စကားတွေ အတွေ့ အကြုံလေးတွေပြောကြရင်း.
တစ်ယောက်က ခေါင်းစဉ်တစ်ခု တပ်လိုက်တယ်….
နိုင်ငံ၇ပ်ခြားမှာ အလုပ်သွားလုပ်ဖို့ …ပညာနဲ့ ရပ်တည်ဖို့ ..
ဆိုတဲ့ ခေါင်းစဉ်လေးပေါ့…လက်ရှိ..လခစား
ဝန်ထမ်း တွေ အဖြစ်ကနေ..နိုင်ငံရပ်ခြားကို
ခုန်ကူးဖို့ ကတော့ တော်တော်မလွယ်တဲ့ ကိစ္စပေါ့…
လူငယ်တွေ အတွက်လဲ ကမ္ဘာ့စီးပွားရေး ပျက်ကပ် အကျိုးဆက်တွေကို အနည်းနဲ့ အများတော့
ရိုက်ခတ်ခံရတာပါပဲ..ပြည်ပကို အရောက်သွားခဲ့ ရင်တောင် အလုပ်ရဖို့ ဆိုတာ တော်တော်
မလွယ်တဲ့ ကိစ္စ...။
အဲဒီမှာပဲ..တစ်ယောက်က ပုံပြင်လေးတစ်ခုနဲ့ သုံးသပ်ပြတယ်…
တစ်ခါက ..တံငါသည်ရဲ့ လှေဝမ်း ထဲမှာ..ဖမ်းမိထားတဲငါးတွေထဲက.ငါး ၃ကောင်
အဖြစ်လေးတွေပေါ့....တံငါသည်ရဲ့  အိမ်အပြန်ခရီးမှာ...ပထမ တစ်ကောင်က စဉ်းစားတယ်..
ဒီတိုင်းပဲ နေရင်တော့ တံငါသည် ရိုက်သတ်ခံရရင်း ဟင်းအိုးထဲရောက်မယ်.မဖြစ်ဘူး..
ငါ အခြေအနေ အရ လှုပ်ရှားမယ်ဆိုပြီး..စောင့်ကြည့်နေတုန်း..လှိုင်းက ပုတ်လာတဲ့ အခါ.
.လှေက လွန့် သွားရင်း တံငါက လှေကိုထိန်းလိုက်တယ်..ဒီတော့ တံငါသည်က ငါးတွေကို
အာရုံ မစိုက်နိုင်ပဲသတိလက်လွတ်ဖြစ်သွားတဲ့  အချိန်မှာပဲ...ပထမ ငါး က
အခြေအနေဟန်ပြီ ဆိုပြီး ..အင်အားစိုက်ရင်း.. လှေစောင်းသွားတဲ့ ဘက်ကို ခုန်လိုက်တာ
ရေထဲကို ကွက်တိကျသွားတာပေါ့…
ဒီတော့ တံငါသည်ရဲ့ ရန်က လွတ်သွားတော့တယ်...အဲဒီတော့ ဒုတိယ.ငါးကလည်း
ရှေ့ က ငါးလို လိုက်လုပ်မယ် ကြံစည်လိုက်တယ်..ဒီတစ်ခါတော့ တံငါသည်က
သတိမလွတ်တော့ဘူး..သူက ပထမငါး…လွတ်သွားတော့ကျန်တဲ့ ငါးတွေကို
သေချာကြည့်နေတော့တယ်..
ဒုတိယ ငါးကတော့ အခြေအနေတွေ..လှိုင်းအလာ လှေအလူးတွေ ကြည့်မနေတော့ဘူး..
လှိုင်းလွန့် တိုင်းကို ထ ထ ခုန်နေတာ တဖျပ်ဖျပ်နဲ့ ပေါ့..တံငါသည်ကလည်း
စောင့်ကြည့်နေတာဆိုတော့ တဖျပ်ဖျပ် ခုန်နေတဲ့ ငါးကို တွေ့ ပြီး တစ်ခါထဲ လှော်တက်နဲ့ 
ရိုက်ထည့်လိုက်တာ သေသွားပါလေရော..ဒီတော့ တတိယ ငါးက စဉ်းစားတယ်..
ဝီရိယ ရှိလည်း အလကားပါပဲ....တံငါသည်ကလဲ စောင့်ကြည့်နေတယ်
သေချိန်တန်သေ..လွတ်ချိန်တန်လွတ်လိမ့်မယ်..ကံပေါ့..ဆိုပြီး ဘာမှ ကြိုးစားပမ်းစား
မလုပ်တော့ပဲ ငြိမ်နေလိုက်တယ်..အဲဒီတော့ အချိန်တန်တော့လဲ ..တံငါသည်ရဲ့ 
ဟင်းအိုးထဲ ရောက်သွားတာပါပဲတဲ့ 
ဒီတော့ ..ရည်ရွှယ်ချက်တွေ...ဖြစ်ချင်တဲ့ ဆန္ဒ တွေ ရှိရင်တော့..အရာရာကို သေချာ
သုံးသပ်ပြီး ကြိုးစားအားထုတ်ဖို့ လိုပါလိမ့်မယ်...ကံကိုပဲ ယုံပြီး ကြိုးစားအားထုတ်မှု
မရှိရင်လည်း မဖြစ်ဘူး..ဥာဏ်မရှိပဲ…ဝီ၇ိယ ချည်းပဲ စိုတ်ထုတ်လို့ ကတော့လည်း
အရာမရောက်ဘူး..လှိုင်း အလာ လှေအလူးကို စောင့်ပြီး..တတ်နိုင်သလောက်
ကြိုးစားခဲ့ ရင်တော ဖြစ်ချင်တဲ့ ဆန္ဒလေးတွေ ပြည့်ဝလာပါလိမ့်မယ်..။
Posted by thet nwe
No comments:
Post a Comment