2 3 4 5 6 7 8 9 10

Sunday, October 16, 2011

ခင်မင်မှုများနဲ့ ကဗျာ



*** တို့တစ်တွေရဲ့ခင်မင်မှုကို ဘယ်တော့မှ လက်မလွတ်ကြနဲ့စို့...

...တို့တစ်တွေ တစ်ဦးကိုတစ်ဦး လက်လွတ်လိုက်တာမျိုး

...ကျွန်မဘယ်တော့မှ မဖြစ်စေချင်ဘူး

...တို့တစ်တွေရဲ့လမ်းတွေဟာ ကွဲပြားတဲ့အရပ်ဆီ

...ရှေ့ရှုချင် ရှေ့ရှုမယ်

...ဒါပေမဲ့ အဲဒီဟာက တို့နှစ်ယောက်အတူ အနှောင်အဖွဲ့ခံနေရတဲ့နှောင်ကြိုးနဲ့

…နှလုံးသားတွေထဲမှာရှိတာကို ပြောင်းလဲပစ်နိုင်မှာ မဟုတ်ပါဘူး…

… ကျွန်မဘယ်မှာရှိရှိ

…ကျွန်မဘာတွေဘဲလုပ်လုပ်

…ရှင် ကျွန်မစိတ်ထဲပေါ်လာတိုင်း

…ကျွန်မမျက်နှာပေါ် အပြုံးရောက်လာရဲ့

…နွေးထွေးမှုဟာ နှလုံးသားထဲ နားခိုလာရဲ့

…ရှင် နဲ့ ကျွန်မ တွေ့တဲ့နေ့ကို

…ထာဝရ သိမ်းဆည်းထားပါ့မယ်

…တို့တစ်တွေ အတူတူ ကြီးပြင်းခဲ့ကြတယ်

…အတူတူ အများကြီးလုပ်ခဲ့ကြတယ်


…ဘာဘဲဖြစ်ဖြစ်

…တို့တစ်တွေ တစ်ဦးကိုတစ်ဦး

…ယုယ မြတ်နိုးခဲ့ကြတယ်ဆိုတာကို

…အမြဲတမ်း အသိပေးခဲ့ကြတယ်

…ရှင်ဟာ ကျွန်မအတွက် မိတ်ဆွေတစ်ဦးထက်ပိုပါရဲ့

…ကျွန်မဘယ်လိုခံစားရတယ်ဆိုတာ မကြာခဏ ကြိုးစားပြီးပြောတယ်

…ဒါပေမဲ့ တို့တစ်တွေ မျှဝေခံစားတာကို ဘယ်တော့မှ

…လက်လွတ်မယ်လို့ ကျွန်မ မမျှော်လင့်ဘူး


...ဘာပြုလို့လဲဆိုတော့ မိုင်ပေါင်းများစွာ ဝေးကွာတာဘဲဖြစ်စေ

...ခရီးအကွာအဝေးနီးတာဘဲဖြစ်စေ

...ရှင်ဟာ ကျွန်မဘ၀နဲ့ ကျွန်မရဲ့အစိတ်အပိုင်းဖြစ်ပြီးတော့

...အမြဲတမ်းဖြစ်မှာမို့လို့ပါဘဲ....

....၂၀၀၁ ခုနှစ်. အောက်တိုဘာလ အပျိုစင်မဂ္ဂဇင်း နိုင်ငံတကာအချစ်ကဗျာကဏ္ဍမှာ ဘာသာပြန်ဖော်ပြထားတဲ့ ကဗျာလေးကို ကြိုက်နှစ်သက်လို့ ကမ္ဘာသစ်သူငယ်ချင်းများအတွက် မျှဝေပေးလိုက်တယ်နော်. စာသားတွေက ရိုးရှင်းပြီး အဓိပ္ပါယ်ရှိလို့ သိမ်းဆည်းထားခဲ့တာပါ. ဒီကဗျာလေးမှာ မိန်းခလေးတစ်ယောက်ရဲ့ ချစ်ခြင်းမေတ္တာနဲ့ သစ္စာတရားကို မြင်နိုင်တယ်နော်.

...*ဘယ်တော့မှ လက်မလွတ်ကြနဲ့စို့* လို့ တိုင်တည်လိုက်တာက ရှေ့ဆက်ရမဲ့ ခြေလှမ်းတွေကို မောင်းတင်
ပေးလိုက်တာများလားနော်.

...ရင်ဘတ်ထဲက ခံစားကြည့်ပါ..
.
မေတ္တာဖြင့်...

 Posted by ayeayemoemeeku on January 1, 2010 at 4:00am


ကမ္ဘာသစ် စာစုများကို facebook တွင် မိတ်ဆွေ သူငယ်ချင်းများအား မျှဝေလိုပါလျှင် အောက်တွင် ပါရှိသော facebook like icon အား Click နှိပ်၍ အလွယ်တကူ Share လုပ်နိုင်ပါသည်။  
 

No comments:

Recent Posts

လစဉ်အလိုက် တင်ခဲ့သော ပိုစ့်များ

Popular Posts

မြန်မာ့မြေ

erer-outer'>