အေးမြတဲ့မေတ္တာသံယောဇဉ်တွေကို တန်ဖိုးထားသင့်တယ်။
ဘ၀မှာ အချစ်ဆိုတဲ့ ခံစားချက်ဟာ ပူလောင်စေပြီး၊လောင်ကျွမ်းစေတယ်။
နောက်ဆုံးတော့ အများအားဖြင့် ဒေါသတွေ၊နာကြည်းမှုတွေ၊ အမုန်းတွေနဲ့အဆုံးသတ်ပြီး
လမ်းခွဲရတာပါပဲ။ ကျွန်မထင်မြင်ချက်ကိုပြောတာပါ။
ကျွန်မကတော့ ကျွန်မရဲ့မိဘ၊မောင်နှမ၊ မိတ်ဆွေ၊သူငယ်ချင်းအားလုံးအပေါ်မှာ နွေးထွေးတဲ့ မေတ္တာ
ခင်မင်မှုတွေကို လေးနက်စွာထားရှိပါတယ်။
ဒါပေမဲ့တစ်ခါတစ်လေမှာတော့ ကျွန်မဟာ ရင်ထဲမှာရှိတဲ့အတိုင်း မဖော်ပြတတ်တာမို့
သူငယ်ချင်းတွေ၊အားလုံးလိုလို ကတော့
ကျွန်မဟာလေးနက်မှုမရှိလှဘူးလို့ ခဏခဏထင်တတ်ကြပါတယ်။
ကျွန်မဟာအေးဆေးတိတ်ဆိတ်စွာ နေချင်သူဖြစ်တဲ့အတွက် ဘ၀မှာတော့ သံယောဇဉ်ဖြစ်ရမဲ့သူဟာ
နည်းပါးလှပါတယ်။
မိသားစုနဲ့သူငယ်ချင်းတွေကလွဲလို့ပေါ့၊ မမျှော်လင့်ဘဲ ထူးဆန်းစွာ တွေ့ဆုံမိသူတစ်ဦးကြောင့်
သံယောဇဉ်ဖြစ်မိပါတယ်။
အားလုံးအတွက် အဆင်ပြေအောင်နေတတ်သူတစ်ဦးလို့ထင်ပါတယ်။
ကျွန်မဘ၀မှာလဲ မမေ့နိုင်တဲ့ အဆင်မပြေတာတွေ၊ အခက်အခဲတွေ၊ဒဏ်ရာတွေ ရှိနေပေမဲ့လည်း၊
သူဘ၀မှာ ရှိနေတဲ့ အဆင်မပြေတာတွေ၊အခက်အခဲတွေ၊ မိသားစုပြသနာတွေ၊
စိတ်ဆင်းရဲစရာတွေအားလုံးကို ပျောက်ကွယ်သွားစေချင်တယ်။
ရှင်သန်ရတဲ့ဘ၀ဆိုတဲ့ အချိန်တိုလေးအတွင်းမှာ ရတဲ့ဒဏ်ရာတွေကိုသက်သာစေချင်တယ်။
တစ်ယောက်တည်းအထီးကျန်စွာ အဆင်မပြေနိုင်ဘဲ တိတ်ဆိတ်စွာ နေ နေရရင်လဲ အဆင်ပြေပြေ
ပျော်ရွှင်ပြီးအဓိပ္ပယ်ရှိတဲ့ ဘ၀မှာနေစေချင်တယ်။ စိတ်လေလွှင့်ပြီး အပြင်မှာအချိန်ကုန်စွာသွားလာနေရင်လဲ
နွေးထွေးတဲ့ အိမ်လေးထဲမှာ မိသားစုနှင့်အတူ ပျော်ရွှင်စွာရှိနေစေချင်တယ်။ သူအပေါ်ထားမိတဲ့
ကျွန်မရဲ့သံယောဇဉ်နှင့်အတူ ကျွန်မကြောင့် သူစိတ်ချမ်းသာမယ် ဒဏ်ရာတွေ သက်သာလာမယ်ဆိုရင်၊
ဘယ်လိုကြောင့်ပဲ ဖြစ်ဖြစ် အရာရာ အားလုံးအတွက် ကျွန်မကျေနပ်မိတယ်။
ဘ၀မှာ give and take ဆိုတာရှိပေမဲ့ ကျွန်မအတွက်တော့ ပေးဆပ်ရတာ အေးချမ်းပါတယ်၊
စိတ်ဒုက္ခ အခက်အခဲတွေ ကင်းစင်ပြီး ဘ၀မှာ စိတ်ချမ်းသာဖို့၊ဒဏ်ရာတွေ သက်သာစေဖို့အတွက် အရာရာအဆင်ပြေပါစေ။
အရာအားလုံးဟာ ကျွန်မသူအပေါ်ထားရှိတဲ့ နွေးထွေးတဲ့ သံယောဇဉ်တစ်ခုတည်းကြောင့်ပါ။
.........................
ကျွန်မ၏ခံစားမှုသာဖြစ်ပါသည်။
ကမ္ဘာသစ်သူငယ်ချင်းများအားလုံးအားခင်မင်စွာဖြင့်
ခင်စိုးထွဋ်
Posted by khin soe htut on January 16, 2010 at 7:00am
ကမ္ဘာသစ် စာစုများကို facebook တွင် မိတ်ဆွေ သူငယ်ချင်းများအား မျှဝေလိုပါလျှင် အောက်တွင် ပါရှိသော facebook like icon အား Click နှိပ်၍ အလွယ်တကူ Share လုပ်နိုင်ပါသည်။
No comments:
Post a Comment