2 3 4 5 6 7 8 9 10

Sunday, October 16, 2011

ဆင်းရဲသားတို့၏ထွက်ပေါက်

သရဏဂုံအစွမ်းကြောင့် စုန်းပြုစားခံရမည့်ဘေးက လွတ်လာတဲ့ မြင်ကွန်းမြို့နယ် ဘေကင်စမ်းရွာက ဆီဆုံဆရာကြီး ဆရာကျင်အကြောင်း

ဆရာကျင်ဟာ ဆီဆုံတွေလုပ်ပြီးရောင်းတယ်။ တစ်ရက်တော့မြို့ပေါ်က မှာထားတဲ့ ဆီဆုံတစ်ခု ပို့လိုက်တယ်။ ဆီဆုံပို့ပြီး ငွေယူရအောင်သွားတော့ ဆီဆုံဝယ်တဲ့ မြို့ပေါ်က လင်မယားက မတန်တဆ ဈေးနှိမ်တယ်…ဒါကြောင့် ကတောက်ကဆ စကားပြောရတာပေါ့ ။ ဒါပေမဲ့ ဆရာကျင်ဘက်ကမှန်တော့ တန်ဘိုးအပြည့်အ၀ရတယ်။ ဗုဒ္ဓဘာသာတွေ ထုံစံအတိုင်း ပိုက်ဆံရှင်းပြီးတော့ အိမ်ရှင်လင်မယားက ဆရာကျင်ကို ထမင်းကျွေးတယ်။ ဆရာကျင်ကလည်း ထုံးစံအတိုင်း သရဏဂုံလေးဆောက်တည်ပြီး ပထမထမင်းလုပ် ၀ါးပြီးမျိုချတယ် အဲဒီမှာတင် ထမင်းလုပ်ဟာ လည်ချောင်းဝမှာ တစ်နေတယ်။ ဒါအန္တရာယ်ပဲလို့ သူ့စိတ်က အလိုလိုသိတယ်။ ဒါနဲ့ အိမ်အပြင်သွားပြီးတော့ အာခေါင်ကို လက်နဲ့ လက်ညိုးထိုးအန်ချလိုက်တော့ ကြွက်အသေကောင်ကြီးထွက်လာတယ် ဒါစုန်းပညာနဲ့သူ့ကို သေအောင်သတ်တာပဲလို့သိလိုက်တယ်။ ဒါပေမဲ့ ဆရာကျင်ကမသေဘူးလေ။ အိမ်ရှင်လင်မယားကလည်း မျက်နှာပျက်နေတယ် သူတို့လုပ်ထားတာကို။ ဒါနဲ့ဆရာကျင်က ထမင်းဆက်မစားတော့ပဲ ရွာပြန်လာတယ်။ နောက်နေ့ကျတော့ အဲဒီအမျိုးသမီးက နောက်ကနေကန်တော့ပွဲနဲ့ လိုက်လာတယ်။ ကန်တော့တောင်းပန်တယ် ကျွန်မဟာမသင်ပဲနဲ့တတ်နေတဲ့ ၀မ်းတွင်းစုန်းပါ အခုဆိုးကျိုးတွေကိုသိလို့ ဘုရားရှင်ရှေ့မှာ ဒီပညာတွေ အပြီးတိုင်စွန့်လွှတ်လိုက်ပါပြီ။ ဘယ်တော့မှလည်း အသုံးမပြုတော့ပါဘူး။ ဆရာကျင်ကလည်း ခွင့်လွှတ်လိုက်ပါတယ်။ ခွင့်လွှတ်ရင် ကျွန်မတစ်ခုလောက်သိပါရစေ။ ကျွန်မမကျေနပ်တဲ့ပုဂ္ဂိုလ်တွေဆိုရင် ဒီနည်းနဲ့ သတ်တာ သေသွားကြတယ်။ ဦးကြီးကျမှ မသေဘူး ဦးကြီးဘာဂိုဏ်းတွေဝင်ထားလဲမေးတော့ ဦးကြီးက ဘာဂိုဏ်းမှလည်းမ၀င်ဘူး ဘာဆေးမှလည်းမထိုးဘူး ဦးကြီးဟာ ဆရာကောင်းသမားကောင်းတွေ သင်ပေးထားလို့ ငယ်ငယ်ကတည်းက အစာစားခါနီးတိုင်း သရဏဂုံရွတ်တယ် အဲလိုရွတ်ရင် အန္တရာယ်လည်းကင်းတယ် ဘေးလည်းရှင်းတယ်၊ သူများပြုစားလို့ မရဘူး ကုသိုလ်လည်းရတယ်။ သရဏဂုံရွတ်ရင် အနက်အဓိပ္ပါယ် သေချာသိဖို့လိုတယ်။ အစာစားခါနီးတိုင်း သရဏဂုံရွတ်ပြီးစားရင် အမျိုးသမီးတွေပိုပြီးကုသိုလ်ရမယ် ဘာဖြစ်လို့လဲဆိုတော့ သူတို့က ပါးစပ်နဲ့ အစားနဲ့ ပြတ်မှမပြတ်တာကို.........


လောက၌အကောင်းဆုံးအရာ ......သီလကုသိုလ်

ဆင်းရဲသားတွေဟာ လှူဒါန်းတာနဲ့ပတ်သက်ရင် ချမ်းသာတဲ့သူတွေကို ယှဉ်လို့မရဘူး။ သို့သော် သီလကုသိုလ်နဲ့ ပတ်သက်ရင် ဆင်းရဲသားတွေက ချမ်းသာတဲ့သူတွေထက် သာအောင်ကြိုးစားလို့ရတယ်။ ဒါကြောင့် ငါးပါးသီလစောင့်ထိန်းတဲ့ သီလကုသိုလ်ဟာ ဆင်းရဲသားတွေရဲ့ ထွက်ပေါက်ပဲ။ ဆင်းရဲသားတွေ အတွက် ဘာအရင်းအနှီးမှ၊ ဘာပိုက်ဆံမှ မကုန်ပဲရတဲ့ကုသိုလ်ပဲ။ သို့သော် အထင်မသေးနဲ့ အဲဒီသီလကုသိုလ်ဟာ ဒါနကုသိုလ်ထက် အများကြီးသာတယ်။ ဘ၀တိုင်းဘ၀တိုင်း သူတစ်ပါးတွေရဲ့ ချီးမွမ်းမှုကိုရရှိချင်ရင်၊ ဘ၀တိုင်းဘ၀တိုင်း လာဘ်လာဘတွေရချင်ရင်၊ ဘ၀တိုင်းဘ၀တိုင်း နတ်စည်းစိမ်တွေခံစားချင်ရင် သီလစောင့်ပါတဲ့။ ငါးပါးသီလရဲ့စောင့်ထိန်းတဲ့ကောင်းကျိုး၊ ဖောက်ပျက်တဲ့ဆိုးကျိုးတွေက အများကြီးရှိတယ်။ ဗုဒ္ဓဘာသာတွေက ကုသိုလ်ဆိုအရမ်းလိုချင်တယ်။ ဘယ်လောက်ထိလိုချင်လည်းဆိုရင် ခိုးပြီးလှူတယ်။ လိမ်ပြီးတော့လည်းလှူတယ်။ လာဘ်စားပြီးတော့လည်းလှူတယ်၊ ငါးပါးသီလရဲ့စောင့်ထိန်းတဲ့ကောင်းကျိုးကြောင့် အပါဒန်ပါဠိတော်မှာ ငါးနှစ်သားနဲ့ ရဟန္တာဖြစ်သွားတဲ့ မထေရ်တစ်ပါးပေါ်ခဲ့တယ်။ သူ့ဘွဲ့က ပဉ္စသီလသမာဒါနိရ၊ မိဘများနဲ့အတူ အိမ်မှာငါးပါးသီလကို ရဟန်းတစ်ပါးဆီမှာ ဆောက်တည်ရင်းနဲ့ ၀ိပဿနာတွေအဆင့်ဆင့်တက်ပြီး ရဟန္တာဖြစ်သွားတယ်။ ချမ်းသာလှချေလား လွယ်ကူလိုက်တာနော် ဘာကုသိုလ်လုပ်ခဲ့လို့လဲ …တခြားကုသိုလ်မဟုတ်ပါဘူး ငါးပါးသီလစောင့်ခဲ့လို့ပါ လွန်ခဲ့သော ၉၁-ကမ္ဘာကပွင့်ခဲ့သည် အနောမဒဿီမြတ်စွာဘုရားလက်ထက်အခါတုန်းက ဒီကလေးကဆင်းရဲသားတစ်ယောက် ဖြစ်ခဲ့တယ်။ အဲဒီတော့ သူကစဉ်းစားတယ် ငါကဆင်းရဲတယ် ချမ်းသာတဲ့သူတွေနှင့်ယှဉ်ရင် ဒါနကုသိုလ်တော့အများကြီးမပြုနိုင်ဘူး နည်းနည်းပဲပြုနိုင်တယ် သို့သော် ငါးပါးသီလကုသိုလ်ကိုတော့ လူချမ်းသာတွေထက် ငါပိုစေရမယ်ဆိုပြီးတော့ တစ်ဘ၀လုံးငါးပါးသီလလုံအောင်စောင့်တယ်။
အဲဒီအတွက် သူရရှိတဲ့ချမ်းသာကောင်းကျိုးတွေက
နံပါတ်(၁) ကိုးဆယ့်တစ်ကမ္ဘာအပ္ပါယ်တံခါးပိတ်တယ်
နံပါတ်(၂) အကြိမ်(၃၀) သိကြားမင်းဖြစ်တယ်
နံပါတ်(၃) (၇၅) ကြိမ် စကြ၀တေးမင်းဖြစ်တယ်
နံပါတ်(၄) ရိုးရိုးဧကရာဇ်မင်းက မရေမတွက်နိုင်အောင်ဖြစ်တယ်
နံပါတ်(၅) ဒီဘုရားသာသနာကျတော့ စောစောကပြောတဲ့အတိုင်း သူငါးနှစ်သားအရွယ်မှာ မိဘများနှင့်အတူ အိမ်မှာမထေရ်တစ်ပါးထံမှငါးပါးသီလဆောက်တည်ရင်း ငါးပါးသီလအဆုံးမှာ ရဟန္တာဖြစ်တယ်။ ပိုက်ဆံမကုန်တဲ့ ငါးပါးသီလကို လူသားတိုင်း စောင့်တည်သင့်ပါတယ်။ မထိန်းသိမ်းရင် ဆိုးကျိုးကတော့အများကြီးပဲနော်
ဘုရားကဆိုးကျိုးတွေကိုဟောထားတယ်
၁-သူ့အသက်ကို မသတ်နဲ့ သူ့အသက်ကို သတ်က ချို့တဲ့အင်္ဂါ။
ပါဏာတိပါတာထိုက်ဖို့ အင်္ဂါငါးချက်လိုတယ် သတ္တ၀ါဖြစ်ရမယ်၊ သတ္တ၀ါမှန်းသိရမယ်၊ သေစေလိုတဲ့ စေတနာရှိရမယ်၊ သေအောင် ကိုယ်နဲ့ သတ်ရမယ်(သို့) နှုတ်နဲ့သတ်ခိုင်း၊ အဲဒီသတ္တ၀ါသေသွားရမယ်။(အဲဒီ့ငါးချက်ညီရင် ပါဏာတိပါတာကံထိုက်တယ်) အဲဒီငါးချက်မှာ အဓိက က စေတနာပဲ ၊ သေစေလိုတဲ့စေတနာမရှိရင် အပြစ်မရှိဘူး။ ကိုယ်ကျင့်သီလ မဆင်းရဲပါစေနဲ့
၂-သူ့ဥစ္စာလည်းမခိုးနဲ့(မပေးချင်ပဲယူတာခိုးတာပဲ)ခိုးရင် ဖြစ်ရာဘ၀မွဲတတ်တယ်။ ရန်သူမျိုးငါးပါးကြောင့်လည်း ပျက်စီးတတ်တယ်။ ဥစ္စာပစ္စည်းမရှိလို့ အပါယ်မကျဘူး ကိုယ်ကျင့်သီလပျက်ရင်တော့ အပါယ်ကြမယ်။
၃-သူများသားသမီးကိုလည်းမဖျက်ဆီးနဲ့ ဖျက်ဆီးက ဖြစ်ရာဘ၀ လူမုန်းများတယ်၊ ဆင်းရဲတယ် ဖြစ်ရာဘ၀ အမျိုးသမီးအဖြစ်ပဲရတယ်၊ ချစ်တဲ့သူနဲ့ ကွဲတယ်။ အင်္ဂါ၂မျိုးလုံးပါတယ်၊
၎-လိမ်ညာ၍လည်းမပြောရ၊ မုသားစကားပြောက စကားမပီ၊ သွားမညီ(သွားခေါ)၊ ခြောက်ကပ်ကိုယ်ရည်၊ မရောက်သြဇာ၊ ကျွန်ဘ၀လည်းရောက်တယ်(ဘုရားရှင်က သားတော်ရာဟုလာကို မုသားဆိုရင် ရယ်စရာတောင်မပြောနဲ့တဲ့ ဘာလို့လည်းဆိုရင် မုသားပြောတဲ့ပုဂ္ဂိုလ်ဟာ မလုပ်ရဲတဲ့ အကုသိုလ်တစ်ခုမှ မရှိလို့ပါဘဲ)
၅-သေရည်အရက်လည်းမသောက်နဲ့၊ သောက်က ဖြစ်ရာဘ၀ ရူးတတ်တယ်၊ (အကုသိုလ်ကိုလည်း လွယ်လွယ်လေးကျူးလွန်မိတတ်တယ်)
အားလုံးသောသူတော်ကောင်းတွေ ငါးပါးသီလကို စောင့်ထိန်းနိုင်ကြပါစေ.....


မေတ္တာရှင် ဆရာတော်အရှင်ဇ၀နဟောကြားသော တရားများကို ပြန်လည်ရေးသားဖော်ပြပါသည်။

နှစ်သစ်မှာ သူငယ်ချင်းအားလုံးပျော်ရွှင်ကြပါစေ
ဇာဇာ
Posted by Zar Li Tun on December 30, 2009 at 3:16pm


ကမ္ဘာသစ် စာစုများကို facebook တွင် မိတ်ဆွေ သူငယ်ချင်းများအား မျှဝေလိုပါလျှင် အောက်တွင် ပါရှိသော facebook like icon အား Click နှိပ်၍ အလွယ်တကူ Share လုပ်နိုင်ပါသည်။  

No comments:

Recent Posts

လစဉ်အလိုက် တင်ခဲ့သော ပိုစ့်များ

Popular Posts

မြန်မာ့မြေ

erer-outer'>