ အဲလို မာန်တက်စရာလေးကြောင်းလည်း တက်ဖြစ်တာပါတယ်ရှင့်။ သိတယ်
မလား....တော် ရုံလူတွေ မရတဲ့၊ ၁၀၀မှာ ၁၀ယောက်ပဲရတဲ့ အခွင့်အရေး ငါမှမယူရင်..ငမိုက်သားမဖြစ်တော့မယ်...ဆိုပြီး
ယူလိုက်တာလေ။ ကျွန်မတို့ကျောင်းစတက်တော့ ယောင်္ကျားလေး (၂၈၆)ယောက် နဲ့ ကောင်မလေး (၂၁)ယောက်တက်ခဲ့ကြ
တယ်ပေါ့နော်.... ကျောင်းစတက်လို့ နှစ်ပတ်လောက်ပဲ၇ှိသေးတယ်....လမ်းလျှောက်ဆေးစစ်မယ်တဲ့။ ဆရာပြောလို့ ပါးစပ်
ကသာ ဟုတ်ကဲ့ လိုက်၇ပေမယ့် စိတ်ထဲကတော့ သိနေတယ်...´ငါတော့သွားပြီ´ လို့လေ။ ကဲလာပါပြီဗျာ...အကြောက်ဆုံးနေ့
့..........ဆောင်းတွင်းမနက် ခြောက်နာရီ ဋ္ဌါနမှာ လူစုကြတယ်။ ကိုယ်နောက်ကျောနံပတ်ကိုယ်ယူကြတော့ မှတ်မှတ်ရရပဲ ကျွန်မကျောနံပတ်က ၇၉ တဲ့။ (၀ါသနာပါကြရင်........)ဟောကြည့်..ပြောရင်းဘယ်တောင်ရောက်သွားလည်း မသိဘူး...(အော်..တွေ့ပြီ... တွေ့ပြီ)...စလျှောက်ကြတော့ သိကြမှာပါ...ကျောနံပတ် ၇၉ ဘယ်ချိန်ကြည့်ကြည့် နောက်ဆုံးက၊
နောက်ဆုံးကမဟုတ်ရင်တောင်မှနောက်ဆုံးတစ်ယောက်ရဲ့ရှေ့က(အားရဖွယ်)...ပြောပြမယ်...နောက်ဆုံးကဆိုတာတောင်မှ
အဲဒီနောက်ဆုံးကို ကောင်မလေး တစ်ယောက်နဲ့ လုရသေးတယ်။ သူ့ကျောနံပတ်က (၈၀) လျှောက်ရတာမောပါတယ် ဆိုမှ ဆရာတွေစောင့်တဲ့ဂိတ်ရောက်ရင် ကျောနံပတ်အော်ရတာ အလုပ်တစ်ခု....."မိုင်နှစ်ဆယ်" တဲ့ ..အောင်မလေး..ခုပြောရင် ခုကြက်သီးထတယ်။ အောင်မယ်.....အသွားတုန်းကသာ နောက်ဆုံးဆိုပေမယ့်..အပြန်ကျတော့...ကျောနံပတ် (၈၀)နဲ့ပဲ ဓာတ်တိုင်တွေ တစ်တိုင်နဲ့ တစ်တိုင်ကို ပြေးလိုက်လမ်းလျှောက်လိုက်နဲ့လုပ်လာလိုက်တာ....ရှေ့နားလောက်နီးပါးကို
လျှောက်လာနိုင်ပါတယ်။ တစ်ခါမှ အဲလောက်မိုင်များအောင် လျှောက်ဖူးတဲ့သူမရှိတော့လေ....ဘယ်သူ့ကို ကြည့်လိုက် ကြည့်လိုက် ပေါင်တွေကွတဲ့သူကကွ ဖြေထောက်တရွတ်တိုက်ဆွဲလျှောက်တဲ့ သူကလျှောက် နဲ့ အချင်းချင်း မသိကြပေမယ့်
လည်း...တစ်ယောက်နဲ့ တစ်ယောက်ကြည့်ပြီးတော့....၇ီ၇တယ်...အဲဒီလိုနဲ့..သူငယ်ချင်းတွေ မောင်နှမစိတ်တွေ မွေဖွားလာ
မယ်လို့..အဲတုန်းက တကယ် မသိခဲ့တာပါ။ တော်တော်လေးပျော်ဖို့ကောင်းသလို တော်တော်လေးလည်း စိတ်ပျက်ခဲ့ပါတယ်
ရေဘူးလိုက်ပေးတဲ့ ဆရာတွေနဲ့ အတန်းကြီး အကိုတွေလည်း ရေဘူးတွေ လိုက်ပေးလို့ကိုမနိုင်ပါဘူး။
..........သူငယ်ချင်း နည်းတဲ့ကျွန်မ လမ်းလျှောက်ရင်း...သူငယ်ချင်းတွေလည်းရခဲ့ပါတယ်။ ရေသောက်လိုက်လမ်းလျှောက်
်နဲ့ ပန်းတိုင်ကိုရောက်ကြတယ်ပေါ့နော်။ ပြီးပြီလားဆိုတော့...မပြီးသေးဘူးဗျာ....ဆေးရုံကို ဆက်သွားပြီးတော့ ဆေးစစ်ရ
မတဲ့။ အေးပေါ့ကွာ....၀ဋ်ကြွေးကို ကုန်အောင်ဆပ်တာပဲကောင်းပါတယ်...ဆိုတဲ့ အတွေးနဲ့ ဆေးရုံကို ဆက်လမ်းလျှောက်
ပြီးတော့ ဆေးစစ်ခံရတယ်။ ကံဆိုးစွာပဲကျွန်မ ဆေးအောင်ပါတယ်။ မလုပ်ဖူးတဲ့အလုပ်ကိုသွားလုပ်လိုက်တာလေ.......... မယုံမရှိနဲ့.....ကျွန်မ တပတ်လောက် နှာနှပ်ယူလိုက်ရတယ်။ အခုချိန်မှသိရတာက အဲလိုလမ်းလျှောက်တုန်းကပျော်ခဲ့ရတဲ့ ပျော်ရွှင်မှု့ က နောက်တစ်ခါထပ်မရတော့တဲ့ ပျော်ရွှင်မှု့ပါပဲ.....ပြီးတော့လေ...နောက်မသိတာ တစ်ခုရှိသေးတယ်။ ကျောနံ
ပတ် (၈၀) က ကျွန်မနဲ့ ခြောက်နှစ်တာတွဲလာတဲ့ (သို့) ခုချိန်ထိတွဲနေတဲ့ သူငယ်ချင်းဖြစ်နေမယ် ဆိုတာပါပဲ....ပြောလို့ပြော
တာမဟုတ်ဘူး...သိလားကျွန်မတို့နှစ်တက်ခဲ့တဲ့....မေဂျာမှာလေ.. ဘယ်လောက်မောင်နှမစိတ်ဓာတ်ရှိလည်း ဆိုရင် မေဂျာ
တူ တစ်နှစ်တည်း အချင်းချင်းငြိတာ ဆိုလို့ လုံးဝမရှိဘူး။ တစ်ယောက်အခက်အခဲ ရှိရင်သာ တစ်ယောက်က အားမနာတမ်း
သာကူညီကြတာ။ အဲဒီလို ချစ်ဖို့ကောင်းတဲ့ ကျောင်းစတက်ချိန်က သူငယ်ချင်းတွေကို ခုထိတိုင် သတိ၇နေပါတယ်။ သတိရတယ်ဆိုတာထက် ပိုတဲ့စကားရှိရင် အဲဒီစကားကိုတောင် ပြောချင်ပါတယ်။ စာဖတ်သူများလည်း...ကျွန်မသူငယ်ချင်း
တွေနဲ့တွေ့ရင် ပြောပေးပါနော်....ကျွန်မက အရမ်းသတိရနေပါတယ်လို့။ ။

စာကြွင်း။ ။စာရေးချင်လို့သာ ရေးရတယ်။ ဘာရေးရမယ်မှန်း မသိလို့ ကျောင်းစတက်ချိန်က သူငယ်ချင်းများနဲ့အတူ လမ်းလျှောက်ခဲ့ဖူးတာလေးကို အမှတ်တရနဲ့ရေးဖြစ်ပါတယ်။ တောင်တစ်လုံး မြောက်တစ်လုံးများဖတ်နေရရင် ပထမဆုံး အရေးအသားဖြစ်လို့ နားလည်ပေးစေချင်ပါတယ်။ အားပေးသူများရှိရင်လည်း (၆)နှစ်တာ ကျောင်းတက်စဉ် အတွေ့အကြုံ များရှိပါသေးကြောင်း။ ။ 


ကြည်မျိုးခိုင် ( မကွေး ) 

Posted by KyiMyoKhaing on January 1, 2010 at 5:39pm 

No comments:

Recent Posts

လစဉ်အလိုက် တင်ခဲ့သော ပိုစ့်များ

Popular Posts

မြန်မာ့မြေ

erer-outer'>