2 3 4 5 6 7 8 9 10

Sunday, October 16, 2011

သူငယ်ချင်းတစ်ယောက် ( အပိုင်း - ၁ )

- လူတိုင်းမှာ သူငယ်ချင်းဆိုတဲ့ဝေါဟာရကို သုံးဖူးကြတယ် သူငယ်ချင်းတွေလည်းရှိကြပါတယ်။ကျွန်မမှာ အဲလို
သူငယ်ချင်းတွေထဲက အစ်မတစ်ယောက်လို၊ သူငယ်ချင်းကောင်းတစ်ယောက်လို ၊နောက်…အများအပေါ်တတ်နိုင်သလောက် ကူညီခဲ့ စေတနာထားခဲ့တဲ့ အခါတွေမှာ လေးစားလောက်စရာ စိတ်ထားလေးတွေ နဲ့  အမြဲ အမှတ်ရနေမိတဲ့ သူငယ်ချင်းတစ်ယောက်ရှိခဲ့ဖူးပါတယ်…


သွေးသားတော်စပ်ခြင်းမရှိပါပဲ ကိုယ့်အပေါ် မထင်မှတ်လောက်အောင် စိတ်ကောင်းစေတနာနဲ့  ဆက်ဆံလာတဲ့အခါ လူတွေပြောပြောနေကြတဲ့ မေတ္တာတရားဆိုတာကိုခံစား နားလည်မိခဲ့တာကို ကမ္ဘာသစ်က သူငယ်ချင်းများကို မျှဝေ ဖော်ပြချင်ပါတယ်..ရယ်မောစရာ..ပျော်ရွှင်စရာ အမှတ်တရလေးတွေပေါ့…

.. သူ့ အိမ်နာမည်က မလေးတဲ့…ရှမ်းဓနု စော်ဘွား မျိုးနွယ်ပါ…ဒါပေမယ့် မာန လုံးဝမရှိဘူး..အင်မတန်ကို သူများတွေ အပေါ် ကောင်းလွန်း စေတနာ ထားပြီး တတ်နိုင်သလောက် ကူညီလွန်းလို့  ချစ်ခင်လေးစားသူတွေ ပေါများသလို …လျော့ တွက်ပြီး လိုတဲ့အခါ လာလာပေါင်းပြီး ညာခိုင်းတဲ့သူတွေလဲ ရှိတာပေါ့..အဲလိုလူတွေပြောဆိုတာတွေ ဆက်ဆံတာတွေကို မခံချင်တဲ့အခါတိုင်း သူနဲ့ စကားများခဲ့ရတာလဲ ခဏ ခဏ..အဲလိုလူတွေကြောင့် သူ့ ၇ဲ့ ဖြူစင်တဲ့ စိတ်တွေ နာကျင်ရတာလဲ ခဏ ခဏပေါ့… ကျွန်မရဲ့ အကျင့် က အမှတ်သညာ ကြီးတတ်တယ်..ကိုယ့်ကို လျော့တွက်ပြီး ဆက်ဆံလာတတ်တဲ့သူတွေကို တစ်ခါက နှစ်ခါ..ဆိုသလို အကြိမ်ကြိမ်ဖြစ်လာတဲ့အခါ သည်းခံနိုင်တာထက် ကျော်လွန်သွားတဲ့အခါတွေမှာ ဥပေက္ခာ ပြုလိုက်ပြီး တတ်နိုင်သလောက်တော့ေ၇ှာင်တော့တာပေါ့.. ဘာပဲ ဖြစ်ဖြစ် သူက ကျွန်မ အပေါ်တော့ အင်မတန် ချစ်ခင် ပါတယ်..ညီအစ်မတွေလိုပါပဲ……


သူနဲ့  စပြီး ရင်းနှီးခဲ့တဲ့ အချိန်က ကျောင်းပြီးစ လုပ်ငန်းခွင် စဝင်တဲ့ အချိန်ပေါ့....တစ်အိမ်ထဲမှာ သူငယ်ချင်းလေးယောက် ပျော်ပျော်ပါးပါးနေခဲ့ကြတာပါ…ကျွန်မတို့ အိမ်ရှေ့ မှာ ဘောလုံးကွင်းကြီးရှိတယ်…ဘောလုံးကွင်းရဲ့  တဘက်မှာတော့ ကုန်းစောင်းလေးနဲ့  ကြီးမားတဲ့  ညောင်ပင်ကြီးရှိတာပေါ့…အပြင်သွားတိုင်း ဘောလုံးကွင်းကို ဖြတ်ဖြတ်ပြီး သွားကြရတယ်...ထိတ်လန့် ရယ်မောစရာ နေ့ လေး တစ်နေ့ ကို သတိရမိတယ်....
ဘောလုံးကွင်းကနေ လှမ်းကြည့်ရင် မြင်ရတဲ့ ကျွန်မတို့ အိမ်လေးပါ...


... …အဲဒီနေ့ က သူနဲ့ ကျွန်မ နေ့ လည်စာအပြင်ထွက်စားရင်း အပြန်ပေါ့ ကုန်းစောင်းလေးပေါ်ကနေ ဆင်းလိုက်ရင် ဘောလုံးကွင်းကို ရောက်တယ် .. …ကျွန်မသူနဲ့စကားတပြောပြော လျှောက်လာရင်း သူ့ ကိုသတိထားမိတာ သူ့ ဝတ်စားထားပုံပါ..လူက အရပ်ပုပု..ဆံပင်က ခါးလယ်ထိရောက်နေတာကို ဖြန့်ချထားတယ်..ရှပ်အကျီ င်္ ဖားဖားဝတ်ထားတယ်…အကျီ င်္က ကြီးလွန်းတော့ ဒူးနားရောက်နေတယ်..လုံခြည်က နှင်းဆီပွင့် ကျားကြီးတွေနဲ့ …နားကွင်း အကြီးကြီး ကိုလည်း ပန်ထားသေးတယ်…တကိုယ်လုံး ရှုပ်ယှက်ကို ခတ်နေတာပဲ..ကျွန်မက သူ့ ကို ဂျပု လို့ စတော့ သူက ..အမယ်..နင်က ဘယ်လောက် ရှည်လို့ လဲ ..ဘာမှလဲ မကွာပဲနဲ့ ဆိုတော့ ..ဟဲ့ ..ငါက နင့်ကို ကြည့်ရင် ၃၀ ဒီဂရီ လောက် ငဲ့ ကြည့် ရတယ်..နင်ကလဲ ငါ့ကို ၃၀ ဒီဂရီစာလောက်တော့ ပင့်ကြည့်ပြီး ပြောရတာပဲ ဆိုတော့..တဟားဟား အော်ရယ် ချလို က်တာ..သူ့ နားကွင်းတွေ ရော ဆံပင်တွေရော ခါယမ်းသွားတာပဲ..အဲဒီမှာတင်..ခပ်လှမ်းလှမ်းက မြက်နုလေးတွေ စားနေတဲ့ နွားပေါက်စ က သူ့ ဆီကိုတစ်ဟုန်ထိုး ကိုပြေးပြီးလာခွေ့  ပါလေရော(ဂျိုပေါက်ကာစလေ)..နှစ်ယောက်သားကြောင်ပြီး ကြည့်နေကြရင်း … အော်ပြီး တအားကုန်ပြေးကြတာ ..တစ်လမ်းစီပေါ့ ..အဲဒီမှာ နွားက သူ့ နောက်ကို ဆက်လိုက်သွားတယ်…သူငယ်ချင်းက ခပ်လှမ်းလှမ်း မြတ်တွေရိတ်နေတဲ့ နွားသခင်ဆီပြေးသွားတော..ဦးလေးကြီးက မြင်သွားပြီး လှမ်းအော်ရင်း သူ့ နွား သူပြန်ထိန်းလိုက်တော့ အနားရောက်ခါမှ မခွေ့ တော့ပဲ သီသီလေးလွတ်သွားတာပေါ့…ဒါကို နှာ တခွီးခွီးနဲ့  မှုတ်နေပါသေးတယ်..ကျွန်မမှာ လန့် သွားပေမယ့် သူ့ ကိုးရိုးကားယား အဝတ်အစားတွေပြန်ကြည့်ရင်း ရယ်နေမိတာပေါ့..သူကတော့ နိမိတ်မကောင်းဘူး..ဘာများဖြစ်ဦးမလဲ မသိဘူးတဲ့..ထိတ်လန့် နေတာနဲ့ ....ကျွန်မက နင် ဝတ်ထားတာတွေ နွားမျက်စိနောက်သွားလို့ ပါဟာလို့  ပြောခဲ့တာပေါ့…သူက လက်မခံဘူးလေ…လူတိုင်း ဖြတ်ဖြတ်သွားတာကို ခုမှ ဒီိလို ဖြစ်တာပါတဲ့ …


...သူများပြောတာကို အလွယ်တကူ လက်ခံတဲ့ အကျင့် မရှိဘူး..သူ့ စိတ်ထဲ မှန်တယ်ထင်မှ ပြင်လေ့ရှိတယ်..လက်ခံဖို့ လဲ ခဲယဉ်းတယ်...အမြဲ သူ့ အယူအဆ အတိုင်း ပဲ နေတယ်….သူ လက်ခံခဲ့တာတော့ တစ်ခုရှိတယ်..ဒါက သီချင်းတွေ လုံးဝ နားမထောင်တတ်..မခံစားတတ်တဲ့သူ..လက်ဖက်ရည် ပုံမှန်ပဲသောက်ပြီး စွဲစွဲ မြဲမြဲ မရှိတဲ့သူ့ ကို..ပြောင်းလဲလာခဲ့တာတစ်ခုပေါ့…..


ဘောလုံးကွင်းနားက ကုန်းထိပ်လေးမှာ သစ်လုံးလေးတွေနဲ့  ကဗျာဆန်ဆန် ဖွဲ့ စည်းထားတဲ့ လက်ဖက်ရည်ဆိုင်လေးတစ်ခုရှိတယ်......့ ဆိုင်လေးကို ပန်းချီကားလေးတွေ ပန်းအိုး ပုံစံအမျိုးမျိုးတွေနဲ့ မျက်စိပသာဒ ဖြစ်စရာ လေး ဖွဲ့ စည်းထားတာက နှစ်သက်စရာ ခံစားမှုတစ်မျိုးပါ်.်..အဲဒီနေ့ က ညနေခင်းလေးကို ဆီးနှင်းပါးပါးကျနေတယ်.. ပန်းချီကားလေး တစ်ချပ်လိုပါပဲ…


........ လက်ဖက်ရည်ဆိုင်ကို နှစ်ယောက်သား ထွက်လာကြရင်း..ရှုခင်းကို ဆီးပြီးမြင်ရတဲ့ နေရာလေးမှာထိုင်ကြတယ်..သူ ကို နင်လက်ဖက်ရည်မမှာနဲ့ ဦး..ငါမှာထားတာကို သောက်…ပြီး ကြိုက်မှ မှာ..ဆိုပြီး ပြောပြီး..လက်ဖက်ရည်ရောက်မလာခင် သီချင်းကို ‘ ချစ်ခြင်းရဲ့ မှန်ကူ ကွက်များ ‘..ခွေ ဖွင့်ပေးဖို့ ပြောထားတယ်..ကျွန်မ အရမ်း ကြိုက်တဲ့ခွေပေါ့..တောင်ကြီး က အဆိုတော်တွေ တေးရေးဆရာတွေ ပေါင်းဆိုထားတာ…အဲဒီမှာ ....ဘိုဖြူ ရဲ့  .. ‘ နေဝင်ချိန် ‘ သီချင်းကို သူ့ ကို အရင်ပြောပြထားတယ်..ခုလာမယ့် သီချင်းက ..ကောင်မလေး ခွဲသွားခဲ့တဲ့ ညနေခင်းကို ပြန်စဉ်းစားရင်း ….လွမ်းဆွတ်ရင်း နာကျင်ညည်းတွားနေတဲ့ ပုံစံလေးလို ဆိုထားတယ်ပေါ့..အစပျိုးပြီး ပြောထားတယ်..အဲလိုပြောပြီး လက်ဖက်ရည်ရောက်လာတော့ သူ တစ်ငုံသောက်တယ်..ဟာ ..ဘာအရသာကြီးလဲ ဆိုပြီး သူရှုံ့ မဲ့ သွားရင်း..ကမန်းကတန်း ရေနွေးကြမ်း ယူသောက်တယ်..ဒါနဲ့ ..နင် နဲနဲလေး ငုံတယ်ဆိုရုံလေး ငုံပြီး ဖြည်းဖြည်းမျိုချ..မချိုဘူး..ဒါပေမယ့် သောက်လိုက်တဲ့အခါ ဖန်နေပေမယ့်..ခဏနေ လျာဖျားပေါ်မှာ ခပ်စိမ့်စိမ့် လေး ကျန်ခဲ့လိမ့်မယ်…အဲဒါမှ သူ့ အရသာ…အဲလို ဖြည်းဖြည်းချင်းသောက်ဆိုတော့ သူ ကျွန်မ ပြောသလို စသောက်တယ်…အဲဒီအချိန် သီချင်းက အလာ သူက ဖြေးဖြေးချင်းသောက်ရင်း သီချင်းနားထောင်ရင်း အရမ်းကို ငြိမ်သက်သွားပါတယ်…သီချင်းတိုင်းကိုလဲ အလျဉ်းသင့်သလို သီချင်းမလာခင် အဓိပ္ပါယ် ပြောပြောပြထားတော့..ကောင်းလှချည်လား..မိုက်တယ် မိုက်တယ်ပေါ့...


....နောက်ပိုင်းတော့ လက်ဖက်ရည်ဆိုင်သွားဖို့ စခေါ်တဲ့သူက သူ…သီချင်းတွေကို စိတ်ဝင်တစားနားထောင်တတ်ရင်း ..ဂစ်တာတီးတဲ့အခါပါ လက်သံ အကောင်းဆုံး တီးခတ်နိုင်သူကလဲ သူ..ဖြစ်လာပါတော့တယ်… သူ လက်ဖက်ရည်ဆိုင်ထိုင်တိုင်း မှာဖြစ်တာ ဖန်စိမ့်ပေါ့….


သက်နွယ်..
အပိုင်း ၂ ကို ဆက်လက်ဖော်ပြပါမည် ။

ဆက်လက်ဖော်ပြပါမည် ။ 


Posted by thet nwe on December 28, 2009 at 6:30am 

ကမ္ဘာသစ် စာစုများကို facebook တွင် မိတ်ဆွေ သူငယ်ချင်းများအား မျှဝေလိုပါလျှင် အောက်တွင် ပါရှိသော facebook like icon အား Click နှိပ်၍ အလွယ်တကူ Share လုပ်နိုင်ပါသည်။  
 

No comments:

Recent Posts

လစဉ်အလိုက် တင်ခဲ့သော ပိုစ့်များ

Popular Posts

မြန်မာ့မြေ

erer-outer'>