2 3 4 5 6 7 8 9 10

Sunday, October 16, 2011

ဒါလည်းပြီးသွားမှာပါ...


...လောကဓံတရားရှစ်ပါးကို အမြဲရင်ဆိုင်ကြုံတွေ့နေကြရတဲ့သူတွေ အားလုံးအတွက် *ဒါလည်းပြီးသွားမှာပါ*
*This too, will pass* ဆိုတဲ့ဆောင်ပုဒ်လေးနဲ့ ထားရှိရမယ့်စိတ်သဘောထားကို လမ်းညွှန်ပေးထားတဲ့ ဦးဇင်း ရဝေနွယ်(အင်းမ)ရဲ့ စာသားလေးတွေကို ကြိုက်နှစ်သက်လို့ ကောက်နုတ်ပြီး ကမ္ဘာသစ်သူငယ်ချင်းများလည်း ဖတ်ရအောင် မျှဝေပေးလိုက်ပါတယ်.


...ဖုဋ္ဌဿ လောကဓမ္မေဟိ၊ စိတ္တံယဿန ကမ္ပတိ။
...လောကဓံတရားရှစ်ပါးနှင့် တွေ့ကြုံရသည့်အခါ စိတ်ကိုမတုန်မလှုပ် နေနိုင်ခြင်းသည် မြတ်သောမင်္ဂလာမည်၏။

...ဆင်းရဲချမ်းသာ သဘာဝ၊ တွေ့ကြုံနေကြ လူတိုင်းပေ။

ကောင်းဆိုးနှစ်တန် အစုံတွဲလို့၊ တလဲစီလှည့် အမြဲနေ
လောကဓံကြုံ မဖြုံတမ်းပေါ့၊ မတုန်စမ်းနဲ့ စိတ်ခိုင်စေ။

...တန်ခိုးတော်အနန္တနဲ့ ပြည့်စုံတော်မူတဲ့ မြတ်စွာဘုရားတောင် လောကဓံတရားနဲ့ ကြုံရသေးတာဆိုတော့

သာမန်လူသားတွေ လောကဓံတရားနဲ့ ကြုံရတာ ဘာမှမပြောပလောက်ပါဘူး. စာလည်းမဖွဲ့လောက်တော့ပါဘူး.

...ဟိုတစ်လောဆီက ဆရာဖေမြင့်ရဲ့ *စာသမား၏မှတ်စုများ* ဆိုတဲ့စာအုပ်လေး ဖတ်ဖြစ်ပါတယ်.တစ်ခါက

ဘုရင်တစ်ပါးဟာ စိတ်ဆင်းရဲစရာတွေကြုံနေရလို့ သူ့ရဲ့အမတ်ပညာရှိတွေကို ဆောင်ပုဒ်တစ်ခုရေးသွင်းစေပါတယ်.
အဲဒီဆောင်ပုဒ်ဟာ တိုလည်းတိုရမယ်. အောင်မြင်နေတဲ့အခါမှာရော.နိမ့်ပါးနေတဲ့အခါမှာရော သုံးစွဲနိုင်ရမယ်လို့
ဆိုပါတယ်.

...မှူးမတ်ပညာရှိတွေ အမျိုးမျိုးဆက်သပေမဲ့ ဘုရင်ကသဘောမကျပါဘူး. နောက်ဆုံးသမီးတော်ကရေးပြီး

ဆက်သလိုက်မှ သဘောကျသွားပါတယ်.သမီးတော်ဆက်သတဲ့ ဆောင်ပုဒ်က *This too, will pass*
ဒါလည်းပြီးသွားမှာပါတဲ့.

...အိန္ဒိယနိုင်ငံမှာ ပထမဆုံးအင်္ဂလိပ်ဘုရင်ခံချုပ်လုပ်သွားခဲ့တဲ့ ၀ါရင်ဟေးစတင်း(စ်)ဟာ အင်္ဂလန်ပြန်ရောက်တဲ့အခါ

သူ့ရဲ့နိုင်ငံရေးပြိုင်ဖက်တွေက ဘုရင်ခံဘ၀က အာဏာအလွှဲသုံးစားလုပ်တယ်ဆိုပြီး အမှုတင်ကြပါတယ်.
ဒီတော့ဟေးစတင်း(စ်)ဟာ သူ့မှာအပြစ်မရှိဘူးဆိုတာ သိထားပေမဲ့ တရားရုံးမှာ ခုနှစ်တိုင်တိုင် အချိန်ကုန်.ငွေကုန်.
အမှုရင်ဆိုင်ခဲ့ရပါတယ်တဲ့. အဲဒီအမှုရင်ဆိုင်နေရတဲ့ ခုနှစ်နှစ်အတွင်း *ဒါလည်းပြီးသွားမှာပါ* ဆိုတဲ့ ဆောင်ပုဒ်ကလေးနဲ့ ကိုယ့်ကိုယ်ကို အားပေးမြှင့်တင်ခဲ့ရတာပါတဲ့.

...ဒုက္ခတွေဘယ်လောက်ဘဲရောက်နေရောက်နေ. ဒါလည်းပြီးသွားမှာဖြစ်လို့ စိတ်တုန်လှုပ်မသွားဖို့နဲ့

သုခတွေ.အောင်မြင်မှုတွေနဲ့ ကြုံရတဲ့အခါမှာလည်း ဒါလည်းပြီးသွားမှာဖြစ်လို့ သိပ်ပြီးမာနတွေ.ဘ၀င်တွေ မြင့်မနေဖို့
သတိပေးထားတဲ့ ဆောင်ပုဒ်ကလေးပါ.

...တကယ်တော့ ဒီဆောင်ပုဒ်ကလေးက အဆိုးလောကဓံနဲ့ကြုံရတဲ့အခါမှာသာ နှလုံးသွင်းရမှာ မဟုတ်ပါဘူး.

အကောင်းလောကဓံတွေနဲ့ ကြုံတွေ့ရတဲ့အခါတွေမှာလည်း အောက်ခြေလွတ်မသွားဖို့ သတိပေးနေတဲ့
ဆောင်ပုဒ်ကလေးပါ.


...ဖုဋ္ဌဿ လောကဓမ္မေဟိ၊ စိတ္တံယဿန ကမ္ပတိ မင်္ဂလာအရလည်း အဆိုးလောကဓံနဲ့ ကြုံတဲ့အခါရော.
အကောင်းလောကဓံနဲ့ကြုံတဲ့အခါရော စိတ်တုန်လှုပ်မသွားဖို့. စိတ်တုန်လှုပ်မသွားအောင်နေနိုင်တာဟာ
မင်္ဂလာဖြစ်ပါတယ်တဲ့.

...မြတ်စွာဘုရားရှင်က...


(၁) လာဘ လာဘ်ရခြင်း

(၂) အလာဘ လာဘ်မရခြင်း
(၃) ယသ အခြွေအရံရှိခြင်း
(၄) အယသ အခြွေအရံမရှိခြင်း
(၅) နိန္ဒာ ကဲ့ရဲ့ခံရခြင်း
(၆) ပသံသာ ချီးမွမ်းခံရခြင်း
(၇) သုခ ချမ်းသာခြင်း
(၈) ဒုက္ခ ဆင်းရဲခြင်း ဆိုတဲ့ လောကဓံတရားရှစ်ပါးကို လောကထဲမှာနေတဲ့ သတ္တ၀ါတိုင်း
တစ်လှည့်စီကြုံရမယ်. ကြုံရတဲ့အခါ စိတ်မတုန်လှုပ်ဖို့ ဟောကြားခဲ့တာပါ.


...ပုထုဇဉ်တွေဆိုတော့ အဆိုးလောကဓံကို ဘယ်သူမှ မကြုံချင်ကြပါဘူး.ဒီတော့ကြုံလာရင် စိတ်ညစ်မယ်.
ပုထုဇဉ်ဘဲ. ညစ်ပေါ့. တစ်နေရာမှာ သေချာထိုင်တဲ့ပြီး ဒါမှမဟုတ် ကုတင်ပေါ်မှာ သေချာလှဲတဲ့ပြီး အချိန်လေးလည်း
သီးသန့်ယူပြီး အားရပါးရ ကျေနပ်အောင် စိတ်ကိုညစ်ပစ်လိုက်ပါ. ကိုယ်စိတ်တိုင်းကျ စိတ်ညစ်ပြီးရင်တော့
ကိုယ်လုပ်စရာလေးတွေ ဆက်လုပ်ဖို့ပါဘဲ. စိတ်ညစ်စရာလည်းညစ်. တစ်နေ့တာ ကိုယ်လုပ်စရာရှိတာလည်းလုပ်ပေါ့.
အဓိက ကတော့ စိတ်ညစ်စရာရှိပေမဲ့ တစ်နေ့တာ ကိုယ်လုပ်ရမဲ့အလုပ်တွေကို ပျက်မသွားဖို့ဘဲ အရေးကြီးပါတယ်.
စိတ်ညစ်တဲ့အခါ အဲဒါအရေးအကြီးဆုံးပါဘဲ.

...ဘ၀မှာ ဘယ်လောက်ဘဲအဆိုးလောကဓံတွေနဲ့ပဲ ကြုံရကြုံရ. ဘယ်လောက်ဘဲ အကောင်းလောကဓံတွေနဲ့ဘဲ ကြုံရကြုံရ

တစ်ချိန်ချိန်ကျရင် *ဒါလည်းပြီးသွားမှာပါ* ဘဲလေတဲ့.


...လောကဓံတရားရှစ်ပါးနဲ့ကြုံတဲ့အခါတိုင်း
*ဒါလည်းပြီးသွားမှာပါ* *This too, will pass* ဆိုတဲ့ ဆောင်ပုဒ်လေးကို နှလုံးသွင်းနိုင်ကြပါစေ...
Posted by ayeayemoemeeku on December 13, 2009 at 6:34pm 

ကမ္ဘာသစ် စာစုများကို facebook တွင် မိတ်ဆွေ သူငယ်ချင်းများအား မျှဝေလိုပါလျှင် အောက်တွင် ပါရှိသော facebook like icon အား Click နှိပ်၍ အလွယ်တကူ Share လုပ်နိုင်ပါသည်။  

No comments:

Recent Posts

လစဉ်အလိုက် တင်ခဲ့သော ပိုစ့်များ

Popular Posts

မြန်မာ့မြေ

erer-outer'>