2 3 4 5 6 7 8 9 10

Sunday, October 16, 2011

ကျန်းမာရေး ကိုဂရုစိုက်ပါ ( ၂ )

နေ့ စဉ် မိနစ် ၂၀ ခန့် ပျော်ရွှင်ဖွယ်ရာ ရုပ်/သံ အစီအစဉ်များ ကြည့်လျှင် စိတ်ဖိစီးမှုးများ လျော့ကျနိုင်
စိတ်ဖိစီးသူများအနေဖြင့် တစ်နေ့ လျှင် မိနစ် ၂၀ ခန့် စိတ်ပေါ့ပါးရယ်မောစရာ ရုပ်မြင်သံကြား အစီအစဉ်များကို ကြည့်ရှုပေးခြင်းသည် စိတ်ဖိစီးမှုလျော့ကျစေကြောင်း တရုတ်သုတေသန ပညာရှင်များက ထုတ်ဖော်ပြောကြားသည်။
အလုပ်ပင်ပန်းပြီး စိတ်ဖိစီးမှုများသူ ၃၀၀၀၀ ခန့် ကို နေ့ စဉ် မိနစ် ၂၀ မျှ စိတ်ပျော်ရွှင်စရာ ရုပ်မြင်သံကြား အစီအစဉ်များကို ကြည့်ခိုင်းထားပြီး သုတေသနပြုခဲ့ရာ ထိုသူတို့ တွင် စိတ်ဖိစီးမှုအလွန်နည်းစွာ ဖြစ်ပေါ်သည်ကိုတွေ့ ရှိခဲ့ရကြောင်း တရုတ်သုတေသန ပညာရှင်များက ဆက်လက်ပြောကြားသည် ။
ထို့ အတူ ပြဿနာအခက်အခဲများနှင့် ရင်ဆိုင်ကြုံတွေ့ ရပြီး စိတ်လက်မကြည်မလင်ဖြစ်နေသူများအနေဖြင့် ရုပ်မြင်သံကြားအစီအစဉ်ကို မိနစ် အနည်းငယ်မျှ ကြည့်ရှုပေးခြင်းဖြင့် စိတ်ကြည်လင်မှုဖြစ်စေကြောင်း၊ သို့ သော် ရယ်မောဖွယ်ရာနှင့် စိတ်ရွှင်လန်းဖွယ်ရာ ရုပ်သံ အစီအစဉ်များသာ ဖြစ်သင့်ကြောင်း အကြံပြုထားသည်။
သို့ ရာတွင် ထိုသို့  ရုပ်မြင်သံကြား အစီအစဉ်များကို ကြည့်ရှုချိန်သည် အစားအစာများစားပြီးစ အချိန်နှင့် အလုပ်လုပ်နေချိန်များ မဖြင့်သင့်ကြောင်းလည်း ပညာရှင်များက သုတေသနပြုချက်တွင် ဖော်ပြထားပါကြောင်း ကမ္ဘာသစ်မှ သူငယ်ချင်းများအတွက် မျှဝေပေးလိုက်ပါတယ် ။


ဆံပင်ပုံသွင်းဆေးဖျန်းဘူးများ အသုံးပြုမှုများလျှင် ကိုယ်အင်္ဂါချို့ယွင်းသသည့်ကလေးများ မွေးဖွားနိုင်ဟုဆို

ဆံပင်မကြာခဏ ပုံသွင်းဆေးဆိုးတဲ့အလေ့အကျင့်ရှိကြတဲ့ ကမ္ဘာသစ်က သူငယ်ချင်းတွေဖတ်သင့်ပါတယ် ။
ဆံပင်ပုံသွင်း ဆေးဖျန်းဘူးများကို အသုံးပြုပြီး ဆံပင်အလှပြင်သည့် ကိုယ်ဝန်ဆောင် အမျိုးသမီးများသည် ကလေးများမွေးဖွားရာတွင် အခက်အခဲများဖြစ်စေတတ်ကြောင်း ဗြိတိသျှ သုတေသနပညာရှင်များက သတိပေးလိုက်သည်။

ဆံပင်ပုံသွင်းဆေးရည်များတွင် ဓာတုပစ္စည်းများနှင့် ပလတ်စတစ်မှ ထုတ်ယူသည့် အက်စစ်တစ်မျိုးကို စစ်ဆေးတွေ့ရှိရကြောင်း၊ ထိုပစ္စည်းများသည် သန္ဓေသား၏ ကျန်းမာရေးကို ဆိုးရွားစွာထိခိုက်စေကြောင်း ၄င်းတို့က ပြောကြားသည်။

သားသမီး မီးဖွားရာတွင် အခက်အခဲရှိသူ မိခင်များကို လေံလာသုတေသန ပြုခဲ့ရာ ၃၅ရာခိုင်နှုန်း သည် ဆံပင်ပုံသွင်းဆေးဖျန်းဘူးများကို သုံးစွဲသူများဖြစ်နေကြောင်း တွေ့ရှိရသည်ဟု ဆိုသည်။

ဆံပင်ပုံသွင်းဆေးဖျန်းဘူးများကို အမြဲအသုံးပြုသည့် အမျိုးသမီးများမှ မွေးဖွားလာသည့် ကလေးငယ်များသည် ကိုယ်ခန္ဓာ ချို့ယွင်းမှုရှိကြောင်း ကျန်းမာရေးချို့တဲ့မှုနှင့် ခက်ခဲစွာမွေးဖွားရျမှုများဖြင့် ကြုံရတတ်ကြောင်း ပညာရှင်များက ပြောကြားသည်။



ဂေါ်ဖီနှင့် ပန်းဂေါ်ဖီ ပုံမှန်စားသုံးခြင်းဖြင့် ရင်သားကင်ဆာဖြစ်ပွားမှု အခွင့်အလမ်းနည်းပါး

အသီးအရွက်ကိုနှစ်သက်စွာစားသုံးကြတဲ့ ကမ္ဘာသစ်က သူငယ်ချင်းတွေအတွက် ပန်း ဂေါ်ဖီနဲ့ ပတ်သတ်တဲ့ ဆေးပညာသုတတစ်ခုဖော်ပြပေးလိုက်ပါတယ်
အမျိုးသမီးများအနေဖြင့် ပန်းဂေါ်ဖီကို ပုံမှန်စားသုံးပေးပါက ရင်သားကင်ဆာဖြစ်ပွားနိုင်မှု အခွင့်အလမ်း နည်းပါးကြောင်း ကနေဒါ သုတေသန ပညာရှုင်များ၏ တွေ့ ရှိချက်တစ်ရပ်တွင်ဖော်ပြထားသည်။ ပန်းဂေါ်ဖီတွင်ပါဝင်သော ဓာတ်များက ရင်သားကင်ဆာဆဲလ်များကို တိုက်ဖျက်နိုင်စွမ်းရှိကြောင်း၊ ထို့ အပြင် အမျိုးသမီးများ၏ ရင်သားတွင် အဖုအကျိတ်များကိုလည်း ချေဖျက်ပေးနိုင်စွမ်းရှိကြောင်း ပါမောက္ခ ၀ီလ်ဆင်က ပြောကြားသည်။
ဂေါ်ဖီနှင့် ပန်းဂေါ်ဖီများကို သီတင်းတစ်ပတ်လျှင် လေးကြိမ်ခန့် ပုံမှန်စားသုံးပေးလျှင် အမျိုးသမီးများတွင် ရင်သားကင်ဆာဖြစ်စေသော ကာစီနိုဂျင်နစ်ဆဲလ်များမဖြစ်ပေါ်နိုင်အောင် ဟန့် တားပေးနိုင်ကြောင်း သိရပါသည်။
----------------------------------
* Posted by Nanda on October 17, 2009 at 3:00pm
သူငယ်ချင်းများ အားလုံး ကျန်းမာပျော်ရွှင်ပါစေ
ခင်မင်လျက်
နန္ဒ


အထက်ဖော်ပြပါ ကျန်းမာရေး ပညာပေး အကြောင်းအရာ ကမ္ဘာသစ်ပိုစ့် များကို facebook ရှိ မိမိသူငယ်ချင်းများကို မျှဝေလိုပါလျှင် အောက်မှ facebook  Like ကို Click နှိပ်၍ အလွယ်တကူ မျှဝေနိုင်ပါသည်။ 

 

No comments:

Recent Posts

လစဉ်အလိုက် တင်ခဲ့သော ပိုစ့်များ

Popular Posts

မြန်မာ့မြေ

erer-outer'>