2 3 4 5 6 7 8 9 10

Sunday, October 16, 2011

ပြောင်းလဲခြင်း ( Changes In Life )


ကျွန်မတို့ မိသားစုတွေအားလုံးဟာ ဗုဒ္ဓဘာသာဝင်တွေဖြစ်ပေမဲ့ ထူးဆန်းမှုတစ်ခုကတော့ ကျွန်မဖေဖေဟာ

ခရစ်ယန်ဘာသာဝင်တစ်ယောက်ပါ၊ ခုတော့ ဗုဒ္ဓဘာသာဝင်စစ်စစ်တစ်ယောက်အနေနဲ့

နေထိုင်ရပ်တည်နေပါတယ်။ ကျွန်မတို့မောင်နှမလေးယောက်မှာတော့

ကျွန်မကသူ့ အတွက်တော့ ထူးခြားတဲ့သူတစ်ယောက်ဖြစ်နေပါတယ်။ ဖေဖေဟာခရစ်ယန်ဘာသာဝင်

အဖြစ်ရပ်တည်နေတဲ့အချိန်မှာတော့

ကျွန်မကိုခရစ်စမတ်နေ့ မှာမွေးခဲ့တဲ့အတွက်ကြောင့် အရမ်းဝမ်းသာခဲ့ပြီး အချစ်ပိုခဲ့ပါတယ်။



ဖေဖေ၀န်ထမ်းဘ၀တုန်းက ဖေဖေသွားတဲ့နေရာကို မိသားစုအားလုံး မလိုက်နိုင်ပေမဲ့ ကျွန်မကတော့

ဖေဖေနဲ့ အတူအမြဲလိုက်နေကြပါ။

ဖေဖေကအမြဲတမ်း စကားပုံတွေ ၊ ပုံပြင်တွေ၊ ဘုရားစာတွေနဲ့အတူပြောပြဆုံးမသွန်သင်လေ့ရှိပါတယ်။

ဖေဖေပြောပြတဲ့ အဖြစ်အပျက်လေးတစ်ခုကို လက်ဆင့်ကမ်းပြီး ကျွန်မပြောပြချင်ပါတယ်။


လီယိုနာဒိုဒါဗင်ချီဆိုတဲ့ ပန်းချီဆရာကြီးကိုသိကြမှာပါ။ သူရဲ့ မိုနာလီဇာဆိုတဲ့ပန်းချီကားကို

အားလုံးသိကြမှာပါ။ လီယိုနာဒိုဒါဗင်ချီဟာ မီလန်မြို့မှာနေစဉ်က ခရစ်တော်ရဲ့ နောက်ဆုံးညစာ ဆိုတဲ့

ပန်းချီကားကိုရေးဆွဲရန် မော်ဒယ်လ်ထိုင်ပေးမဲ့လူကိုရှာဖွေခဲ့တယ်။ တစ်နေ့မှာတော့ရိုးသားဖြောင့်မတ်တဲ့

မျက်နှာရှိတဲ့လူငယ်လေးကိုတွေ့ရှိခဲ့တယ်။ လီယိုနာဒိုဒါဗင်ချီဟာ အဲဒီလူငယ်လေးကိုခရစ်တော် အဖြစ်

မော်ဒယ်ထိုင်ပေးဖို့ အကူအညီတောင်းခဲ့တယ်။ လူငယ်ကလဲ ကြည်ကြည်ဖြူဖြူ မော်ဒယ်ထိုင်ပေးခဲ့ပါတယ်။

အဲဒီလိုနဲ့ ပန်းချီဆရာကြီးဟာ ခရစ်တော်ရဲ့ နောက်လိုက်တွေရဲ့ပုံကို ရေးဆွဲလို့ပြီးသွားပါတယ်။


နောက်ဆုံးမှာ ခရစ်တော်ကို ရန်လုပ်တဲ့ ရက်စက်ကြမ်းကြုတ်တဲ့ ယုဒ ပုံတစ်ခုသာ လိုတော့ပါတယ်။

ပန်းချီဆရာကြီးဟာ ယုဒ လိုရက်စက်ကြမ်းကြုတ်တဲ့သူကိုရှာဖွေရတာ ၁၀ နှစ်တောင်ကြာသွားခဲ့ပါတယ်။

နောက်ဆုံးတော့ ထောင်မှူးကိုခွင့်တောင်းကာ ထောင်ထဲဝင်ပြီး ရက်စက်ကြမ်းကြုတ်တဲ့သူကိုရှာပါတယ်။

အဲဒီထောင်ထဲမှာ ထောင်သားတစ်ယောက်ဟာ ယုဒ ကဲ့သို့ လောဘရမ္မက်တွေဖုံးလွှမ်းကာ ကြမ်းကြုတ်

ရက်စက်တဲ့ပုံကိုတွေ့ ရပါတယ်။၊ ဒီတော့ပန်းချီဆရာကြီးဟာ အဲဒီလူကို ယုဒ အဖြစ်မော်ဒယ်ထိုင်ပေးဖို့

ခွင့်တောင်းပါတယ်။


ထောင်သားလဲ ကြည်ကြည်ဖြူဖြူ ခွင့်ပြုပြီး မော်ဒယ်ထိုင်ပေးပါတယ်။ ပန်းချီဆရာကြီးဟာ အဲဒီပုံကိုရေးဆွဲ

နေစဉ်မှာ ထောင်သားဟာ မျက်ရည်တွေကျနေခဲ့ပါတယ်။

ပန်းချီဆရာကြီး ခင်ဗျားဘာကြောင့်ဝမ်းနည်းနေတာလဲ လို့မေးတော့ ကျွန်တော်ဟာ

လွန်ခဲ့တဲ့၁၀နှစ်က

ခင်ဗျားကိုမော်ဒယ်ထိုင်ပေးခဲ့တဲ့သူပါ........ခင်ဗျားက ကျွန်တော်ကိုရိုးသားသူဆိုပြီး

ခရစ်တော်အဖြစ် မော်ဒယ်ရေးဆွဲခဲ့တာကို သတိရမိလို့ပါ
.........လို့ပြန်ဖြေပါတယ်။

သူရဲ့ ဘ၀မှာ၁၀နှစ်တာကာလအတွင်း အဲဒီလောက်ပြောင်းလဲသွားရှာပါတယ်။


ငယ်စဉ်မှစ ယခုအချိန်အထိ အချိန်တွေဟာပြောင်းလဲ လာခြင်းနှင့်အတူ ရိုးသားဖြူစင်ခဲ့တဲ့မျက်နှာတွေမှာလဲ

တွေ့ ကြုံရင်ဆိုင်ရတဲ့ အတွေ့အကြုံအခက်အခဲတွေ ရင်နာစရာတွေဟာ ဖြူစင်မှုတွေကို အရောင်ပြောင်းလဲ

လာစေခဲ့တယ်။ ဒါပေမဲ့ဘ၀မှာ ရိုးသားပွင့်လင်းစွာနှင့် အေးချမ်းတည်ငြိမ်စွာ ရပ်တည်နေနိုင်အောင်တော့

မိမိတတ်နိုင်သလောက် ကြိုးစားပြီးနေထိုင်ပါတယ်။

ကျွန်မဖေဖေပြောပြခဲ့တဲ့ အဖြစ်အပျက်လေးကို သူငယ်ချင်းတို့အတွက်မျှဝေပေးလိုက်ပါတယ်။

ကျွန်မဖေဖေပြောပြတာမိုလို့မဟုတ်ဘူးနော်................အရမ်းကောင်းပါတယ်။


Life is divided into three parts :that ..........which was, which is and which will be .

Let us learn from the Past to profit by the Present and From the Present to live

better in the Future.

Posted by khin soe htut on December 25, 2009 at 8:30am 

ကမ္ဘာသစ် စာစုများကို facebook တွင် မိတ်ဆွေ သူငယ်ချင်းများအား မျှဝေလိုပါလျှင် အောက်တွင် ပါရှိသော facebook like icon အား Click နှိပ်၍ အလွယ်တကူ Share လုပ်နိုင်ပါသည်။  
 

No comments:

Recent Posts

လစဉ်အလိုက် တင်ခဲ့သော ပိုစ့်များ

Popular Posts

မြန်မာ့မြေ

erer-outer'>