2 3 4 5 6 7 8 9 10

Sunday, October 16, 2011

ခြေထောက်နှိပ်ခြင်း အနုပညာ

သူငယ်ချင်းများအားလုံးမင်္ဂလာပါ.. နှစ်သစ်မှာ အားလုံးပျော်ရွှင်ပြီး လုပ်ငန်းများအားလုံး တိုးတက်အောင်မြင်ကြစေဘို့ ဆုတောင်းပေးနေပါတယ်… ဒီဇင်ဘာနဲ့ နှစ်သစ်ကူးရုံးပိတ်ရက်တွေမှာ နားနားနေနေ အိမ်မှာ ဇိမ်နဲ့နေခဲ့ရပြီး အခုတော့ ပြေးလွှားကာ ရုံးတက်၊ အလုပ်လုပ် မိသားစုအရေး၊ သားသမီးအရေး အိမ်ထောင့်တာဝန်တွေနဲ့ နိစ္စဓူဝ ဇယ်ဆက်သလို အလုပ်တွေ နဲ့ နဘန်းလုံးနေရပြန်ပါပြီ…
ကျမတို့လို အိမ်ထောင်တဖက်၊ ရုံးလုပ်ငန်းတစ်ဖက်နဲ့ အလုပ်လုပ်နေကြတဲ့ မိန်းမတွေအနေနဲ့ကော၊ အိမ်ထောင်မရှိသူ အပျိုချောညီမလေးတို့ အတွက်ကော၊ မိဘနှင့် ကိုယ်ချစ်တဲ့ သူကို ပြုစုကြမဲ့ သူတွေ၊ နိစ္စဓူဝ တနေကုန်ပင်ပန်းခဲ့ကြတဲ့ သူတွေအားလုံး လန်းဆန်းပြီး ညဖက်မှာ ကောင်းကောင်းအိပ်ပျော်နိုင်မဲ့ နည်းလမ်းလေး တစ်ခုကို ပြောပြချင်ပါတယ်…. သူငယ်ချင်းတို့ တခါတလေ ဖြစ်ဖူးလားမသိဘူး… ညဘက်ဆို အရမ်းညောင်းပြီး အကြောတွေ တက်လာတာလေ.. နေ့ ဘက်မှာ ရုံးမှာ ကွန်ပြူတာ တနေ့လုံးသုံးလာလို့… ညဘက်ဆို အကြောတွေတင်းပြီး ခြေထောက်တွေ၊ ခြေသလုံးတွေ တင်းပြီး ကိုက်ခဲနေတာတို့.. နေ့တိုင်း ထိုင်နေရတာကြာပြီး ခြေထောက်တွဲလောင်းချထိုင်လို့ ခြေဖ၀ါးနဲ့…ခြေချောင်းလေးတွေ ညောင်း တာလေ… ကျမကတော့ သိပ်ပြီး ညောင်းတတ်ပါတယ်.. တခါတလေ စောင်အထူ၊ အလေးကြီးအောက်ကို ခြေထောက်တွေ ထည့်ပြီး အိပ်ရပါတယ်.. တခါတလေကျရင်လည်း ခြေထောက်တွေကို နံရံပေါ်ကို ထောင်ပြီး အိပ်ပျော်သွားတတ်ပါတယ်.. ပိုဆိုးတာက ကျမက ဒေါက်ဖိနပ်စီးသူဖြစ် လို့ ခြေသလုံး နဲ့ တခေါက်ကွေးအထဲထဲ က ကိုက်ပြီး တအားညောင်းတာပါဘဲ… အခုတော့ နည်းတခုကို ရလိုက်ပြီဖြစ်လို့ ကျမလုပ်ကြည့်တာ သိပ်ကို ကောင်း… အရမ်းအညောင်းပြေပြီး ညဖက် အိပ်လို့ ကောင်းလို့ မနက်တောင် မထနိုင်ဘူး… ဒါကြောင့် ဒီနည်းကို သူငယ်ချင်းအားလုံး ကို မျှဝေပေးလိုက်ပါတယ်…. ရုံးနဲ့ အလုပ်တွေမှာ ပင်ပန်းလာခဲ့တဲ့ ခင်ပွန်းသည်တွေကို ဒီလို လုပ်ပေးရင်လည်း သိပ်သဘောကျ ကျေနပ်ပြီး ကိုယ့်ကို အချစ်ပိုမှာ အမှန်ပါ… မယုံမရှိနဲ့နော် .. လက်တွေ့ပါ..
ညနေ.. အလုပ်ပြန်လာချိန်မှာ… ရေနွေးဖြင့် ရေချိုးပါ..
ညစာ စားပြီး ချိန်.. တီဗွီကြည့်ချိန်လောက်မှာ
၁) ခြေထောက်ကို ဒူးခေါင်းမှစပြီး ရေနွေးဖြင့် ဆေးကြောပါ..
ပြီးလျှင် ခြောက်သွေ့အောင် သုတ်လိုက်ပါ.. ဖျာ ခင်းပြီး ကြမ်းပြင်မှာ ခြေဆင်းထိုင်ပါ..
၂) ဆေးအပူ (မိဂသီ၊ ဦးစိုင်း၊ လင်ဇီးဆေးရရာ)ကို ဒူးခေါင်းမှစကာ နဲနဲချင်းစီပွတ်ပြီး ခြေဖ၀ါးသို့ ဦးတည်ပြီး လိမ်းချပါ… ကျမကတော့ မုန်ညင်းဆီကို သုံးပါတယ်.. မုန်ညင်းဆီ၊ သံလွင်ဆီကို မြန်မာဆေး၊ အင်္ဂလိပ်ဆေးရောင်တဲ့ဆိုင်တွေမှာ အလွယ်တကူ ရနိုင်ပါတယ်.. (တဗူးမှ ၆၀၀ ကျပ်လောက်ဘဲရှိတယ်)
၃) Lotion တခုခုကို ၄င်းဆေးအပူများနှင့် ရောကာ ဆက်လိမ်းပါ.. နှိပ်ပြီး လိမ်းပါ.. ခြေဖ၀ါးကို လက်မနှင့်ထောက်ကာ ပွတ်ဆွဲပြီး အနှံ့ဖိနှိပ်ပါ.. (Lotion သုံးရခြင်းအကြောင်းမှာ ပွတ်ဆွဲလို့ ကောင်းအောင်သုံးခြင်းဖြစ်ပါတယ်) ခြေဖ၀ါးမှာ အကြောစုံရှိတယ်လို့ သိရပါတယ်…
၎) ခြေဖ၀ါးကို ခြေချောင်းလေးများဆီ ဦးတည်ပြီး လက်မနှင့် စက်ဝိုင်းပုံ ဖိဆွဲပြီး နှိပ်နယ်ပါ..
၅) ညောင်းနေတဲ့ ခြေထောက်နေရာတွေကို လက်နှစ်ဖက်နဲ့ ခြေဖ၀ါးဖက်သို့ ဆွဲချပါ..
၆) ခြေချောင်းလေးများကို တစ်ခုချင်းစီ နှိပ်ပေးပါ..
၇) ဒူးခေါင်းကိုလည်း ဆေးပူ၊ Lotion တို့နဲ့ စက်ဝိုင်းပုံဖြေးဖြေးဖိပြီး နှိပ်ပါ..
၈) တံခေါက်ကွေးထဲကိုလည်း နှိုက်ပြီးဆေးလိမ်းနှိပ်နယ်ပေးပါ..
နောက်တစ်ဆက်တည်း… ပေါင်ရဲ့ ဘေးဘက်၊ အတွင်းဘက်တွေကိုလည်း လက်ဖြင့်ဖိပြီး ခြေထောက်အောက်ပိုင်းဆီသို့ ဆေးနှင့် နှိပ်ပြီး ပွတ်ချပါ..
မိနစ် ၂၀ လောက် ခြေထောက်ကို နှိပ်နယ်ပြီး သွားရင် ည၀တ်ဘောင်းဘီရှည် (သို့မဟုတ်) ထမီလဲပြီး အိပ်ကြည့်လိုက်ပါ…အံ့သြဘွယ်ရာ နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်မှာပါ.... စောင်ခြုံတတ်ရင် စောင်ပါးလေးတစ်ထည်ကိုလည်း ခါးအောက်ပိုင်းကိုလွှားပြီး ခြုံအိပ်ပါ... ခြေထောက်တွေက အိပ်ပျော်သွားရင် စောင်မခြုံထားလို့ရှိရင် ညနက်ပိုင်း အအေးမိတတ်တယ်... စောင်မခြုံတတ်ရင်တော့ ဘောင်းဘီရှည်ဝတ်အိပ်တာ ကောင်းဆုံးပါ...
ကလေးများလည်း ညောင်းတတ်ပါသည်.. ကလေး၏ ခြေထောက်တွေကိုလည်း ဒူးခေါင်းမှ စကာ အထက်ပါနည်းအတိုင်း ခြေဖ၀ါးဆီသို့ ဦးတည်ပြီး ဖြေးညင်းစွာ နှိပ်ပေးပါက ကလေးများ နှစ်ချိုက်စွာ အိပ်မောကျ သွားကြောင်း ကျမကိုယ်တွေ့အရ သိရှိရပါတယ်…ကလေးများကိုတော့ ဆေးပူ မလိမ်းပေးသင့်ပါ..အသားအရေ အရမ်းနုနယ်လို့ မုံညင်းဆီ၊ သံလွင်ဆီနှင့် ပိုပြီး သင့်လျှော်ပါတယ်..
တစ်ခု သတိရတာရှိသေးတယ်… အချိန်မှန် နေ့စဉ် ၀မ်းသွားဘို့လဲ လိုသေးတယ်.. ၀မ်းချုပ်ရင်လည်း အကြောတတ်တတ်ပါတယ်… အရမ်းဝမ်းချုပ်တတ်ရင် မနက်အစောမှာ မကျည်းရေ သောက်ဘို့ တိုက်တွန်းလိုပါတယ်… ကျမ ကိုယ်ဝန်ဆောင်တုန်းက သံဓါတ်ပါတဲ့ ဆေးတွေသောက်လို့ ၀မ်းအရမ်းချုပ်သွားခဲ့ပါတယ်.. ဆရာဝန်ရဲ့လမ်းညွှန်ချက်နဲ့ ဒီနေ့အထိ လုပ်ဖြစ်ခဲ့တဲ့ ၀မ်းသွားဘို့နည်းလမ်းကတော့ မကျည်းရေ သောက်တာပါ… ညထဲက မကျည်းသီး နဲ့ ထန်းလျက်၊ ဆား ကို ရေစိမ်ထားပါတယ်.. မနက်ကျတော့ ဖျစ်ပြီး သောက်လိုက်တာ… (၁)နာရီအတွင်း ၀မ်းဖေါဖေါသွားပါတယ်…အပူအပုပ်တွေ အကုန်ထွက်သွားတယ်… မကျည်းရေက ဆွဲပြီး သောက်လည်း ဥပါဒ်မဖြစ်စေဘူးတဲ့… ကျမကတော့ တစ်ရက်ခြားလောက် သောက်ပါတယ်.. မျက်နှာမှာ အဖုမထွက်ချင်သူတွေ လည်း မကျည်းရေ သောက်ပါနော်… သူငယ်ချင်းများအားလုံး ချစ်သောသူကို ပြုစုနိုင်ပြီး ပိုပြီးလည်း အချစ်တွေပြန် ရပါစေ…
ခင်မင်စွာနဲ့
C.D
Posted by Celine Dion on January 6, 2010 at 1:00pm



ကမ္ဘာသစ် စာစုများကို facebook တွင် မိတ်ဆွေ သူငယ်ချင်းများအား မျှဝေလိုပါလျှင် အောက်တွင် ပါရှိသော facebook like icon အား Click နှိပ်၍ အလွယ်တကူ Share လုပ်နိုင်ပါသည်။  

No comments:

Recent Posts

လစဉ်အလိုက် တင်ခဲ့သော ပိုစ့်များ

Popular Posts

မြန်မာ့မြေ

erer-outer'>