သတိရမိသော လွှမ်းမောဖွယ် တောင်ပေါ်ညလေးတစ်ည..
ဆီမီးထိန်ထိန် လမြတ်တန်တောင်တိုင်.... ဒီရက်. ဒီအချိန်. ဒီရာသီရောက်ပြီဆိုရင် သတိရစရာတွေ အများကြီးပါဘဲ.
ချမ်းအေးပြီး ပျော်ဖို့ကောင်းတဲ့ တောင်ပေါ် မြို့လေးပေါ်က မီးပုံပျံပွဲကို အမှတ်ရမိတယ်.ကြာတော့ကြာခဲ့ပါပြီ
. ၂၀၀၀ ခုနှစ်.နိုဝင်ဘာလ(၅)ရက်.တနင်္ဂနွေနေ့. တန်ဆောင်မုန်းလပြည့်နေ့မတိုင်ခင် ရက်လေးတစ်ရက်ပေါ့နော်. အဲဒီတုံးက
ဆရာသမားတွေ. သူငယ်ချင်းတွေ. လုပ်ဖော်ကိုင်ဖက်တွေဆိုတာလည်း အခုတော့ ဘယ်ဆီကိုများ ရောက်နေမလဲနော်.အလုပ်ပြောင်းသွားတဲ့သူတွေ. တနယ်တကျေးရောက်နေတဲ့သူတွေ. တမလွန်ဘ၀ကူးပြောင်းသွားကြတဲ့ ဆရာသမားတွေ. အိမ်ထောင်ကျသွားတဲ့သူတွေတော့ မတူညီတဲ့အရပ်ဒေသတွေမှာ.နေရာတွေမှာ. ဘ၀တိုက်ပွဲကို ဆင်နွဲနေကြမှာဘဲနော်. တို့ကိုယ်တိုင်လည်း အခုတော့ ဇာတိနဲ့ဝေးတဲ့ တစ်နေရာမှာ ရှုန်းကန်လှုပ်ရှားဆဲပါဘဲ.ဘ၀ဆိုတာကလည်း ရုန်းကန်လှုပ်ရှားနေမှ အဓိပွါယ်ရှိတာဘဲနော်. နို့မဟုတ်ရင် ဘ၀က စီးဆင်းမှုမရှိတဲ့ ရေသေလိုဘဲဖြစ်နေမှာနော်သူငယ်ချင်း.
သူငယ်ချင်းတို့ကို တို့ရဲ့တောင်ပေါ် မြို့လေးအကြောင်းမပြောရသေးဘူးနော်. သူငယ်ချင်းတို့သိပြီးသားမြို့လေးပါဘဲနော်.
တို့မြန်မာနိုင်ငံမှာတင်မက ကမ္ဘာကပါသိကြတယ်လေ.နှစ်စဉ်နှစ်တိုင်း မီးပုံးပျံပွဲတော်ကို စည်ကားသိုက်မြိုက်စွာ ကျင်းပတဲ့မြို့ . အာဆီင်္ယံနိုင်ငံတွေထဲမှာမှ မြို့ တော်ပတ်ဝန်းကျင် သပ်ယပ်အသန့်ရှင်းဆုံးဆုကို (၂၀၀၈)ခုနှစ်က ရခဲ့တဲ့ တစ်ခုတည်းသောမြို့ .ပင်လယ်ရေမျက်နှာပြင် (၄,၇၁၂)ပေ အမြင့်မှာရှိတဲ့ ရှမ်းပြည်တောင်ပိုင်းက တောင်ကြီးမြို့ဘဲပေါ့နော်.
တောင်ကြီးမြို့က မီးပုံးပျံပွဲကို မရောက်ဖူးသေးတဲ့သူငယ်ချင်းတွေအတွက် သိပ်ပြီးပျော်ဖို့ကောင်းတဲ့ မီးပုံးပျံလွတ်တင်ခဲ့တဲ့
အကြောင်းကို အရမ်းသတိရလို့ပြန်ပြောပြမယ်နော်. တို့တောင်ပေါ်သူ.တောင်ပေါ်သားတွေက ရိုးသားကြတယ်. စိတ်ရင်းအရမ်းဖြူစင်ကြတယ်.
ဘာသာတရားကို ကိုင်းရှိုင်းကြတယ်. ဂါရ၀တရားကို ဦးထိပ်ထားကြတယ်. တို့အလုပ်ထဲက ဆရာသမားတွေ. လုပ်ဖော်ကိုင်ဖက်တွေက
အရမ်းစည်းလုံးညီညွတ်ကြတယ်.မိန်းခလေး.ယောက်ကျားလေးဆိုတာ တကယ့်မောင်နှမအရင်းတွေလိုဘဲ. ပြောမနာ ဆိုမနာဆက်ဆံကြတယ်လေ.
ဒီလိုစိတ်ဓါတ်တွေဟာ အခုလိုမီးပုံပျံတစ်လုံးကို မိုးကောင်းကင်ထိ တက်နိုင်အောင်လုပ်တဲ့အခါမှာမှ ပိုပြီးပေါ်လွင်လာတယ်.
မီးပုံပျံလွတ်ရတဲ့ ရည်ရွယ်ချက်ကတော့ ၀ါလကင်းလွတ်သီတင်းကျွတ်ပြီးလို့ ချမ်းအေးလှတဲ့ရာသီ တန်ဆောင်မုန်းလမှာ
မြတ်စွာဘုရားကို ဆီးမီးနဲ့ပူဇော်တာပေါ့နော်. မီးပုံးပျံလွတ်တာက နေ့လွတ်.ညလွတ်ဆိုပြီး (၂)မျိုးရှိတယ်.
နေ့လွတ်ဆိုရင် အရုပ်လေးတွေဘဲ အလှလွတ်တင်ကြတာလေ. ဆင်ရုပ်.မြင်းရုပ်.ဘဲရုပ်.ငှက်ရုပ်.၀က်ရုပ် စသဖြင့် အရုပ်မျိုးစုံပေါ့နော်.
တကောင်ချင်းလည်း လွတ်တယ်. မိသားစုဆိုပြီး (၃)ကောင်. (၄)ကောင်လည်းစုပြီး လွတ်တင်ကြတယ်. တို့သူငယ်ချင်းတွေဆိုတာ
သွားရင်းလာရင်း မိုးကောင်းကင်ပေါ်ကိုမော့ကြည့်လိုက်နဲ့ အရမ်းပျော်ဖို့ကောင်းတယ်.အရုပ်တွေကလည်း လှတယ်လေ. အဝေးကနေကြည့်ပြီး ဘာအကောင်လဲဆိုင်္ပြီး မှန်းဆရတဲ့ စိတ်ခံစားချက်က ပြောလို့မယုံ ကြုံဖူးမှသိမယ်သူငယ်ချင်း. နေ့လွတ်အရုပ်တွေကိုဆို ခလေးလေးတွေကအရမ်းကြိုက်ကြတယ်.
တို့အဖွဲ့တွေလွတ်တာက ညလွတ်စိန်နားပန်လေ. ညလွတ်မှာဆို စိန်နားပန်နဲ့ မီးကျီဆိုပြီး (၂)မျိုးရှိတယ်. စိန်နားပန်ဆိုတာက
မီးပုံးပျံအလုံးကြီးဘေးမှာ မီးပုံးတွေချိတ်ပြီး အောက်ကအဆွဲတွေမှာလည်း စာတမ်းတွေနဲ့ ပုံဖော်ပြီး မြတ်စွာဘုရားကို မီးနဲ့ပူဇော်တဲ့ သဘောပေါ့နော်.
ဘုရားပုံတော်.စေတီပုံတော်.ကြေးစည်ပုံ.ကြာပန်းပုံ.အမျိုးမျိုးကို ကိုယ့်စိတ်ကူးနဲ့ကိုယ် ပုံဖော်ပြီး ပြိုင်ပွဲဝင်ကြတာလေ.
မီးကျီဆိုတာက တက်သွားရင် ရောင်စုံမီးရှူး မီးပန်းတွေ ကျလာတာလေ. တပ်မတော်နေ့မှာ မီးပန်းတွေဖောက်သလိုဘဲပေါ့နော်
လေထီးပုံစံဖြာကျနေတဲ့ မီးရှူးမီးပန်းတွေဆိုတာ မြေပြင်ကနေမော့ပြီးကြည့်ရင် အရမ်းလှတယ်.
တို့သူငယ်ချင်းတစ်စုဆိုတာ မီးပုံးပျံလွတ်မဲ့ညမှာ အလုပ်တွေရှုပ်နေကြတယ်. မီးပုံပျံလွတ်တဲ့ကွင်းကို မီးပုံးပျံတင်ဖို့ ဟိုင်းလပ်ကားတစ်စီးရယ်. တို့တွေအဖွဲ့က အယောက်(၃၀)လောက် လမ်းလျှောက်ပြီးသွားကြတယ်. မီးပုံးပျံလွတ်တဲ့ကွင်းကိုရောက်ဖို့
(၂)မိုင်လောက် လမ်းလျှောက်ပြီး သယ်သွားကြတာပေါ့နော်. လမ်းဘေးဝဲ/ယာတစ်လျှောက်မှာလည်း တို့တွေကို အားပေးတဲ့သူတွေ အပြည့်ပါဘဲ.
မိန်းခလေးတွေက မီးပုံးတွေကိုင်ပြီး ယောက်ကျားလေးတွေက
မီးပုံးပျံအောက်ဆွဲကိုကိုင်ကြတယ်.တို့တွေ တစ်နာရီလောက် လမ်းလျှောက်ပြီးမှ
မီးပုံးပျံလွတ်မဲ့ကွင်းကို ရောက်တယ်. ပျော်နေတာနဲ့
မောရမှန်းပမ်းရမှန်းမသိကြတော့ဘူးလေ. ကွင်းထဲကို
အလှည့်ကျဝင်စီရတယ်.တို့တွေနဲနဲစောင့်ရပြီး အလှည့်ကျပြီဆိုတာနဲ့
သတ်မှတ်ထားတဲ့စည်းဝိုင်းထဲကို ၀င်ကြတယ်. တို့တွေအားလုံး
တို့ရုံးအမှတ်အသားပါတဲ့ ထရက်စွပ်တွေတူညီစွာ ၀တ်ထားကြတယ်. အပြင်ကရာသီဥတုက
အရမ်းအေးနေပေမဲ့ အေးမှန်းချမ်းမှန်း မသိအောင်ကို တို့မောင်နှမတွေ
မီးပုံးပျံကောင်းကောင်း လွတ်တင်နိုင်ဖို့ဘဲ စိတ်အားထက်သန်နေကြတယ်.
ယောက်ကျားလေးတွေက မီးပုံးပျံကို မှိုင်းခံကြတယ်.မှိုင်းဝမှ မီးပုံးပျံက
မိုးပေါ်ကို ကောင်းကောင်းမြင့်မြင့် တက်နိုင်မှာလေ.မိန်းခလေးတွေက
မီးပုံးရောင်စုံတွေမှာ ဖယောင်းတိုင်အရင်စိုက်ထားပြီး မှိုင်းနဲနဲဝမှ
မီးစထွန်းရတယ်.အစောကြီးဖယောင်းတိုင်ထွန်းထားရင် စောစောမီးငြိမ်းသွားမယ်.
ဖယောင်းတိုင်ကုန်သွားမယ်ဆိုရင် မီးပုံးပျံတက်ရင် စာသားဖော်ထားတာ
မမြင်ရဘူးဖြစ်သွားမှာမို့လို့ တို့မောင်နှမတွေ ချိန်ကိုက်လှုပ်ရှားကြရတယ်.
တို့တွေစည်းစည်းလုံးလုံး ညီညီညွတ်ညွတ်နဲ့ လုပ်ဆောင်ကြတာ မှိုင်းခံတာရော.
မီးညှိတာရော. ချိန်ကိုက်ပြီးစီးသွားတဲ့အချိန်မှာ တို့တွေရဲ့မီးပုံးပျံကြီးက
မြောက်ကြွမြောက်ကြွနဲ့ မိုးပေါ်ကိုပျံတက်ဖို့ အားယူနေတဲ့
ငှက်တစ်ကောင်လိုဘဲ.တို့တွေသတ်မှတ်ထားတဲ့ အချိန်အတွင်း
ပြီးစီးအောင်လုပ်ဆောင်နိုင်ခဲ့ကြတယ်.အားလုံးပြီးစီးလို့
မိုးကောင်းကင်ပေါ်ကို မီးပုံးပျံကြီးတက်သွားတဲ့အချိန်အထိ ရင်တမမနဲ့
အမြင့်ကြီးကိုရောက်ပါ့မလား. အောက်ဆွဲစာတမ်းကိုသယ်နိုင်ပါ့မလား.
မီးလောင်သွားမလား ဆိုတဲ့စိုးရိမ်စိတ်တွေ အပြည့်နဲ့ပေါ့.
တို့တွေရဲ့မီးပုံးပျံကြီး အောင်မြင်စွာနဲ့
ဟိုးအမြင့်ကြီးကိုတက်နိုင်ခဲ့တယ်. မိုးတိမ်ထဲဝင်သွားတဲ့အထိ တို့တွေ
အားပေးခဲ့ကြတယ်.တို့တွေရဲ့ မီးပုံးပျံကြီးက ဆုတော့မရခဲ့ပါဘူး. ဒါပေမဲ့
တို့မောင်နှမတွေ ချစ်ခင်ရင်းနှီးစွာ.စည်းလုံးညီညွတ်စွာနဲ့
မီးပုံးပျံတစ်လုံးကို အောင်မြင်စွာ လွတ်တင်နိုင်ခဲ့ကြလို့ အတိုင်းမသိ
ပျော်ခဲ့ကြတယ်. ဒါဟာတို့ရဲ့ဘ၀မှာ ဒီအချိန်.ဒီရာသီရောက်တိုင်း သတိရစရာ.
အမှတ်ရစရာ. ဘ၀မှတ်တိုင်လေးတစ်ခုပါဘဲ.
တောင်ကြီးမီးပုံးပျံပွဲကို ရောက်ဖူးပြီးတဲ့သူတွေလည်း ပြန်ပြီးအမှတ်ရစေဖို့ . မရောက်ဖူးသေးတဲ့ သူငယ်ချင်းတွေလည်း အဆင်ပြေတဲ့ အချိန်မှာသွားရောက် လည်ပတ်နိုင်ဖို့ရယ်. မရောက်ဖူးသေးပေမဲ့ ဒီစာလေးကို ဖတ်လိုက်ရင်သိသွားအောင်ရယ်. တို့လိုဘဲ ဇာတိမြေနဲ့ အကြောင်းအမျိုးမျိုးကြောင့် ဝေးကွာနေတဲ့. မပြန်နိုင်ကြတဲ့ အဝေးရောက်သူငယ်ချင်းတွေအတွက် အခုလို တန်ဆောင်မုန်းလမှာ အမှတ်တရဖြစ်စေဖို့ တောင်ပေါ်ညလေးရဲ့ လွှမ်းမောဖွယ်ရာ အဖြစ်လေးကို ကမ္ဘာသစ်မှာ မျှဝေခံစားနိုင်ဖို့ ရေးပို့လိုက်ပါတယ်.
မေတ္တာတရားပွားများနိုင်ကြပါစေ......
အေးအေးမိုးမိကူး.....
* Posted by ayeayemoemeeku on November 2, 2009 at 10:30am
အထက်ဖော်ပြပါ ကမ္ဘာသစ်ပိုစ့် များကို facebook ရှိ မိမိသူငယ်ချင်းများကို မျှဝေလိုပါလျှင် အောက်မှ facebook Like ကို Click နှိပ်၍ အလွယ်တကူ မျှဝေနိုင်ပါသည်။
ချမ်းအေးပြီး ပျော်ဖို့ကောင်းတဲ့ တောင်ပေါ် မြို့လေးပေါ်က မီးပုံပျံပွဲကို အမှတ်ရမိတယ်.ကြာတော့ကြာခဲ့ပါပြီ
. ၂၀၀၀ ခုနှစ်.နိုဝင်ဘာလ(၅)ရက်.တနင်္ဂနွေနေ့. တန်ဆောင်မုန်းလပြည့်နေ့မတိုင်ခင် ရက်လေးတစ်ရက်ပေါ့နော်. အဲဒီတုံးက
ဆရာသမားတွေ. သူငယ်ချင်းတွေ. လုပ်ဖော်ကိုင်ဖက်တွေဆိုတာလည်း အခုတော့ ဘယ်ဆီကိုများ ရောက်နေမလဲနော်.အလုပ်ပြောင်းသွားတဲ့သူတွေ. တနယ်တကျေးရောက်နေတဲ့သူတွေ. တမလွန်ဘ၀ကူးပြောင်းသွားကြတဲ့ ဆရာသမားတွေ. အိမ်ထောင်ကျသွားတဲ့သူတွေတော့ မတူညီတဲ့အရပ်ဒေသတွေမှာ.နေရာတွေမှာ. ဘ၀တိုက်ပွဲကို ဆင်နွဲနေကြမှာဘဲနော်. တို့ကိုယ်တိုင်လည်း အခုတော့ ဇာတိနဲ့ဝေးတဲ့ တစ်နေရာမှာ ရှုန်းကန်လှုပ်ရှားဆဲပါဘဲ.ဘ၀ဆိုတာကလည်း ရုန်းကန်လှုပ်ရှားနေမှ အဓိပွါယ်ရှိတာဘဲနော်. နို့မဟုတ်ရင် ဘ၀က စီးဆင်းမှုမရှိတဲ့ ရေသေလိုဘဲဖြစ်နေမှာနော်သူငယ်ချင်း.
သူငယ်ချင်းတို့ကို တို့ရဲ့တောင်ပေါ် မြို့လေးအကြောင်းမပြောရသေးဘူးနော်. သူငယ်ချင်းတို့သိပြီးသားမြို့လေးပါဘဲနော်.
တို့မြန်မာနိုင်ငံမှာတင်မက ကမ္ဘာကပါသိကြတယ်လေ.နှစ်စဉ်နှစ်တိုင်း မီးပုံးပျံပွဲတော်ကို စည်ကားသိုက်မြိုက်စွာ ကျင်းပတဲ့မြို့ . အာဆီင်္ယံနိုင်ငံတွေထဲမှာမှ မြို့ တော်ပတ်ဝန်းကျင် သပ်ယပ်အသန့်ရှင်းဆုံးဆုကို (၂၀၀၈)ခုနှစ်က ရခဲ့တဲ့ တစ်ခုတည်းသောမြို့ .ပင်လယ်ရေမျက်နှာပြင် (၄,၇၁၂)ပေ အမြင့်မှာရှိတဲ့ ရှမ်းပြည်တောင်ပိုင်းက တောင်ကြီးမြို့ဘဲပေါ့နော်.
တောင်ကြီးမြို့က မီးပုံးပျံပွဲကို မရောက်ဖူးသေးတဲ့သူငယ်ချင်းတွေအတွက် သိပ်ပြီးပျော်ဖို့ကောင်းတဲ့ မီးပုံးပျံလွတ်တင်ခဲ့တဲ့
အကြောင်းကို အရမ်းသတိရလို့ပြန်ပြောပြမယ်နော်. တို့တောင်ပေါ်သူ.တောင်ပေါ်သားတွေက ရိုးသားကြတယ်. စိတ်ရင်းအရမ်းဖြူစင်ကြတယ်.
ဘာသာတရားကို ကိုင်းရှိုင်းကြတယ်. ဂါရ၀တရားကို ဦးထိပ်ထားကြတယ်. တို့အလုပ်ထဲက ဆရာသမားတွေ. လုပ်ဖော်ကိုင်ဖက်တွေက
အရမ်းစည်းလုံးညီညွတ်ကြတယ်.မိန်းခလေး.ယောက်ကျားလေးဆိုတာ တကယ့်မောင်နှမအရင်းတွေလိုဘဲ. ပြောမနာ ဆိုမနာဆက်ဆံကြတယ်လေ.
ဒီလိုစိတ်ဓါတ်တွေဟာ အခုလိုမီးပုံပျံတစ်လုံးကို မိုးကောင်းကင်ထိ တက်နိုင်အောင်လုပ်တဲ့အခါမှာမှ ပိုပြီးပေါ်လွင်လာတယ်.
မီးပုံပျံလွတ်ရတဲ့ ရည်ရွယ်ချက်ကတော့ ၀ါလကင်းလွတ်သီတင်းကျွတ်ပြီးလို့ ချမ်းအေးလှတဲ့ရာသီ တန်ဆောင်မုန်းလမှာ
မြတ်စွာဘုရားကို ဆီးမီးနဲ့ပူဇော်တာပေါ့နော်. မီးပုံးပျံလွတ်တာက နေ့လွတ်.ညလွတ်ဆိုပြီး (၂)မျိုးရှိတယ်.
နေ့လွတ်ဆိုရင် အရုပ်လေးတွေဘဲ အလှလွတ်တင်ကြတာလေ. ဆင်ရုပ်.မြင်းရုပ်.ဘဲရုပ်.ငှက်ရုပ်.၀က်ရုပ် စသဖြင့် အရုပ်မျိုးစုံပေါ့နော်.
တကောင်ချင်းလည်း လွတ်တယ်. မိသားစုဆိုပြီး (၃)ကောင်. (၄)ကောင်လည်းစုပြီး လွတ်တင်ကြတယ်. တို့သူငယ်ချင်းတွေဆိုတာ
သွားရင်းလာရင်း မိုးကောင်းကင်ပေါ်ကိုမော့ကြည့်လိုက်နဲ့ အရမ်းပျော်ဖို့ကောင်းတယ်.အရုပ်တွေကလည်း လှတယ်လေ. အဝေးကနေကြည့်ပြီး ဘာအကောင်လဲဆိုင်္ပြီး မှန်းဆရတဲ့ စိတ်ခံစားချက်က ပြောလို့မယုံ ကြုံဖူးမှသိမယ်သူငယ်ချင်း. နေ့လွတ်အရုပ်တွေကိုဆို ခလေးလေးတွေကအရမ်းကြိုက်ကြတယ်.
တို့အဖွဲ့တွေလွတ်တာက ညလွတ်စိန်နားပန်လေ. ညလွတ်မှာဆို စိန်နားပန်နဲ့ မီးကျီဆိုပြီး (၂)မျိုးရှိတယ်. စိန်နားပန်ဆိုတာက
မီးပုံးပျံအလုံးကြီးဘေးမှာ မီးပုံးတွေချိတ်ပြီး အောက်ကအဆွဲတွေမှာလည်း စာတမ်းတွေနဲ့ ပုံဖော်ပြီး မြတ်စွာဘုရားကို မီးနဲ့ပူဇော်တဲ့ သဘောပေါ့နော်.
ဘုရားပုံတော်.စေတီပုံတော်.ကြေးစည်ပုံ.ကြာပန်းပုံ.အမျိုးမျိုးကို ကိုယ့်စိတ်ကူးနဲ့ကိုယ် ပုံဖော်ပြီး ပြိုင်ပွဲဝင်ကြတာလေ.
မီးကျီဆိုတာက တက်သွားရင် ရောင်စုံမီးရှူး မီးပန်းတွေ ကျလာတာလေ. တပ်မတော်နေ့မှာ မီးပန်းတွေဖောက်သလိုဘဲပေါ့နော်
လေထီးပုံစံဖြာကျနေတဲ့ မီးရှူးမီးပန်းတွေဆိုတာ မြေပြင်ကနေမော့ပြီးကြည့်ရင် အရမ်းလှတယ်.
တို့သူငယ်ချင်းတစ်စုဆိုတာ မီးပုံးပျံလွတ်မဲ့ညမှာ အလုပ်တွေရှုပ်နေကြတယ်. မီးပုံပျံလွတ်တဲ့ကွင်းကို မီးပုံးပျံတင်ဖို့ ဟိုင်းလပ်ကားတစ်စီးရယ်. တို့တွေအဖွဲ့က အယောက်(၃၀)လောက် လမ်းလျှောက်ပြီးသွားကြတယ်. မီးပုံးပျံလွတ်တဲ့ကွင်းကိုရောက်ဖို့
(၂)မိုင်လောက် လမ်းလျှောက်ပြီး သယ်သွားကြတာပေါ့နော်. လမ်းဘေးဝဲ/ယာတစ်လျှောက်မှာလည်း တို့တွေကို အားပေးတဲ့သူတွေ အပြည့်ပါဘဲ.
တောင်ကြီးမီးပုံးပျံပွဲကို ရောက်ဖူးပြီးတဲ့သူတွေလည်း ပြန်ပြီးအမှတ်ရစေဖို့ . မရောက်ဖူးသေးတဲ့ သူငယ်ချင်းတွေလည်း အဆင်ပြေတဲ့ အချိန်မှာသွားရောက် လည်ပတ်နိုင်ဖို့ရယ်. မရောက်ဖူးသေးပေမဲ့ ဒီစာလေးကို ဖတ်လိုက်ရင်သိသွားအောင်ရယ်. တို့လိုဘဲ ဇာတိမြေနဲ့ အကြောင်းအမျိုးမျိုးကြောင့် ဝေးကွာနေတဲ့. မပြန်နိုင်ကြတဲ့ အဝေးရောက်သူငယ်ချင်းတွေအတွက် အခုလို တန်ဆောင်မုန်းလမှာ အမှတ်တရဖြစ်စေဖို့ တောင်ပေါ်ညလေးရဲ့ လွှမ်းမောဖွယ်ရာ အဖြစ်လေးကို ကမ္ဘာသစ်မှာ မျှဝေခံစားနိုင်ဖို့ ရေးပို့လိုက်ပါတယ်.
မေတ္တာတရားပွားများနိုင်ကြပါစေ......
အေးအေးမိုးမိကူး.....
* Posted by ayeayemoemeeku on November 2, 2009 at 10:30am
အထက်ဖော်ပြပါ ကမ္ဘာသစ်ပိုစ့် များကို facebook ရှိ မိမိသူငယ်ချင်းများကို မျှဝေလိုပါလျှင် အောက်မှ facebook Like ကို Click နှိပ်၍ အလွယ်တကူ မျှဝေနိုင်ပါသည်။
No comments:
Post a Comment