2 3 4 5 6 7 8 9 10

Sunday, October 16, 2011

ဆရာတော်ဘုရားကြီးများ၏ အဆုံးအမ လင်္ကာများ

စိတ်ကောင်းနှင့်ယှဉ်
အများအကျိုး၊ ရွက်သယ်ပိုးက
ခနိုးခနဲ့ ၊ ဆိုကဲ့ရဲ့လည်း
မဖဲ့စကောင်း၊ ကိုယ်လမ်းကြောင်းကို
စိတ်ကောင်းနှင့်ယှဉ် ၊ ရှေးရှုနှင်လော့။ ။

(ရွှေဟသာင်္ ဆရာတော် ဘုရားကြီး)



ဗုဒ္ဓမြတ်စွာ လောင်းလျားတုန်းက
နောက်ဆုံးအထိ ပါရမီ
လူနတ်များစွာ ချမ်းသာရေးမို့
အသက်ပေး၍ ဖြည့်ခဲ့သည်
ဗုဒ္ဓမြတ်စွာ သာသနာအတွက်တော့
ငါပါ အသက်ဆုံးစေမည်
နောက်မဆုတ်ပေါင် ခုလိုတွေးလို့
ကုသိုလ်ရေးမို့ ကြိုးစားမည်
ကြိုးစားမည်.............
(အရှင် ဇနကာဘိဝံသ)

အလှပြင်နည်း

ရတနာသုံးပါး ခေါင်းမှာတင်
ငါးပါးသီလ ခါးဝတ်ဆင်
လက်ကောင်တန်ဆာပွား မေတ္တာ
သစ္စာကတော့ လက်စွပ်ပါ
ခန္တီဆိုတာ မြတ်ကြယ်သီး
အလှပြင်တဲ့နည်း
(ရွှေဥမင် ဆရာတော်ဘုရားကြီး)


ရုပ်ကိုသာပြင် နာမ်မပြင်
ရုပ်သွင်မလှ နာမ်မလှ
နာမ်ကိုသာပြင် ရုပ်မပြင်
နာမ်စဉ်လည်းလှ ရုပ်လည်းလှ
နာမ်ဓါတ်ပေါ်တွင် ဥာဏ်ဓါတ်ယှဉ်
လိုလျှင် ခဏနိဗ္ဖာန်ရ

ရုပ်လှ စိတ်လှ
အလှ နှစ်သွယ်
ဘယ်အလှကို ပြင်ကြမယ်
စိတ်အလှပြင်က နိဗ္ဖာန်ရ
မမှားရအောင် သတိဆောင်
ယောကီမောင်မယ် ပြင်ကြစိတ်ကိုကွယ်။ ။
(တော်ကူးဆရာတော်)

နှစ်သက်ဖွယ်ရာ ရတနာ ဥပါသကာ
ဥပသကာ ရတနာ ဖြစ်ဖို့
မှန်စွာ စစ်လို့ပြပါ့မယ်
ရတနာ သုံးပုံယုံကြည်တတ်လို့
ကံ-့ကံအကျိုး အားကိုးကွယ်
ရတနာ သုံးအင်အပြင်ဘက်လည်း
ပူဇော်ရှင်အတွက် မရည်ရွယ်
အင်္ဂါငါးဝ စုံပြည့်မှ
ဒါမှ စင်ကြယ်မယ်
အဲ့ဒါက ပဉ္စဂုင်္တ္တရ ဗုဒ္ဓအမိန့်တော်။ ။

(ရွှေဥမင်ဆရာတော်)

မှားယွင်းမှုဟူသည်
မောဟမကင်းသူ လူတိုင်းနှင့် ဆက်ဆံ၏။
သူတစ်ပါးမှားလျှင်
အမှန်ရောင်အောင် ငါပြင်မည်
ငါမှားလျှင်
သူတစ်ပါးအပြင်ကို ငါခံမည်
ငါ့ကို ပြုပြင်သူကို
ငါ့ဆရာဟု အသိအမှတ်ပြုမည်
သူတစ်ပါးအကျိုးကို လိုလားမှ
ငါ့အကျိုးကိုသူတစ်ပါးလိုလားမည်
ငါ့တာဝန်ကို ငါကိုယ်တိုင်သိ၍
ဆောင်ရွက်မည်
ငါ့အလိုသို့သာ တစ်ဖတ်သတ်လိုက်သူမှာ
ငါ့မိတ်ဆွေမဟုတ်
သုခ ၏ မျိုးစေ့ဖြစ်သော ဒုက္ခကို
ရဲဝံ့စွာ ငါခံယူမည်
ဒုက္ခ ၏ မျိုးစေ့ဖြစ်သော သုခကို
ရဲ့ဝံ့စွာ ငါရှောင်ရှားမည်
ငါ့အလုပ် နှင့် တူသော အကျိုးကို
မချွတ်ငါရမည်။ ။
(ရွှေဟင်္သာတောရ စတုတ္ထစံကျောင်းဆရာတော်ဘုရားကြီး)


ကုသိုလ်မယူ၊ အသက်ရှူ၊ ထိုသူသေ၍ နေတော့သည်။

အကုသိုလ်ယူ၊ အသက်ရှူ၊ သူလည်းသေ၍၊ နေတော့သည်။

ုကုသိုလ်ပဲယူ၊ အသက်ရှူ၊ ထိုသူမသေရှင်တော့သည်။

(ကျေးဇူးတော်ရှင် ဓမ္မဒူတ အရှင်ဆေကိန္ဒ)

Posted by khaingsukyi on February 5, 2010 at 5:00pm 

ကမ္ဘာသစ် စာစုများကို facebook တွင် မိတ်ဆွေ သူငယ်ချင်းများအား မျှဝေလိုပါလျှင် အောက်တွင် ပါရှိသော facebook like icon အား Click နှိပ်၍ အလွယ်တကူ Share လုပ်နိုင်ပါသည်။  

No comments:

Recent Posts

လစဉ်အလိုက် တင်ခဲ့သော ပိုစ့်များ

Popular Posts

မြန်မာ့မြေ

erer-outer'>