2 3 4 5 6 7 8 9 10

Sunday, October 16, 2011

ကာရန်မဲ့မြစ်တစင်း

ဘ၀ဆိုတာ မြစ်တစင်းလို
ကွေ့ကောက်ကာစီးဆင်းရင်း
နိမ့်တခါမြင့်တလှည့်နဲ့
လောကရဲ့ပင်လယ်ပြင်ထဲ
စီးမျောရင်း ခရီးဆက်ခဲ့။
ဟိုတုန်းကဆို ခရမ်းပြာပန်းဗေဒါနဲ့
နေခြည်ဖြာ နံနက်ခင်းတွေထဲ
နူးညံ့တဲ့ လေပြေညှင်းလို
ငြိမ့်ညောင်းစွာ စီးဆင်းဖူးပါရဲ့။ ။
လန်းဆန်းတဲ့ နုပျိုခြင်းတွေနဲ့
ချိုမြမြ သံစဉ်တွေထဲ
မြစ်တစင်းရဲ့ ညနေခင်းတွေလဲ
လှပစွာသက်ဝင်ခဲ့တာပေါ့။
ခုတော့လဲလေ.....
ရိုက်ခတ်တဲ့လှိုင်းဒဏ်
လောကဒဏ်စည်းချက်တွေကြား
လွင့်မြောကာခရီးဆက်ရင်း
ငါ့ဘ၀ရဲ့ မြစ်ပြင်အို
သံစဉ်တွေမချိုတော့ပါဘူး။
အပြောကျယ်လောကပင်လယ်ထဲ
တိုးဝှေ့ကာစီးဆင်း
အက်ရှရှသံစဉ်တွေထဲ
စိတ်ပျက်စွာကခုန်ရင်း
မြစ်တစင်းရဲ့ချစ်ခြင်းတွေတောင်
အသက်မဲ့ခဲ့တာကြာပေါ့။
ခုတော့လဲ........
နှစ်ချို့ဆဲ မြစ်ပြင်အိုလို
သံစဉ်တွေချိုလာနိုးနဲ့
ကြမ်းတမ်းတဲ့ဒီလှိုင်းတွေကြား
စီးဆင်းကာနစ်မြောရင်း
မွန်းကြပ်ဆဲ ငါ့ရင်ထဲမှာ
ကာရန်ညီကဗျာတပုဒ်တောင်
ဖမ်းဆုပ်ဖို့ မလွယ်တော့ဘူးလေ။ ။

မနှင်းဖြူ
၂၇.၁၂.၂၀၀၉
နေ့လည် ၃နာရီ ၅မိနစ် 


Posted by Aye Su Mar on December 27, 2009 at 3:45pm 

ကမ္ဘာသစ် စာစုများကို facebook တွင် မိတ်ဆွေ သူငယ်ချင်းများအား မျှဝေလိုပါလျှင် အောက်တွင် ပါရှိသော facebook like icon အား Click နှိပ်၍ အလွယ်တကူ Share လုပ်နိုင်ပါသည်။  
 

No comments:

Recent Posts

လစဉ်အလိုက် တင်ခဲ့သော ပိုစ့်များ

Popular Posts

မြန်မာ့မြေ

erer-outer'>